မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် အလုပ်သမားဆိုင်ရာ နယ်ပယ်များအတွင်း လတ်တလောဆောင် ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုလာခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ၏ အထွေထွေအခွန် ကင်းလွတ်ခွင့် အစီအစဉ် (Generalised System Preferences - GSP) အရ မြန်မာ့ကုန် ပစ္စည်းများအား အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးအပ်လိုက်ခြင်းဖြစ်ကြေ
GSP အစီအစဉ်ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်ပစ္စည်းများ ဥရောပသမဂ္ဂနိုင်ငံများ၏ ဈေးကွက်တွင် လာရောက်ရောင်းချလျှင် အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြင့
မြန်မာနိုင်ငံကို ကုလသမဂ္ဂမှ ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းတွင်
ဥရောပ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Karel De Gucht က ''ဥရောပသမဂ္ဂက ပေးအပ်တဲ့ အခွန်ကင်း လွတ်ခွင့်က မြန်မာနိုင်ငံလို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့နိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဈေးကွက်ထဲ ၀င်ရောက်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေဖို့ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုလိုတာပါပဲ'' ဟု ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်တွင် အဓမ္မဖိအားပေး ခိုင်းစေမှုများဆိုင်ရာ ကွန်ဗင်းရှင်းများ ဖောက်ဖျက်မှုကြောင့် GSP အစီအစဉ်မှ ခံစားခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သ
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ အီးယူသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ယူရို ၁၆၉ သန်း တန်ဖိုးရှိခဲ့သည်။ ၎င်းပမာဏ သည် မြန်မာမှ ကမ္ဘာအရပ်ရပ်သို့ တင်ပို့မှု စုစုပေါင်း၏ သုံးရာခိုင်နှုန်းဖြစ်ပြီး အီးယူ၏ စုစုပေါင်းတင်သွင်းမှု၏ ၀ ဒသမ ၀၁ ရာ ခိုင်နှုန်းဖြစ်သည်။ မြန်မာနိုင်ငံမှ အကန့်အသတ်ဖြင့် တင်ပို့မှု၏ အများစုမှာ အ၀တ်အထည် များဖြစ်သည်ဟု သိရှိရသည်။
လက်ရှိ GSP အစီအစဉ်မှာ ၂၀၁၃ ခုနှစ်အကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ကောင်စီက လက်ရှိ GSP အစီအစဉ်ကို ပြုပြင်ရန် ပြီးခဲ့သည့်ဇွန်လက သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။ GSP အစီအစဉ်သစ်မှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင် အသက်ဝင်မည်ဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံမျာ
ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်း၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံအပြီးတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ အဆုံးသတ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
From-Eleven Media Group
No comments:
Post a Comment