Wednesday, March 13, 2013

သုံးလအတွင်း မာစတာကတ် သုံးစွဲသူ ၉၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၁၇ သိန်းခန့် သုံးစွဲ

သုံးလအတွင်း မာစတာကတ် သုံးစွဲသူ ၉၀၀၀ ကျော်ရှိပြီး 
ကန်ဒေါ်လာ ၁၇ သိန်းခန့် သုံးစွဲ
Wednesday, March 13, 2013

သမဝါယမဘဏ် (CB) ၏ ATM စက်တွင် မာစတာကတ်ဖြင့် သုံးသအတွင်း ငွေထုတ်ယူသူဦးရေ ၉၀၀၀ ကျော်ရှိပြီး  ကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့် လာရောက်သုံးစွဲကြောင်း စီတီဘဏ် ဦးဆောင်ညွန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာ ၁၅ ရက်မှစတင်ပြီး မာစတာကတ်ကို ဘဏ်များ၏ ATM စက်တွင် စတင်သုံးစွဲရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဦးဖေမြင့်က "ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ သုံးလအတွင်း 
မာစတာကတ်နဲ့ စီဘီဘဏ် ATM စက်မှာ ငွေထုတ်ယူသူ ၉၀၀၀ ကျော် ရှိတယ်။ အမေရိကန် ဒေါ်လာ ၁၇ သိန်းလောက်ရှိတယ်။ ဒီမှာလာ သုံးကြတယ်ပေါ့။ မြန်မာကျပ်ငွေနဲ့ သိန်းပေါင်း ၁၄၀၀၀ လောက်ရှိတယ်" 
ဟု ယင်းက ပြောသည်။

နိုင်ငံတကာ ငွေပေးချေကတ်စနစ် သုံးဗီဇာနှင့် မာစတာကတ်သည် အမေရိကန် ငွေလွှဲလုပ်ငန်းဖြစ်၍ ဆန်ရှင်မရှိသည့် ကမ္ဘောဇဘဏ် စီဘီဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့၏ ATM စက်နှင့် POS စနစ်များတွင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။ 

ဦးဖေမြင့်က "ဒါက သုံးလမှာ တွေ့ရတာဖြစ်တယ်။ နှစ်ကြာလေလေ
ပိုပြီး များလာမှာဖြစ်တယ်။ အခုနောက်ပိုင်း ဆိုင်တွေ၊ ဟိုတယ်တွေမှာ မာစတာကတ်ကိုသုံးလို့ ရလာပြီဖြစ်တယ်" ဟု ယင်းက ဆက်လက်ပြောသည်။ 

ကတ်စနစ်သည် ငွေကိုင်စရာမလိုခြင်း၊ ငွေကိုအတု၊ အစစ်ခွဲစရာ
မလိုခြင်း၊ပြန်အမ်းစရာမလိုခြင်းစသည့် အားသာချက်များရှိကြောင်း ဘဏ်အသိုင်းအဝိုင်းမှ ပြောကြားသည်။ 

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Flower News Journal
သမဝါယမဘဏ် (CB) ၏ ATM စက်တွင် မာစတာကတ်ဖြင့် သုံးသအတွင်း ငွေထုတ်ယူသူဦးရေ ၉၀၀၀ ကျော်ရှိပြီး ကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့် လာရောက်သုံးစွဲကြောင်း စီတီဘဏ် ဦးဆောင် ညွန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာ ၁၅ ရက်မှစတင်ပြီး မာစတာကတ်ကို ဘဏ်များ၏ ATM စက်တွင် စတင်သုံးစွဲရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးဖေမြင့်က "ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ သုံးလအတွင်း မာစတာကတ်နဲ့ စီဘီဘဏ် ATM စက်မှာ ငွေ ထုတ်ယူသူ ၉၀၀၀ ကျော် ရှိတယ်။ အမေရိကန် ဒေါ်လာ ၁၇ သိန်းလောက်ရှိတယ်။ ဒီမှာလာ သုံးကြ တယ်ပေါ့။ မြန်မာကျပ်ငွေနဲ့ သိန်းပေါင်း ၁၄၀၀၀ လောက်ရှိတယ်" ဟု ယင်းက ပြောသည်။

နိုင်ငံတကာ ငွေပေးချေကတ်စနစ် သုံးဗီဇာနှင့် မာစတာကတ်သည် အမေရိကန် ငွေလွှဲလုပ်ငန်းဖြစ်၍ ဆန်ရှင်မရှိသည့် ကမ္ဘောဇဘဏ် စီဘီဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့၏ ATM စက်နှင့် POS စနစ်များတွင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။

ဦးဖေမြင့်က "ဒါက သုံးလမှာ တွေ့ရတာဖြစ်တယ်။ နှစ်ကြာလေလေပိုပြီး များလာမှာဖြစ်တယ်။ အခုနောက် ပိုင်း ဆိုင်တွေ၊ ဟိုတယ်တွေမှာ မာစတာကတ်ကိုသုံးလို့ ရလာပြီဖြစ်တယ်" ဟု ယင်းက ဆက်လက်ပြော သည်။

ကတ်စနစ်သည် ငွေကိုင်စရာမလိုခြင်း၊ ငွေကိုအတု၊ အစစ်ခွဲစရာမလိုခြင်း၊ပြန်အမ်းစရာမလိုခြင်းစသည့် အား သာချက်များရှိကြောင်း ဘဏ်အသိုင်းအဝိုင်းမှ ပြောကြားသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Flower News Journal

No comments:

Post a Comment