Thursday, September 20, 2012

ဖလမ်းနှင့် ဟားခါးကြား ဘေးမဲ့တောအဖြစ် သတ်မှတ်မည်


ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းနှင့်ဟားခါးမြို့ကြားရှိ လိုင်ဗားရေလှောင် တမံနှင့်ဆက်စပ်နေသော ဇိန်မူတောင်အပါအဝင် သစ်တောဧရိယာ ၁ဝ၁၆၇ ဧကအား ဘေး မဲ့တောအဖြစ်သတ်မှတ်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ဒေသအား ၁၉၉၇ ခုနှစ်၊ ဇူလိုင်လအတွင်းက ကြေညာချက်အမှတ် ၇/၉၇ ဖြင့် ဘေးမဲ့တောအဖြစ် သတ်မှတ်ထားခဲ့ပြီးဖြစ်သော်လည်း လက်တွေ့အကောင် အထည်ဖော်နိုင်ခြင်း မရှိခဲ့သည့်အတွက် ယခုအစိုးရသစ်လက်ထက်၌ ဘေးမဲ့တော အဖြစ် ပြန်လည်သတ်မှတ်ကာ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအား ထိန်းသိမ်းအကောင်အထည် ဖော်သွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
လက်ရှိ၌ လိုင်ဗားရေလှောင် တမံနှင့် ဆက်စပ်ဒေသမှ သစ်တောဧရိယာ ၁ဝ၁၆၇ ဧကအား သစ်တောဦးစီးဌာနမှ ကြိုးပြင်ကာကွယ် တောအဖြစ်သတ်မှတ် ဖွဲ့စည်းပြီးဖြစ် သည့်အတွက် ဘေးမဲ့တောအဖြစ် သတ်မှတ်နိုင်ရန် မကြာမီ၌ ကွင်းဆင်းဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ၄င်းက ပြောသည်။
ချင်းပြည်နယ်အတွင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် စာမီးအိမ်အဖွဲ့မှ ကိုတင်ကိုလင်းက ချင်းပြည်နယ် အတွင်း လွန်ခဲ့သော ၁ဝ နှစ်ခန့်မှ စတင်၍ သစ်တောများအားစီးပွားဖြစ် ခုတ်ယူနေမှုများရှိသော်လည်း ထိရောက်စွာ ထိန်းချုပ်ဟန့်တားမှု နည်းသည့်အတွက် သစ်တောဧရိယာ အများအပြား ကုန် သလောက် နီးပါးဖြစ်လျက်ရှိကြောင်း၊ထိုသိ
ု့ သစ်တောများ ပြုန်းတီးလာမှုနှင့် အတူ မြေပြို၊ တောင်ပြိုခြင်းစသော သဘာဝဘေးအန္တရာယ်များကိုပါ နှစ်စဉ်ခံစားလာနေ ရကြောင်း၊ ဘေး မဲ့တောအဖြစ်အစိုးရက သတ်မှတ်ထားသော်လည်း တရားမဝင်စီးပွားဖြစ် သစ်ခုတ်သူများနှင့် တောလိုက် မုဆိုးများ၊ သစ်ခွမှောင်ခို တင်ပို့သူများကြောင့် သစ်တောထွက် ပစ္စည်းများမှာလည်း အလွန်နည်းပါး သွားကြောင်း ပြောသည်။
 
From- Popular

No comments:

Post a Comment