Tuesday, September 11, 2012

၈၈ မျိုးဆက်ကျောင်း သားများ အဖွဲ့နဲ့ ဒေါ်လာ ၆ သန်းကိစ္စ(အထူးသတင်း)






မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာထောက်ပံ့ငွေအမေရိကန်ဒေါ်လာ ၆ သန်းဟာ ၈၈ မျိုးဆက်ကျောင်းသားတွေဆီက တစ်ဆင့် စီးဆင်းနေပါတယ်လို့ သတင်းတွေထွက်လာလို့ ဦးကိုကိုကြီးတို့ ကိုမြအေးတို့ခမြာ... အသည်းအသန် ငြင်းချက်တွေ ထုတ်နေရပါတယ်။


သူတို့လည်း လန့်ရှာမှာပေါ့..။ ဒေါ်လာ ၆ သန်းဆိုတာ... မြန်မာငွေ သန်း ၆ ထောင်/ သိန်း ၆ သောင်းလောက်ရှိတာကိုး။
Unity ဆိုတဲ့ အပတ်စဉ်ထုတ်ဂျာနယ်က သြဂုတ်လ ၂၅ ရက်နေ့မှာ မျက်နှာဖုံးသတင်းမှာတင်ပြီးတော့ကို ဖော်ပြခဲ့တာပါ။
၈၈ က အစ်ကိုတွေက အဲဒီသတင်းဟာ မဟုတ်ရပါဘူးလို့ ပြင်းပြင်းထန်ထန် ငြင်းဆန်သွားခဲ့သလို .. ဒါဟာ ၈၈ မျိုးဆက်အဖွဲ့ကို အသရေဖျက်တာမို့လို့ တရားစွဲလို့ရတယ်လို့ ဦးကိုကိုကြီးက ပြောဆိုခဲ့ပါတယ်။အခုလောလောဆယ်တော့ အဲဒီ Unity ဂျာနယ်ကို မျက်နှာဖုံးသတင်းမှာ အမှားပြင်ဆင်ချက်ထည့်ပေးဖို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က တောင်းဆိုထားပါတယ်။

အဲဒီသတင်းထည့်တဲ့ဂျာနယ်ကလည်း ဒီသတင်းအချက်အလက်ဟာ NGO အဖွဲ့အစည်းတွေတက်ရောက်တဲ့ဖိုရမ်တစ်ခုက ရရှိခဲ့တာဖြစ်လို့ “ဘာမှ မတုံ့ပြန်ချင်ပါဘူး..မကြာခင်မှာ အဖြေမှန်ပေါ်မှာပါ”လို့ ပြောဆိုသွားခဲ့ပြီး ဒီသတင်းကို First Weekly ဂျာနယ်ကလည်း ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
မဟုတ်ရင် မခံတဲ့ (၈၈) ကျောင်းသားအဖွဲ့နဲ့ ကိုယ်မှန်တယ်ထင်လို့ သတင်းထည့်ခဲ့တဲ့ ဂျာနယ်တွေရဲ့ ပွဲဟာ စိတ်ဝင်စားစရာကောင်းလာပါတယ်
၈၈ လည်းမှန်တယ်။ ဂျာနယ်လည်း မှန်တယ်ဆိုရင်တော့ မှားနေတာက အချက်အလက်တွေကို စာရွက်နဲ့ထုတ်ပြန်၊ ပရိုဂျက်တာနဲ့ ထုတ်ပြန်ခဲ့တဲ့
NGO အဖွဲ့ကြီးတွေရဲ့ အမှားပဲဖြစ်ပါလိမ့်မယ်။ဘာကို ရည်ရွယ်ပြီး ဘာကြောင့် ဒီလို ထုတ်ပြန်ခဲ့တဲ့ဆိုတာကတော့ .
ပြည်တွင်းသတင်းတွေမှာပဲ စောင့်စားနားထောင်ရဦးမှာပါ
----------------------------
(DVB) ရုပ်မြင်သံကြားသတင်းမှ ကောက်နှုတ်ချက်

No comments:

Post a Comment