Thursday, September 20, 2012

ဦးသိန်းစိန်နှင့် ဦးရွှေမန်းကို ပိတ်ဆို့ထားသူများ စာရင်းမှ အမေရိကန် ပယ်ဖျက်

ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသော လက်ရှိမြန်မာအစိုးရ ခေါင်းဆောင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်နှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှစ်ဦးအပေါ် အမေရိကန်အစိုးရကချမှတ် ထားသော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။
အမေရိကန် အစိုးရသည် ယခင်မြန်မာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများ ထုတ်ယူခွင့်နှင့် အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်ခွင့်များ မပြုရန် အရေးယူ ပိတ်ဆို့ထားခဲ့သည်။

အမေရိကန်အစိုးရက မြန်မာသမ္မတ ဦးသိန်းစိန်နှင့်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းတို့ကို အရေးယူ ပိတ်ဆို့မှုများဖယ်ရှားပေးခဲ့ခြင်းကြောင့် ၎င်းတို့၂ ဦးသည် ပိုင်ဆိုင်မှုများထုတ်ယူခွင့်နှင့် အမေရိကန်ကုမဏီများနှ င့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်များရရှိကြမည်ဖြစ်သည်။

“မြန်မာသမ္မတဦးသိန်းစိန်နဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊လူ့ အခွင့်အရေးနဲပတ်သက်တဲ့ကိစ္စတွေကို မြှင့်တင်ဖို့ခိုင်မာတဲ့ခြေလှမ်းတွေလှမ်းခဲ့ကြတယ်၊ပြီးတော့ အာဏာရှင်စနစ်၊ဖိနှိပ်မှုကနေ ဒီမိုကရေစီနဲ့လွတ်လပ်မှုဆီကို သွားခဲ့ကြတဲ့အတွက်အခုလို အရေးယူပိတ်ဆို့ ထားတဲ့စာရင်းကနေပယ်ဖျက်ပေးလိုက်တာပါ”ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့်ဘဏ္ဍာရေး ထောက်လှမ်းမှု ဆိုင်ရာဌာန အဆင့်မြင့် အရာရှိ တစ်ဦးဖြစ်သူ ဒေးဗစ်ကိုဟန် ကပြောကြား သည်။

အမေရိကန် အစိုးရကမြန်မာခေါင်းဆောင်နှစ်ဦး အပေါ်အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သော်လည်း၊မြန်မာ ပို့ကုန်များ အမေရိကန်သို့တင်ပို့ခြင်းကိုမူ ဆက်လက် ပိတ်ပင်ထားမည်ဖြစ်သည်။

ထို့ပြင်အခြားသောမြန်မာ စီးပွားရေး သမားများအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကိုမူ ဆက်လက်ပိတ်ပင်ထားခဲ့ရာ အမေရိကန်ကုမဏီများ အနေဖြင့် အဆိုပါကုမ္ပဏီများနှင့် စီးပွားရေး ပူးပေါင်း လုပ်ကိုင်နိုင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံ၏ပြောင်းလဲနေသော အခြေအနေပေါ်မူတည်၍ အရေးယူပိတ်ဆို့သည့်စာရင်းကနေ ပယ်ဖျက်မှုတွေ၊ ထပ်တိုး စာရင်းသွင်း တာတွေကို ပြုလုပ်သွားမည်ဟု အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

From- The Voice Weekly

No comments:

Post a Comment