Thursday, September 20, 2012

ချစ်မြတ်နိုးစရာမြို့(City of Charming)ဖြစ်သွားတဲ့ ကွမ်တုံပြည်နယ်ကကွမ်ဂျိုးမြို့

ယခုနှစ် န၀မအကြိမ်မြောက်တရုတ်အာဆီယံကုန်စည်ပြပွဲတွင် ကွမ်တုံပြည် နယ်မှ ကွမ်ဂျိုးမြို့ကို ချစ်မြတ်နိုးစရာမြို့(City of Charming)အဖြစ် သတ်မှတ်ရွေးချယ်လိုက်ကြောင်းသိရသည်။

န၀မအကြိမ်မြောက် တရုတ်အာဆီယံ ကုန်စည်ပြပွဲ၏ ချစ်မြတ်နိုးစရာမြို့ ကဏ္ဍကိုတရုတ်ပြည်တောင်ပိုင်း တွင် နှစ်နှစ်ထောင်ကျော်ေ အာင် နိုင်ငံခြားကုန်စည်စီးဆင်းမှုအားကောင်းခဲ့သည့်အစဉ်အလာရှိပြီး
ယခုအချိန်တွင် လည်း ခေတ်သစ်ခေတ်မှီ သိပံနှင့်နည်းပညာများအပါအ၀င်စားသုံးကုန်၊အဖျော်ယမကာ၊သံသတ္တုနှင့်ဓါတုပစည်းများနှင့်လူသုံးကုန်အစရှိ သဖြင့် ဒေသထုတ် ကုန် များ ကိုအာဆီယံနိုင်ငံများသို့် ရောင်းဝယ်ဖောက်ကားလျက် ရှိပြီး၊ခရီးသွားလုပ်ငန်းဖြင့်ပါအားဖြည့်ဆောင်ရွက်သွားမည့်အကြောင်းကိုစက်တင်ဘာလ ၂၀ ရက်ညနေ ၄ နာရီကံ တရုတ်နိုင်ငံကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နန်နင်းမြို့ဝါတန်ဟိုတယ်တွင် အာဆီယံနိုင်ငံများမှ မီဒီယာများ ကိုအသိပေးပြောကြားခဲ့သည်။

ကွမ်တုံပြည်နယ်မှ ကွမ်ဂျိုးမြို့ကိုလွန်ခဲ့သော ဆယ်နှစ်ကျော်က ပင်မြို့ပြရှုခင်းအလှအပ များကိုပတ်ဝန်းကျ င်စိမ်းလန်းေ ရးနှင့်ကိုက်ညီအောင်အဓိကပြုပြင်ပြောင်းလဲခဲ့ပြီး ယခုအခါနိုင်ငံတကာအဆင့်မှီခရီးသွားလုပ်ငန်းအနေဖြင့်လည်း တိုးတက်ဆောာင်ရွက်သွားမည်ဟု City of Charming ကဏ္ဍတွင်ကွမ်ဂျိုးမြို့အကြောင်းနှ င့်အတူအာဆီယံနှင့်ကွမ်ဂျိုးမြို ကုန်စည်ဖလှယ်ခြင်း၊ရင်းနှီးမြုပ်နှံမှုကိစ္စရပ်များကို အကြောင်းပြုကာမီဒီယာများသို့အသိပေးသွားကြောင်းသိရသည်။
 
From- Popular Myanmar News Journal

No comments:

Post a Comment