Thursday, September 20, 2012

စုံစမ်းရေးကောက်မရှင် ပေါက်တောခရီးစဉ်၌ ဖြစ်ရပ်မှန်တင်ပြမှုအပေါ် ပိတ်ပင်တားဆီးမှုတချို့ရှိ

ဇော်ဇော်(ရွှေမြန်မာမီဒီယာမှဂရု)
၂၀၁၂-ခုဇွန်လက ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းနှစ်ဘက် တိုက်ခိုက်မှု အဖြေမှန်ကို သိရှိနိုင်အောင် ဦးသိန်းစိန်အစိုးရက ဖွဲ့စည်းပေးလိုက်သော စုံစမ်းရေးကော်မရှင်မှာ ရခိုင်ပြည်နယ် ပေါက်တော ခရီးစဉ်အတွင်း ပေါက်တောမြို့
 ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်နှင့် တွေ့ဆုံမေးမြန်းစဉ် ၄င်း၏အဖြစ် မှန် အသေးစိတ်ကိုတင်ပြရာ၌ ကော်မရှင်ဘက်မှ တားဆီးပိတ်ပင်မှု တချို့ရှိခဲ့ကြောင်းရွှေမြန်မာမီဒီယာမှ သတင်းရရှိသည်။ 

အဆိုပါသတင်းကိုရွှေမြန်မာမီဒီယာသတင်းထောက်ဇော်ဇော် မှပို့ ပေးပါထားပါတယ်။
 
စုံစမ်းရေးကော်မရှင်ဘက်မှ ဒေါ်သန်းသန်းနုဦးဆောင်ကာ ကော်မရှင် ၅ဦးပါအဖွဲ့က ဦတက်ထွန်းအောင်အား သီးခြားမေးမြန်းမှု အပြည့်အစုံများမှာ အောက်ပါအတိုင်း ဖြစ်သည်။“အဓိကရုဏ်းကိစ္စနဲ့ ကျွန်တော့်ကို အင်တာဗျူး လုပ်သူတွေကတော့ ဒေါ်သန်းသန်းနု၊ ဆရာ မောင်ဝံသ၊ နောက် ဘင်္ဂလီတဦးနဲ့ပါ အစိုးရဘက်က ကော်မရှင်အဖွဲ့ ၅ဦးကအင်တာဗျူး လုပ်ပါတယ်။ ကျွန်တော့်ကို သူတို့ကစမေး ပါတယ်။

ကော်မရှင်။ ဒေါ်သန်းသန်းနုက နှစ်ဘက်တိုက်ခိုက်မှု ဘယ်လိုဖြစ်ကြတာလဲ။
ဦးတက်ထွန်းအောင်။ “ကျွန်တော်က ဇွန်လ ၈ရက်နေ့ည ကတည်းကနေ အခြေအနေ မကောင်းဘူးလို့ ပြည်နယ် အစိုးရကို ဖုန်းဆက် ပြီး အကြောင်းကြားတယ်။ အဲဒီတော့ ပြည်နယ်အစိုးရ စီစဉ်ပေးချက်အရ စစ်တပ်ဟာ မနက် ၆နာရီလောက်မှာ ရောက်ပါတယ်။ အဲဒါနဲ့ ထိန်းလို့မရ လိုက်တာကတော့ အဲဒီအချိန် အတွင်းမှာ ဟိုဘက်ဒီဘက် အခြေအနေကို ထိန်းသိမ်းပေးနေရင်း ပြဿနာဟာ စစ်ဖြစ်တာပေါ့။

ပြဿနာ ဖြစ်တဲ့နောက်ပိုင်းမှာ ဒီဘင်္ဂလီ လူမျိုးတွေကို ရခိုင်တွေ အဓိကစောဒ ကတက်ပြီး လုပ်တယ်လို့ကော် မရှင်ဘက်က ပြောတယ်။ ကျွန်တော် သူတို့ကို ရှင်းပြတာကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ရခိုင်လူမျိုး တွေ ဟာ နှစ်ပေါင်း ငါးထောင်ကျော် ကတည်းကနေ ကိုယ်ပိုင်နိုင်ငံနဲ့ နေလာခဲ့တဲ့ လူမျိုးဖြစ်တယ်။ မည်သည့်တခါမှ မည်သည့် လူမျိုးကိုမှ အကြမ်းဖက်နည်းနဲ့ သုံးလေ့သုံးထမရှိပါ။ ခုလည်းဘဲ သမာသမတ်နဲ့ မဖြစ်စေချင်လို့တား ဆီးတာနေတာပါ ဆိုပြီးကျွန်တော်ပြောပါတယ်။

ကော်မရှင်။ ကျွန်တော်တို့ ဘူးသီးတောင်-မောင်တော ပေါက်တောမြို့နယ် ဆင်တမော်၊ ပိုက်ချရောက်တဲ့ အချိန် မှာ အဲဒီဒေသကလူတွေက ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်မှာ အရင်ကတည်းကနေ ရခိုင်တွေနဲ့ တပြည်းညီရှိ နေ ထိုင် လာတဲ့ လူမျိုးတမျိုးဆိုပြီး ဘင်္ဂလီဘက်က ပြောတယ်လို့ ပြောပါတယ်။ ဒီဘင်္ဂလီ လူမျိုးနဲ့ အတူချဉ်တွဲ နေ ထိုင်ဖို့အတွက် ဘာအကြံ အညံများ ပေးရှင်လဲလို့ မေးတယ်။
ဦးတက်ထွန်းအောင်း။ အဲဒီအပေါ်မှာ ကျွန်တော်က ထောက်ပြပါတယ်။ လူမျိုးတမျိုးရဲ့ အခြေခံဟာ အချက်(၅) ချက်နဲ့ပြည့်စုံဖို့ လိုတယ်လို့ပြော ပါတယ်။ လူမျိုးတမျိုးရဲ့  အခြေခံနောက်ခံသ မိုင်းဖြစ်တဲ့ (ဘာသာစကား ယဉ် ကျေးမှုရှိရမယ်။ စာပေယဉ်ကျေးမှုရှိရမယ်။ 

အနုပညာယဉ်ကျေးမှု ရှိရမယ်။ ဗိသုကာယဉ် ကျေးမှုရှိရမယ်။ တခု ခုတော့ရှိရမယ်) အားလုံးအချက် ၅ချက်ရှိရမယ်။ ဒီအချက် ၅ချပ်ဟာ လူ့ဖွဲ့ စည်းတဲ့ လူမျိုးတိုင်းလူမျိုးတိုင်းမှာ ရှိ ပါတယ်လို့ပြောပြတယ်။

ကော်မရှင်။ အဲဒီအပေါ်မှာ သူတို့ဖက်က ဘာမှပြန်မပြောဘူး။

ကော်မရှင်။ ဒေါ်သန်းသန်းနုကမေးပါတယ်။ ဒီကိစ္စဟာ ရခိုင်မပါရင် ပြဿနာ ဘာဖြစ်မှာလဲလို့ မေး တယ်။

ဦးတက်ထွန်းအောင်။ “ကျွနော်ကပြောတာက ၁၉၄၁ မတိုင်ခင်ကတည်းကနေ ခေတ်အဆက်ဆက်ဖြစ် လာတယ် ပေါ့။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေကို ခွဲခြားဆက်စပ်နေတဲ့ နိုင်ငံရေးပေါ်လစီ ထိုးနှောက်မှုတွေ မှားတာပေါ့ အဲ လိုပြောပါတယ်။
ကော်မရှင်။ ဒေါ်သန်းသန်းနုက မှားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ လို့ဆက်မေးတယ်။
ဦးတက်ထွန်းအောင်။ အဲဒီမေးခွန်းအပေါ်မှာ ကျွန်တော် ကဘာပြန်ပြောလဲ ဆိုတော့ မှားတယ်ဆိုတာ ၁၉၄၈ က တည်းက ဆဖပလ ၀န်ကြီးချုပ် ဦးနုလက်ထက်က မဲရရှိဖို့အတွက် “ရိုဟင်ဂျာ” လူမျိုးဆိုပြီးတော့ ပြည်တွင်းအ သံလွှင့်ဌာနနဲ့ ပြည်ပ သတင်းဌာနတွေမှာ ကွက်ကွင်းသွားတာ ဖြစ်တယ်လို့ပြောလို့ ကျွန်တော်ရှင်းပြပါတယ်။

ကော်မရှင်း။ ကျွန်မက ဦးနုသမီး ဒေါ်သန်းသန်းနုဖြစ်ပါတယ်။

ဦးတက်ထွန်းအောင်။ ဦးနုသမီး ဒေါ်သန်းသန်းနု နာမည်တော့သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ၀န်ကြီးဦးနုကို ပုဂ္ဂိုလ်ရေးအရ ပြောတာမဟုတ်ဘူး။ ကျွန်တော်က သမိုင်းကြောင်းအရ ပြောခြင်းသာ ဖြစ်ပါတယ်။

ကော်မရှင်။ နောက်ကော်မရှင် တဦးက အဲဒီကိစ္စဟာ ဒါဝန်ကြီး လုပ်တာမဟုတ်ဘူး။ အစိုးရ ကလုပ်တာပါ ဆိုပြီး ၀င်ပြောပါတယ်။

ဦးတက်ထွန်းအောင်။ ကျွန်တော်က ဆက်ပြီးတုံ့ ပြန်ပါတယ်။ ၀န်ကြီးဆိုတာ အစိုးရအဖွဲ့ရဲ့  တာဝန်ကိုယူနေရတဲ့ ၀န်ကြီးဖြစ်ပါတယ်။ ၀န်ကြီးချုပ် မရှိရင်ရွေး ကောက်ပွဲ အချိန်ကာလ ဆိုတာ မရှိဘူးလို့ ပြောပါတယ်။

ကော်မရှင်။ အဲဒီအချိန်က အခြေအနေအရ ဘယ်လိုရှိခဲ့သလဲလို့ မေးပါတယ်။

ဦးတက်ထွန်းအောင်။ ကျွန်တော်ပြောတယ်။ ဒီဘင်္ဂလီလူမျိုးတွေမှာ ကိုင်ဆောင်ထားတဲ့ ကျွန်တော်တို့လို နိုင်ငံ သားကဒ်ဟာ ၂၀၀၄ခုနှစ်အထိဘဲ သတ်တမ်း ရှိတယ်။ ပြီးခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲကနေ ခုထိ ၃နှစ်ခန့် သက် တမ်းမှာ ဘင်္ဂလီတွေကို ယာယီကဒ် ထုတ်ပေးထားတာ ၅သိန်း လောက်ရှိတယ်။ လုံးဝယာယီ ကဒ်မရှိသူက ၄ သိန်းကျော်၊ အကုန်လုံးပေါင်း ပြီးတော့ ၁၀သိန်းနည်းပါးရှိတယ် လို့ပြောပြပါတယ်။
ဦးတက်ထွန်းအောင်။ ကျွန်တော်တို့ ပေါက်တောမြို့နယ်မှာ ဘင်္ဂလီလူမျိုးတွေ မတရားမှု လုပ်တာတွေကို ထောက်ပြပါတယ်။ ၂၀၀၃-ခုနှစ်က ပေါက်တောမြို့နယ် သာစည်ကျေး ရွာမှာ ငါးရှာသွားတဲ့ ဇနီးမောင်နှံ နှစ် ယောက်ကို ယောက်ျားကို သတ်ဖြတ်ပြီးတော့ အမျိုးသမီးကို မုဒိမ်းပြုကျင့် ခဲ့တဲ့အကြောင်း၊ အမှုနံပါတ်ဘယ် လောက်နဲ့ တရားရုံးမှာ တရားစွဲထားတာရှိတယ်။ ဒီဘက်မှာ ဟာကွက်နဲ့ အမှုကို လွှတ်ပေးလိုက်တယ်။
ကောက်မရှင်။ ဒေါ်သန်းသန်းနုက ဒါဟာအတိတ်က ဖြစ်ခဲ့တာပါဆရာရယ်။  ဒါဟာခုမေးနေတဲ့ ကိစ္စမှာ မပါဘူး။


ဦးတက်ထွန်းအောင်။ ကျွန်တော်က စိတ်ထိခိုက်သွားပါတယ်။ ဒါအတိတ်က ကိစ္စမဟုတ်ဘူး။ ခုလက်ရှိ အမှန်တ ကယ် ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။ မယုံရင် ရဲစခန်းကို သွားမေးလို့ရတယ်။ ခိုင်လုံမှု အထောက်အထားတွေနဲ့ ပြ ပါမယ်လို့ တင်ပြပါတယ်။ နောက်ပြီးတော့ မကြာခင်က ပေါက်တောမြို့မှာ ဘင်္ဂလီတွေ မုဒိမ်းကျင့်တဲ့ ဖြစ်ပျက်ခဲ့ တာတွေ ပြောပြတယ်။

ဖြစ်ပုံက စစ်တွေက ပေါက်တောကိုအပြန် ၁၅နှစ်အရွယ် ၇တန်းကျောင်းသူ တဦးနဲ့အတူ သူ့မောင်တယောက် နဲ့ ဆွေမျိုးတော်စပ်တဲ့ ကောင်တယောက်ပါတယ်။ သူတို့ ၃ယောက်ဟာ လှေကဆင်းပြီး ပေါက်တော ပိုက်ချရွာ ဆိပ်မှာရောက်ပြီး ကုန်းလမ်းအတိုင်း လမ်းလျှောက်လာတဲ့အခါ ဘင်္ဂလီအုပ်စုတွေဟာ ကောင်လေး၂ယောက်ကို အသေသတ် ပြီးတော့ 
 ကောင်မလေးကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ အကြောင်းကို ကျွန်တော်ထပ် ပြောပြတယ်။
ကော်မရှင်။ ဒီအတိတ်ကိစ္စတွေကို ပြောလို့ ဘာကောင်းမလဲလို့ စကားကိုပိတ်ပင် ပါတယ်။
ဦးတက်ထွန်းအောင်။ သူတို့က မပြောဖို့ပိတ်ပင်တော့ ကျွန်တော်က ဒီကိစ္စတွေကို မပြောလို့မရဘူး။ ဒေါ်သန်း သန်းနုတို့က  ဒီကိစ္စကို ပိုပြီး သိဖို့လိုတယ် အဲလိုပြောပြတယ်။ ဒီပိတ်ပင့်မှု အပေါ်မှာ ဘင်္ဂလီ ခေါင်းဆောင်တွေနဲ့ ကော်မရှင်အထဲက တချို့ ဆက်စပ်မှုရှိ လိမ့်မယ်လို့ သုံးသပ်လို့ရတာ ပေါ့နော်။ စုံစမ်းရေး ကော်မရှင်ထဲမှာ အုပ်စု လိုက်ဖြစ်နေတဲ့ သဘောလဲ တွေ့ရတယ်။ 
သူတို့က ပိတ်ပင်ပေမဲ့ ကျွန်တော်ကတော့ ပြောသင့်တဲ့ စကားအား လုံးကို ပြောပြပါတယ်။

ဆွေးနွေးပွဲကို ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ခန်းမ၌ စက်တင်ဘာ ၁၂ရက်နေ့ ၁၁နာရီတွင်  ပြုလုပ်သည်ဟု သိရသည်။ ပေါက်တော်မြို့သို့ ရောက်ရှိခဲ့သော စုံစမ်းရေးအဖွဲ့တွင် လူ ၂၀နီးပါးပါဝင်ပြီး ထိုအထဲတွင် ရခိုင်ခေါင်း ဆောင်များ ဖြစ်သည့် ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင်တို့ပါဝင်ခဲ့ပြီး ဘင်္ဂလီခေါင်းဆောင် က ၅ဦးပါဝင် သည်ဟုသိရသည်။ 


From- ( ရွှေမြန်မာမီဒီယာဂရု)

No comments:

Post a Comment