Thursday, September 20, 2012

မောင်တောမြို့ပေါ်မှ ဒုက္ခသည်များကို နေရပ်ပြန်ပို့

ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းမှုအတွင်း  နေအိမ်များ မီးရှို့ခံရသည့် အ တွက်  မောင်တောမြို့ပေါ်တွင် လာရောက်ခို လှုံနေကြသည့် ဒုက္ခသည်များကို မကြာသေးမီက နေ ရပ်ကို ပြန်ပို့ လိုက်ပြီဖြစ်ကြောင်း ဆရာတော်မဏိသာရ ပြောကြားသည်။


“ ဦးဇင်း ကျောင်းကတော့ အိမ်ထောင်စု ၈၂ စု၊ အထက်တန်းကျောင်းမှာ ခိုလှုံနေတဲ့ အိမ်ထောင်စု တွေပါဆိုရင် အားလုံး ၁၀၉ စုပေါ့။ အကုန်လုံး  ပြောင်းရွေ့သွားကြပါပြီ။  အဲဒီနေရာမှာ အခုတော့ စစ်တပ်က လုံးခြုံရေးယူထားတယ်ဆို တော့ စိုးရိမ်စရာ  တော့ မရှိပါဘူး” အလိုတော်ပြည့် ကျောင်းဆရာတော် ဦးမဏိသာရမှ  ပြောသည်။ဒုက္ခသည်များကို ယခုလ ၁၅ ရက်နေ့ကတည်း က စတင်ပြောင်းရွေ့နေကြခြင်းဖြစ်ပြီး  အများစုမှာ သရီကုန်ဘောင်ကျေးရွာမှ ဒုက္ခသည်များဖြစ်ကြောင်း သိရသည်။

ပြောင်းရွှေ့ရာတွင် လမ်းမကောင်းသဖြင့် ဒုက္ခသည်များ အနေဖြင့် အခက်အခဲများ ရှိနေကြောင်း ကားသမား တစ်ဦးက ပြောသည်။“လမ်းက သိပ်ဆိုးပါတယ်။ ဝေးလည်းဝေးတယ်။ ကားတွေဝင်လို့မရတဲ့အတွက် လမ်းတပိုင်းမှာဘဲ ချထားခဲ့ရ တယ် ” ဟု ယမန်နေ့က ဒုက္ခသည်များကို  ပို့ဆောင်ခဲ့သသည့် ကားသမားက ပြော သည်။



ယခုကဲ့သို့ ဒုက္ခသည်များကို အာဏာပိုင်များမှ ပြန်ပို့နေသော်လည်း  မောင်တောမြို့ပေါ် ဒုက္ခသည် တချို့ ရှိနေသေးကြောင်း သိရသည်။

“တချို့လည်း ပြန်ကြပါတယ်။ ယောင်္ကျားတွေပြန်ကြတယ်။ အမျိုးသမီးနဲ့ ကလေးတွေကျန် သေး တယ်။ အရင်ကတော့ ဒုက္ခသည် စုစုပေါင်း လေးထောင်ကျော် ငါးထောင်နီးပါးရှိခဲ့ပါတယ်။ အခုတော့ ၂ ထောင်ကျော်ကျော်ခန့်ဘဲ ရှိပါတယ်” ဟု မောင်တောမြို့ခံ တဦးဖြစ်သူ ဦးခင်မောင်သန်းကပြော သည်။

ကျန်နေသေးသည့် ဒုက္ခသည်များမှာ ကင်းချောင်း၊ ရွှေရင်အေးကျေးရွားများမှ  ဒုက္ခသည်များဖြစ် ကြောင်း သိရသည်။

လုံထိန်း၊ ရဲ ၊ နစက တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့်အတွက် အာဏာပိုင်များက စိုးရိမ်စရာမရှိဟု ဆိုသော်လည်း ဒေသခံ ကျေးရွာသားများမှာ သူတို့ လုံခြုံရေး အတွက် စိုးရိမ်မူများ ရှိနေကြောင်း မောင်တောမြို့ ခံများက ပြောသည်။

From- နိရဉ္စရာ

No comments:

Post a Comment