Sunday, September 23, 2012

မိုင်းခွဲခြင်း၊ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ဒေသံများ၏ စီးပွါးရေးကိုထိခိုက်ခံလာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ ရေအောက်ပိုက်လိုင်း မြုပ်နှံ့ရေးအတွက် ကျောက်ဆောင်များကို မိုင်းခွဲခြင်း၊ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို မြစ်ကြောင်းတစ်လျှောက်တွင် စည်းကမ်းမဲ့စွန့်ပစ်ခြင်းေ ကြာင့် ရေလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံများမှာ ငါးရှာဖွေရာတွင် အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

“ရေအောက်က ကျောက်ဆောင်တွေကို မိုင်းခွဲတဲ့အ တွက် မြစ်ချောင်းတွေမှာ ငါးတွေလည်း ရှာမရတော့ဘူး၊ ငါးတွေက မိုင်းခွဲတဲ့အ သံကြောင့် လန့်ပြီး မနေကြတော့ဘူး၊ နောက်ပြီး
ကျောက်ခဲတွေကို သင်္ဘောကြီးတွေ နှင့် ရတဲ့နေရာမှ စွန့်ပစ်လို့ ပိုက်တွေလည်း ချမရတော့ဘူး၊ စွန်ပစ်လိုက်တဲ့ ကျောက်ပုံတွေကြောင့် ပိုက်တွေက ကျောက်ပုံအောင်ဝင်ပါသွားတယ်၊ သင်္ဘောနှင့် ငြိပါသွားလို့ ပိုက်တွေလည်း ဆုံးရှုံးနေရတယ်၊” ဟု မဒေးကျွန်းရှိ ဒေသခံ ရေလုပ်သားတစ်ဦးက ပြောသည်။
ဒေသခံများမှာငါးဖမ်းပိုက် တစ်လုံးလျှင် အနည်းဆုံး ကျပ်ငွေ (၄) သိန်းခန့်ကုန်ကျပြီး ပိုက်များဆုံးရှုံးသွားပါက ပြန်၍ လျှော်ကြေးတောင်းလျှင်၊ စွန့်ပစ်သောအခါတွင် ဝေးလံသော နေရာတွင် စွန့်ပစ်ရန်ပြောမည်ဆိုပါက အဖမ်းအဆီးခံရမည်ဖြစ်သောကြောင့် ဘာမျှမပြောရဲကြကြောင်း သိရှိရသည်။
“ဘယ်နေရာမှာ စွန့်ပစ်မယ်ဆိုတာကို မသိရဘူး၊ သင်္ဘောထွက်လာတော့နစ်နေတယ်၊ တဖြည်းဖြည်း မောင်းသွားေ တာ့ သင်္ဘောတစ်စီးလုံပေါ်သွားတာမြင်တာ၊ ပစ်မှန်းမသိပစ်သွားတာ၊ သင်္ဘောက နေ့ဘက် ဆိုရင် အဝေးကြီးမှာသွားပစ်တာ၊ ညဘက်ဆိုရင် နီးစပ်ရာမှာ သွန်ပစ်တာ၊ ဆီကုန်သက်သာအောင်လုပ်တာပေါ့ ပိုတဲ့ဆီကို ရောင်းစားကြတယ်” ဟု ရေလုပ်သားတစ်ဦးကပြောသည်။
ကျောက်ဖြူမြို့၊ မြဒေးကျွန်းတွင် နေထိုင်သူများအားလုံးမှာ ရေလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေများကသာ အဓိကစီးပွါးရေး လုပ်ငန်းဖြစ်ပြီး ဥယျာဉ်ခြံမြေများကို စီမံကိန်းမှ သိမ်းယူသွားရာ နောက်ဆုံးရေလုပ်ငန်းကို အားကိုးနေရသော်လည်း ငါးများကို လွတ်လွတ်လပ်လပ်ရှာဖွေ၍ မရကြတော့တဲ့အတွက် ဒေသခံများမှာ ၀င်ငွေလျှော့နည်းကာ စိတ်ပူပင်သောကရောက်နေကြကြောင်း သတင်းရရှိသည်။

From- arakantimes

No comments:

Post a Comment