Sunday, September 23, 2012

အိုးပျဉ်တောင်ကျေးရွာတွင် ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်း၍ လုံခြုံရေး ချထား


မင်းပြားမြို့နယ်၊ ပန်းမြောင်းအုပ်စု၊ အိုးပျဉ်တောင်ကျေးရွာတွင် လက်မ ချေကျေးရွာမှဘင်္ဂလီများ၏ရန်ကို  စိုးရိမ်သဖြင့် အမှတ်(၅၄၀)တပ်ရင်း မှ လုံခြုံရေးတပ်သား(၇)ဦးခန့် ချ ထားကြောင်း သတင်း ရရှိသည်။
" ညနေ (၅) နာရီခန့်က ဗျိုင်းနက် စိုက်ခင်းအနီးမှာ ဘင်္ဂလီလူတစ်စုကို ကျွဲကျောင်း သား တစ်ယောက်ကမြင်လို့ လန့်ပြီးပြေးလာတယ်။ ရွာသားတွေက  လိုက်သွားတော့ ဘင်္ဂလီ (၇) ဦးအပြင် မလှမ်းမကမ်းက နေက်ကလိုက်ပြီး  စောင့်ကြည့်နေတဲ့ ဘင်္ဂလီ(၁၀၀)လောက်ကိုလည်း တွေ့ရတယ်။

 ရွာသားတွေအင်အားနဲ့ဝိုင်းပြီး မောင်းထုတ်လိုက်တော့ အဲဒီဘင်္ဂလီတွေ ထွက်ပြေးသွားတယ်။

သူတို့ထွက်သွားပြီးနောက်မှာ အ၀တ်ထုတ် (၃) ထုတ်နဲ့ ဓါးတစ်လက်ကျန်ခဲ့ တယ်။ စောင့်ကြည့်နေတဲ့ ဘင်္ဂလီတွေလည်း ထွက်ပြေးသွားတယ်။ " ဟု ရွာသားတစ်ဦးက ပြောသည်။

အိုးပျဉ်တောင် ကျေးရွာသားများက ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လုံခြုံရေစခန်းသို့ အကြောင်းကြားလိုက်ခြင်းကြောင့် လက်ရှိတွင် အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေး တပ်သား(၇)ဦးခန့် ချထားကြောင်း သတင်း ရရှိသည်။

 အသေးစိတ်ကို ကျနော်တို့ အာရ်ကန်တိုင်းမ်စ်မှ ဆက်လက်စုံစမ်းနေပါသည်။

From- Arakan Times

No comments:

Post a Comment