မြန်မာနိုင်ငံအတွင်း လေယာဉ် မောင်းသင်တန်းတက်လိုသူတွေကို လျှောက်လွှာခေါ်ယူတဲ့ကြော်ငြာ ဒီရက် ပိုင်း သတင်းစာများမှာ တွေ့ရမှာပါ။
.
ကြော်ငြာထည့်တဲ့ ရန်ကုန်က Myanmar Aviation Academy ရဲ့ သင်တန်းကျောင်းကို
ဒီနေ့ နေ့ခင်းပိုင်းမှာ ဆက်သွယ် မေးမြန်းကြည့်တော့ သင်တန်းကြေးက ဒေါ်လာ
ခြောက်သောင်းခွဲ လို့ ဖြေပါတယ်။
အရစ်ကျ ပေးလို့ရတယ်၊ မြန်မာငွေနဲ့လည်း ပေးလို့ရတယ်လို့ ပြောပါတယ်။
ကားမောင်းသင်တန်းမှာ ကားအဟောင်းတွေနဲ့ သင်ရတဲ့အတွက် သင်တန်းခ ဈေးသက်သာပါလိမ့်မယ်။
လေယာဉ်ပျံမောင်း သင်တန်းမှာတော့ လေယာဉ်အသစ်တွေပဲ သုံးဖွယ် ရှိပါတယ်။
ဒါကြောင့် ဒေါ်လာ ခြောက်သောင်းခွဲ ယူတာ ဖြစ်ပါလိမ့်မယ်။
သင်တန်းကာလက ၁နှစ်ခွဲကျော်ကျော်ကနေ ၂ နှစ် နီးပါးအထိ သတ်မှတ် ထားကြောင်း ကြော်ငြာမှာ တွေ့ရ ပါတယ်။
လေယာဉ်မှူးတွေက လစာ ကောင်းတဲ့အတွက် ဒီလောက် သင်တန်းကြေးပမာဏကိုတော့ ရင်းနှီးမြှုပ်နှံ လိုသူတွေ အနည်းနဲ့အများ ရှိမှာပါ။
.
ဓာတ်ပုံ - Myanmar Aviation Academy .
ဗီယက်နမ်မှာတော့ ဒေသခံ လေယာဉ်မှူးက လခ ဒေါ်လာ နှစ်ထောင် ရတယ်၊ နိုင်ငံခြား သားလေယာဉ်မှူး ဆိုရင် အဲဒီလခထက် ခြောက်ဆ ရတယ်လို့ Vietweek စာစောင်မှာ ရေးထားပါတယ်။
လေကြောင်းနဲ့ ခရီးသွားလာမှု တိုးပွားလာတဲ့အတွက် နိုင်ငံတကာမှာ လေယာဉ်မှူး အများအပြား လိုအပ်နေ တယ် လို့ အဲဒီစာစောင်မှာ ရေးထားပါတယ်။
လာမယ့် နှစ် ၂၀ အတွင်း အာရှပစိဖိတ် ဒေသမှာ လေယာဉ်မှူး ငါးသောင်းကျော်၊
လေယာဉ် စက်ပြင် ကျွမ်းကျင်သူ ခြောက်သောင်းကျော် လိုအပ်လာမှာဖြစ်ကြောင်း
အဲဒီစာစောင်မှာ ဆက်ရေးထား ပါတယ်။
ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမယ့်သူများထဲ မြန်မာလေယာဉ်မောင်းတွေ၊ စက်ပြင်ကျွမ်းကျင်သူတွေ ပါပါ လိမ့်မယ်။
.
ဓာတ်ပုံ - Myanmar Aviation Academy
>> ဧရာဝတီ
မြန်မာနိုင်ငံအတွင်း လေယာဉ် မောင်းသင်တန်းတက်လိုသူတွေကို လျှောက်လွှာခေါ်ယူတဲ့ကြော်ငြာ ဒီရက် ပိုင်း သတင်းစာများမှာ တွေ့ရမှာပါ။
.
ကြော်ငြာထည့်တဲ့ ရန်ကုန်က Myanmar Aviation Academy ရဲ့ သင်တန်းကျောင်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ ဆက်သွယ် မေးမြန်းကြည့်တော့ သင်တန်းကြေးက ဒေါ်လာ ခြောက်သောင်းခွဲ လို့ ဖြေပါတယ်။
အရစ်ကျ ပေးလို့ရတယ်၊ မြန်မာငွေနဲ့လည်း ပေးလို့ရတယ်လို့ ပြောပါတယ်။
ကားမောင်းသင်တန်းမှာ ကားအဟောင်းတွေနဲ့ သင်ရတဲ့အတွက် သင်တန်းခ ဈေးသက်သာပါလိမ့်မယ်။
လေယာဉ်ပျံမောင်း သင်တန်းမှာတော့ လေယာဉ်အသစ်တွေပဲ သုံးဖွယ် ရှိပါတယ်။
ဒါကြောင့် ဒေါ်လာ ခြောက်သောင်းခွဲ ယူတာ ဖြစ်ပါလိမ့်မယ်။
သင်တန်းကာလက ၁နှစ်ခွဲကျော်ကျော်ကနေ ၂ နှစ် နီးပါးအထိ သတ်မှတ် ထားကြောင်း ကြော်ငြာမှာ တွေ့ရ ပါတယ်။
လေယာဉ်မှူးတွေက လစာ ကောင်းတဲ့အတွက် ဒီလောက် သင်တန်းကြေးပမာဏကိုတော့ ရင်းနှီးမြှုပ်နှံ လိုသူတွေ အနည်းနဲ့အများ ရှိမှာပါ။
.
ဓာတ်ပုံ - Myanmar Aviation Academy .
ဗီယက်နမ်မှာတော့ ဒေသခံ လေယာဉ်မှူးက လခ ဒေါ်လာ နှစ်ထောင် ရတယ်၊ နိုင်ငံခြား သားလေယာဉ်မှူး ဆိုရင်
လေကြောင်းနဲ့ ခရီးသွားလာမှု တိုးပွားလာတဲ့အတွက် နိုင်ငံတကာမှာ လေယာဉ်မှူး အများအပြား လိုအပ်နေ တယ် လို့ အဲဒီစာစောင်မှာ ရေးထားပါတယ်။
လာမယ့် နှစ် ၂၀ အတွင်း အာရှပစိဖိတ် ဒေသမှာ လေယာဉ်မှူး ငါးသောင်းကျော်၊ လေယာဉ် စက်ပြင် ကျွမ်းကျင်သူ ခြောက်သောင်းကျော် လိုအပ်လာမှာဖြစ်ကြောင်း အဲဒီစာစောင်မှာ ဆက်ရေးထား ပါတယ်။
ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမယ့်သူများထဲ မြန်မာလေယာဉ်မောင်းတွေ၊ စက်ပြင်ကျွမ်းကျင်သူတွေ ပါပါ လိမ့်မယ်။
.
ဓာတ်ပုံ - Myanmar Aviation Academy
>> ဧရာဝတီ
No comments:
Post a Comment