Thursday, September 20, 2012

ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိနီလာစတား စက္ကူစက်ရုံတွင်အလုပ်သမားဆန္ဒပြမှု ဖြစ်ပါ်


ရန်ကုန်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိနီလာစတား စက္ကူစက်ရုံတွင်အလုပ်သမားဆန္ဒပြမှု ဖြစ် ပေါ်နေကြောင်း သိရသည်။ အဆိုပါဆန္ဒပြမှုသည် စက်တင်ဘာ ၂၀ရက်၊ နံနက် ၆နာရီခန့်က စတင်ဖြစ် ပေါ်ခဲ့ပြီး ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ အလုပ်သမားဝန်ကြီးဌာနက အဆိုပါအလုပ်သမားများအပါအ၀င်နှင့် အလုပ်ရှင်နှင့် တွေ့ဆုံညှိနှိုင်းပေးလျက်ရှိ ကြောင်း အလုပ်သမားအရေးဆောင် ရွက်နေသူ တစ်ဦးထံမှ သိရသည်။ ယင်းဆန္ဒပြမှုတွင် အလုပ်သမားများ ဘက်မှ တောင်းဆိုခဲ့သောအချက်များတွင် အလုပ်သမားများ အပေါ်ရိုင်းပြစွာပြောဆို ဖိနှိပ်ခိုင်းစေသူဟုဆိုသည့် အလုပ်သမား ရေးရာဌာနမှဝန်ထမ်းတစ်ဦးကို အလုပ်မှ ရပ်ဆဲရန်တောင်းဆိုခဲ့သောအချက်ပါဝင် ကြောင်း ဆန္ဒပြအလုပ်သမားများထံမှ သိရသည်။
““၀န်ထမ်းရေးရာဌာနကလူကခိုင်းရင် ဆဲဆိုပြီးခိုင်းတယ်။ကျွန်တော်တို့နဲ့မဆိုင်တဲ့ အလုပ်တွေကိုလည်းခိုင်းတယ်။ အလုပ်သ မားတွေကိုအရမ်းဖိနှိပ်လို့အလုပ်ကထုတ် ပေးဖို့တောင်းဆိုတာပါ။အခုဆန္ဒပြမှုမှာ အောက်ခြေ ၀န်ထမ်းတွေအားလုံးပါပါတယ်”” ဟု ဆန္ဒပြအလုပ်သမားတစ်ဦးကပြော သည်။

ဆန္ဒပြမှုမတိုင်မီအလုပ်သမားများ က ယင်းစက်ရုံရှိညှိနှိုင်းရေးအဖွဲ့ထံ သွား ရောက်တောင်းဆိုခဲ့သော်လည်း ညှိနှိုင်းပေး ခြင်းမရှိသည့်အတွက် ဆန္ဒပြတောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ညှိမပေးတဲ့အတွက်ဆက်ပြီးဆန္ဒပြတာပါ။အဆောင်ကြေးနဲ့ထမင်းစရိတ် အတွက်လျော့လိုက်တဲ့၁၇၀၀၀ကို လစာထဲ ထည့်ပေးဖို့ တောင်းဆိုတာကိုမပေးချင်ဘူးဖြစ်နေတယ်။ ခွင့်ကိစ္စကတော့အဆင်ပြေပါတယ်။ရှောင် တခင်ခွင့်ယူတာကိုလုပ်သက်ခွင့်ထဲကနေဖြတ် ထားတဲ့အတွက်အလုပ်သမားရုံးဘက်ကလုပ် သက်ခွင့်ပြန်ပေး ဖို့ညှိပေးပါတယ်။တောင်း ဆိုချက်တွေကိုညှိပေးပါတယ်””ဟု နီလာစတား စက္ကူစက်ရုံမှအလုပ်သမားတစ်ဦး  ကြေ ““အလုပ်ရှင်ဘက်ကကျေကျေလည်ပာ သည်။

အလုပ်သမားများကတောင်းဆို ချက်၇ချက်ကိုတောင်းဆိုရာအလုပ်သမား ညွန်ကြားမှုဦးစီဌာနမှလာရောက်ညှိနှိုင်းပေး နေကြောင်းသိရသည်။
 
From- News of Myanmar

No comments:

Post a Comment