Tuesday, September 11, 2012

၁၃ နှစ်အရွယ် အိမ်ဖော် မိန်းကလေး သေဆုံးမှု အတွက် လူသတ်မှု သို့ ပြောင်းလဲ စစ်ဆေး





ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်း ( ခိုင်ရွှေဝါလမ်း) ၊ အမှတ် ၁၉၅ရှိ တိုက်ခန်း တစ်ခုတွင် အသက် ၁၃ နှစ်အရွယ် အိမ်ဖော် အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ လူသေမှု မှ လူသတ်မှု သို့ ပြောင်းလဲ
အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ကမာရွတ် ရဲတပ်ဖွဲ့စခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက The Voice Weekly သို့လွန်ခဲ့သော မိနစ်ပိုင်း အတွင်းက ပြောကြားသည်။


ယင်းနေ့က သေဆုံးသူ၏ အလောင်းအား စစ်ဆေးမှုများ ပြုလုပ်ရန် ရန်ကုန် ဆေးရုံကြီးသို့ ညနေ ၆နာရီခွဲ ဝန်းကျင်တွင် ပို့ဆောင်ခဲ့ပြီး၊ ယင်းသေဆုံးမှုနှင့် ပတ်သက်၍ အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ ပ-၃၆၄/၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေးလျှက် ရှိကြောင်း ယင်းစခန်းနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှုးရုံးက စုံစမ်း သိရသည်။

MRTV4 ဇာတ်လမ်းတွဲ လျာထားခြင်း ခံရသူ သရုပ်ဆောင် အခန်းရှင် မေဇွန်(ခ)မျိုှးဇာနည်ဇွန် ဆိုသူသည် ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ တိုက်အမှတ်(၁၉၅)၊ ဒုတိယထပ်(ညာ)ရှိ တိုက်ခန်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်၌ ခရီးသွားနေရာမှ ပြန်လည် ရောက်ရှိလာပြီး ၎င်း နေထိုင်ရာ တိုက်ခန်းပေါ်သို့ တက်သွားရာမှ ပြန်လည် ပြေးဆင်းလာကြောင်း၊ ယင်းနောက် ပတ်ဝန်းကျင်သို့ အကူအညီတောင်းပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့ရာတွင် ရဲတပ်ဖွဲ့မှ ယင်းတိုက်ခန်းတွင် ပုပ်ပွနေသော ရုပ်အလောင်းကို တွေ့ရှိခဲသဖြင့် အမှုမှန် ပေါ်ပေါက်ရေး အတွက် ယခုကဲ့သို့ ခေါ်ယူ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ စခန်းတွင် ယင်းနေ့တာဝန်ကျ ရဲဝန်ထမ်းနှင့် မှုခင်းဖြစ်ပွားရာ တိုက်ခန်း အနီးတွင် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။ 

The Voice

No comments:

Post a Comment