Wednesday, March 13, 2013

ဟန်းဆက်တစ်လုံးဝယ်လျှင် နိုင်ငံခြားခေါ်ဆိုရ ဆင်းကဒ် အခမဲ့ထည့်ပေးမည်

ဟန်းဆက်တစ်လုံးဝယ်လျှင် နိုင်ငံခြားခေါ်ဆိုရ ဆင်းကဒ် အခမဲ့ထည့်ပေးမည် 
Wednesday, March 13, 2013 

မိုဘိုင်းတယ်လီဖုန်းကိစ္စနှင့်ပတ်သက်ပြီး ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းပြထားသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူများ သို့လောသို့လော ဖြစ်နေပါတယ်။ 

သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမယ်လို့ ပြောကြောင်း ကိုးကားရေးသားနေတာကို တွေ့ရပါတယ်။ ၀န်ကြီး ဦးစိုးသိမ်း အနေနဲ့ အဲဒီလို လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မှာ ပိုမို "သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ သာပြောကြားခဲ့ခြင်း ဖြစ် ကြောင်း အသိပေးအပ် ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဖုန်းဈေးကို ဘယ်အတိုင်းတာနဲ့ ရောင်းချသည် ဖြစ်စေ အုံးတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ် ရွှေလီနဲ့ ကြယ်ဂေါင်မှာတော့ ဖုန်းဈေးနှုန်းတွေကတော့ တရုတ်ဟန်းဆက် တစ်လုံးဝယ်တယ်ဆိုတာနဲ့
ပြည်တွင်းသာမက နိုင်ငံခြားပါခေါ်ဆိုရသော ဆင်းကဒ်တစ်ကဒ်၊
နောက်ထပ် 4G (SD) ဟန်းဆက်တစ်လုံး၊ ဖုန်းစတေကာတစ်လုံး အပိုလက်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ 

တရုတ်ဟန်းဆက်တစ်လုံးလျှင် ယွမ်(၉၀) မြန်မာငွေကျပ် တစ်သောင်း
ကျော်ရှိသည်။ ဟန်းဆက်တန်ဖိုး (၃၆၉)ယွမ် ငွေ၂သောင်းကျပ် တန်ဖိုးရှိသည့် ဟန်းဆက်ဝယ်ယူသူတိုင်းကို ဆင်းကဒ်များ အပြင်
ခေါ်ဆိုခ ယွမ်၅၀ ဖိုး အခမဲ့ လက်ဆောင်ပေးပါသေးတယ်။ 

တခြားသော နိုင်ငံများတွင်မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် နီးစပ်လျှက်ရှိသော ကြယ်ဂေါင် ရွှေလီများတွင်ပါ ဆက်သွယ်ရေးလုပ်ငန်းများကို ပြည်သူများ အဆင်ပြေနှင့် တန်ဖိုးနည်း အသုံးချနိုင်ဖို့ ဆောင်ရွက်လျှက်ရှိနေသော်လည်း
မြန်မာပြည်အနေဖြင့် ဆက်သွယ်ရေးပိုင်းတွင် အငြင်းပွားဖွယ်ရာများ ရှိနေသေးတယ်လို့ သိရပါတယ်။

 ဓာတ်ပုံ - တရုတ်နိုင်ငံ ကြယ်ဂေါင်တွင် ဖုန်းနှင့် အပိုပစ္စည်းများ ရောင်းချ လျှက်ရှိသောဆိုင်။ (မန်းသားလေး / ဧရာဝတီ)

ဧရာဝတီ
မိုဘိုင်းတယ်လီဖုန်းကိစ္စနှင့်ပတ်သက်ပြီး ပတ်သက်ပြီး သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းပြထားသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူများ သို့လောသို့လော ဖြစ်နေပါတယ်။

သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမယ်လို့ ပြောကြောင်း ကိုးကားရေးသားနေတာကို တွေ့ရပါတယ်။ ၀န်ကြီး ဦးစိုးသိမ်း အနေနဲ့ အဲဒီလို လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မှာ ပိုမို "သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ သာပြောကြားခဲ့ခြင်း ဖြစ် ကြောင်း အသိပေးအပ် ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဖုန်းဈေးကို ဘယ်အတိုင်းတာနဲ့ ရောင်းချသည် ဖြစ်စေ အုံးတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ် ရွှေလီနဲ့ ကြယ်ဂေါင်မှာတော့ ဖုန်းဈေးနှုန်းတွေကတော့ တရုတ်ဟန်းဆက် တစ်လုံး ၀ယ်တယ် ဆိုတာနဲ့ပြည်တွင်းသာမက နိုင်ငံခြားပါခေါ်ဆိုရသော ဆင်းကဒ်တစ်ကဒ်၊နောက်ထပ် 4G (SD) ဟန်းဆက် တစ်လုံး၊ ဖုန်းစတေကာတစ်လုံး အပိုလက်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

တရုတ်ဟန်းဆက်တစ်လုံးလျှင် ယွမ်(၉၀) မြန်မာငွေကျပ် တစ်သောင်းကျော်ရှိသည်။ ဟန်းဆက်တန်ဖိုး (၃၆၉)ယွမ် ငွေ၂သောင်းကျပ် တန်ဖိုးရှိသည့် ဟန်းဆက်ဝယ်ယူသူတိုင်းကို ဆင်းကဒ်များ အပြင်ခေါ်ဆိုခ ယွမ်၅၀ ဖိုး အခမဲ့ လက်ဆောင်ပေးပါသေးတယ်။

တခြားသော နိုင်ငံများတွင်မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် နီးစပ်လျှက်ရှိသော ကြယ်ဂေါင် ရွှေလီများတွင်ပါ ဆက်သွယ်ရေးလုပ်ငန်းများကို ပြည်သူများ အဆင်ပြေနှင့်တန်ဖိုးနည်း အသုံးချနိုင်ဖို့ ဆောင်ရွက်လျှက် ရှိနေသော်လည်းမြန်မာပြည်အနေဖြင့် ဆက်သွယ်ရေးပိုင်းတွင် အငြင်းပွားဖွယ်ရာများ ရှိနေသေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - တရုတ်နိုင်ငံ ကြယ်ဂေါင်တွင် ဖုန်းနှင့် အပိုပစ္စည်းများ ရောင်းချ လျှက်ရှိသောဆိုင်။ (မန်းသားလေး / ဧရာဝတီ)

ဧရာဝတီ

No comments:

Post a Comment