Sunday, September 23, 2012

ခရစ်ယာန်မိန်းကလေးအား လိမ်လည်၍ အမှုဆင်သောမွတ်စလင်ဗလီဆရာအား ဖမ်းဆီး တရားစွဲဆို


ပါကစ္စတန်နိုင်ငံတွင်လောလောလတလတ်ဖြစ်ပွားခဲ့သောကိစ္စတခုဖြစ်သည့် အသက် (၁၁)နှစ်အရွယ် ခရစ်ယာန်ဘာသာဝင်မိန်းကလေးငယ်တဦးမှ ကိုရန်ကျမ်းစာရွက်များအားမီးမွှေးရာတွင်သုံးသည်ဆိုကာ တရားစွဲဆို ထားသော အမှုနှင့်ပတ်သက်၍ အဆိုပါခရစ်ယာန်မိန်းကလေးအား လိမ်လည်လုပ်ကြံပြီးအမှုဆင်ခဲ့သည်ဟုသတင်းထွက်လာသော မွတ်စလင်ဗလီဆရာအား ဘာသာရေးအကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုရန်အမှုခိုင်လုံခြင်းရှိမရှိအား ပါကစ္စတန်ရဲမှ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ရဲမှ ဗလီဆရာဟာဖစ်ခါလစ်ခစ္စတီးအား ဘာသာရေးအကြည် ညိုပျက်စေမှု (Blasphemy Law) နှင့် တရားစွဲဆိုရန်မှတ်ပုံတင်ခဲ့သည်ဟု ပါကစ္စတန်ရဲအရာရှိတဦးဖြစ်သူ မူနီယာဂျက်ဖရီမှဆိုသည်။
ကိုရန်ကျမ်းစာအုပ်အားမီးရှို့သည်ဟုအစွပ်စွဲခံရသည့်ခရစ်ယာန်မိန်းကလေး၏အိတ်ထဲသို့မွတ်စလင်ဗလီဆရာခါလစ်မှ ကိုရန်ကျမ်းစာတအုပ်အားထည့်၍ မိန်းကလေးမှမီးရှို့သည်ဟုထင်ရစေရန် လိမ်လည်အမှုဆင်ခဲ့ခြင်းအား ဗလီဆရာခါလစ်ဦးစီးဦးဆောင်ပြုသောဗလီ၌၀တ်ပြုသူတဦးမှ ဖွင့်ချလာခဲ့အပြီး၌ ခါလစ်အား ယခုလဆန်းပိုင်းတွင် ပါကစ္စတန်ရဲမှဖမ်းဆီးခဲ့သည်။ ခါလစ်မှလည်းဘူးခံငြင်းခဲ့သည်။
မတရားအမှုဆင်ခံရသောခရစ်ယာန်မိန်းကလေး
အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား ဘာသာမတူသဖြင့်ဘ၀ပျက်စေရန် မတရား သဖြင့်လိမ်လည်အမှုဆင်ခဲ့သူ ဗလီဆရာခါလစ်အနေနှင့် ကိုရမ်ကျမ်းစာအုပ်အား ဖျက်ဆီးမှုသာပြစ်မှုထင်ရှား ခဲ့ပါက ကိုယ်ရှူးကိုယ်ပတ်၍ထောင်တသက်ကျမည်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် ကိုရန်ကျမ်းစာအုပ်ကို ဖျက်ဆီးလျှင် ဘာသာရေးအကြည်ညိုပျက်စေမှုဥပဒေအရ ထောင်တသက်ကျခံရမည်ဖြစ်သည်။
စွပ်စွဲခံရသူမိန်းကလေးအားခံဝန်နှင့်ပြန်လွှတ်ပေးရန်အတွက် ကြားနာမှုနှင့်ပတ်သက်၍ တရားရုံးမှရုံးချိန်း ရွှေ့ဆိုင်း ခဲ့ပြီးနောက် မိန်းကလေး၏ရှေ့နေဖြစ်သူ တာဟီယာနာဗိဒ်ချော်ဒရီမှ ဒုတိယအကြိမ်မြောက်ထပ်မံကြိုးပ မ်းခဲ့ပြီးနောက် မိန်းကလေးပြန်လွတ်လာမည်ဟုယူဆရသည်။
From- Freedom News Group

No comments:

Post a Comment