Sunday, September 23, 2012

ထိုင်းနိုင်ငံ မဟာချိုင်မြို့ တွင် သမိုင်းပါေ မာက္ခ ဒေါက်တာ အေးချမ်း၏ ရခိုင်သမိုင်းဆိုင်ရာ ဟောပြောပွဲနှင့် ရခိုင်မျိုးချစ် အဆိုတော် ၀င်းကိုခိုင်အား ဂုဏ်ပြုပွဲကျင်းပ

အခမ်းအနားကို နေ့လည် (၁၂) နာရီတိတိတွင် ဖွင့်လှစ်ပြီး မဟာချိုင်မြို့၊ ဝပ်ထစ်ကျောင်းထိုင် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့(မဟာချိုင်)မှ စည်တော်နှင့် ဗုဒ္ဓပူဇနိယအက တို့ဖြင့် အခမ်းအနားကို ဖွင့်လှိုက်ခဲ့သည်ဟု သိရှိရပါသည်။
သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်း၏ ရခိုင်သမိုင်းဆိုင်ရာ ဟောပြောပွဲနှင့် ရခိုင်မျိုးချစ်အဆိုတော် ၀င်းကိုခိုင်အား ဂုဏ်ပြုပွဲအခမ်းအနား ကို ဖေဖော်ဝါရီလ (၁၉) ရက် တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ဝပ်ထစ်ကျောင်းတိုက် ခန်းမတွင် အခမ်းအနားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်း၏ ရခိုင်သမိုင်းဆိုင်ရာရှင်းလင်းမှုများနှင့် ပတ်သက်လို့ အခမ်း အနား ဖြစ်မြောက်ရေး ကော်မတီတစ်ဦးဖြစ်သူ ရခိုင်အမျိုးသား သတင်းစာ အယ်ဒီတာ ဦးဌေးဝင်းမှ ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သတ်၍ “အခု ရခိုင်ပြည်သူများအနေဖြင့် မိမိတို့၏ သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာများကို လေးစားမြတ်နိုးမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုတွေဟာ အယင်တုန်းကထက် တဖြည်းဖြည်း အားနည်းလာတာကို တွေ့ရပါတယ်။ သမိုင်းသည် လူမျိုးတစ်မျိုး၏ အသက်သွေးကြောဖြစ်ပါတယ်။ လူမျိုတစ်မျိုး ရည်ရှည်တည်တံ့ခိုင်မြဲရေးဆိုတာ အဓိကသမိုင်းသာဖြစ်ပါတယ်။ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့၏ ရည်ရှည်တည်တံ့ရေးသည် ရခိုင့်သမိုင်းသာ အဓိကကျနေသည့်တွက် ရခိုင့်သမိုင်းကို ရခိုင်သူ/သား တိုင်း လေးစားလိုက်နာဖို့၊ ထိမ်းသိမ်းစောင့်ရှေက်ဖို့၊ သင်ယူဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ရခိုင်သူ/သားများအနေဖြင့် ရခိုင့်သမိုင်းကို ပိုမိုသိရှိလာစေရန် အတွက် ရည်ရွယ်၍ အခုလို ရခိုင်သမိုင်းဆိုင်ရာ ဟောပြောပွဲ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်။”
အခမ်းအနားပွဲသို့ ပြည်ပရောက် နေရာဒေသ အသီးသီးမှ ရခိုင်သူ၊ ရခိုင်သားများနှင့် အခြားတိုင်းရင်းသားများ အပါအဝင် လူပေါင်း (၂၀၀၀)နီးပါးခန့် တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသည့် ဧည့်သည်များအား ရခိုင်ရိုးရာ မုန့်တီဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြသည်။
အခမ်းအနားပွဲသို့ တက်ရောက်လာသူများသည် ဆရာကြီး၏ ရခိုင်သမိုင်းဆိုင်ရာ ဟောပြောဆွဲနွေးချက်များ အပေါ် အားရကျေနပ်မှု ရှိခဲ့ကြပြီး ရခိုင်မျိုးချစ်အဆိုတော် ဝင်းကိုခိုင်အား Brilliant star ဆု ချီးမြှင့်ခဲ့သည့်အပေါ် မှာလည်း အားရဝမ်းသာမှုရှိခဲ့ကြသည်ဟုသိရသည်။
ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ အသီးသီးရောက် ရခိုင်သူ ရခိုင်သားများမှ ဆရာကြီးဒေါက်တာ အေးချမ်းအား ဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့ကြပြီး အခမ်းအနားအား ထိုင်းနိုင်ငံ လုံခြုံရေးအရ အချိန်အကန့်အသတ်ဖြင့်သာ ကျင်းပခဲ့ရသည့်အတွက် အခမ်းအနားးကို အဖက်ဖက်မှ ကူညီပေးခဲ့ကြသည့် ရခိုင်သူ၊ ရခိုင်သားများ ၏ မေတ္တာ၊ စေတနာကြောင့် အခမ်းအနားကို ညနေ (၄း၀၀)နာရီထိ အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပနိုင် ခဲ့ကြသည်။

From- arakantimes

No comments:

Post a Comment