Sunday, September 23, 2012

ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့


မန္တလေးပုသိမ်ကြီးမြို့နယ် မကွေးကျောင်း တိုက်တွင်ကျူးကျော်သူများ အား ယနေ့ နေ့လည်က သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့သည့် မန်းမြို့တော်ဝန်ကိုကျူးကျော် တစ်ထောင်ခန့်က ၀န်းရံဆန္ဒပြကြသဖြင့် အဆိုပါကျောင်းတိုက်တွင် ၁နာရီခွဲကြာပိတ်မိနေခဲ့သည်။
၈၈မျိုးဆက်ကျောင်း သားများဝင်ရောက်ဖြေရှင်းပေး ခဲ့မှုကြောင့်ညနေ ၃နာရီအချိန်မှအဆိုပါကျောင်းတိုက်မှ   မြို့တော်ဝန်ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ှကျူးကျော်သူများပြောင်းရွေ့ပေး ရန်တွေ့ဆုံမှူတွင်ကျူးကျော်နေ ထိုင်သူများမှဖယ်မပေးနိုင်ကြောင်း၊မိမိ တို့သည်ဝယ် ယူနေထိုင်သူများဖြစ်ပြဲီး ကျူးကျော်နေထိုင် သူများမဟုတ်ကြောင်း၊နေစရာ လည်းမရှိကြောင်းဖယ်ရှာပေးစေ လိုပါက နေစရာအရင်ပေးရန်မြို့တော်ဝန်အားပြောကြားခဲ့သည်။

မြို့တော်ဝန်မှအဆိုပါကိစ္စသည် စဉ်းစားရဦးမည်ဖြစ်ပြီးနေစရာအစားပြန်မပေးသေးနိုင် သေးကြောင်း၊ကျူးကျော် သူများကိုတွေ့ဆုံရခြင်းသည် ၀ယ်ယူထားသောစာချုပ်များ  ကိုကြည့်ပြီးရောင်းချသူများကို တရားစွဲရန်နှင့်တရားစွဲ လျှင်လည်းလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးသတ်မှတ်ချိန်ပြည့်သွားသည့်အတွက်ဖယ်ရှားရန်ပြောကြားခဲ့သည့်
အတွက်ကျူးကျော် ရပ်ကွက်တွင် ၀ယ်ယူနေထိုင်သောပြည်သူများက မကျေနပ်၍် မန်းမြို့တော်ဝန် ဦးအောင်မောင်း အားဝိုင်းဝန်းပိတ်ဆို့ ထားခြင်းဖြစ်သည်။








From- Popular News


No comments:

Post a Comment