Tuesday, September 11, 2012

ဂျပန်ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းဝန်ကြီး သေကြောင်းကြံစည်


ဂျပန်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းဝန်ကြီး သေကြောင်းကြံစည်လူပြိန်းကြိုက် အပျော်ဖတ် မဂ္ဂဇင်း တစ်စောင်က အသက်(၇၃)နှစ်ရှိ အိမ်ထောင်သည် တစ်ဦးဖြစ်သော တာဒါဟီရို မတ်ဆူရှီတာသည် အခြားအမျိုးသမီး တစ်ဦးနှင့် ဇာတ်လမ်းရှုပ်နေကြောင်း ဖော်ထုတ်ရေးသားပြီး ဖြန့်ဝေမှု မပြုမီ (၂)ရက်အလိုတွင် ဝန်ကြီးက သေကြောင်း ကြံစည်သွားခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းဝန်ကြီးသည် လူမှုရေး ဖောက်ပြန်မှု စွပ်စွဲချက်တစ်ခုနှင့် ရင်ဆိုင်ရပြီးနောက် မိမိကိုယ်ကိုယ် သေကြောင်း ကြံသွားကြောင်း သိရှိရသည်။ လူပြိန်းကြိုက် အပျော်ဖတ် မဂ္ဂဇင်း တစ်စောင်က အသက်(၇၃)နှစ်ရှိ အိမ်ထောင်သည် တစ်ဦးဖြစ်သော တာဒါဟီရို မတ်ဆူရှီတာသည် အခြားအမျိုးသမီး တစ်ဦးနှင့် ဇာတ်လမ်းရှုပ်နေကြောင်း ဖော်ထုတ်ရေးသားပြီး ဖြန့်ဝေမှု မပြုမီ (၂)ရက်အလိုတွင် ဝန်ကြီးက သေကြောင်း ကြံစည်သွားခြင်း ဖြစ်သည်။



တိုကျိုမြို့ရှိ နေအိမ်တွင် မတ်ဆူရှီတာအား ဆွဲကြိုးချ သတ်သေလျှက်သား အနေအထားဖြင့် တနင်္လာနေ့က တွေ့ရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ မတ်ဆူရှီတာသည် ၎င်း၏ ဇနီး၊ လက်ရှိ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဟီကို နိုဒါနှင့် အခြားသော ဝန်ကြီးများထံ လိပ်မူရေးသားထားသည့် စာများကိုလည်း ချန်ထားခဲ့သည်။ AFPသတင်းဌာနက ရှူကန်ရှင်ချို မဂ္ဂဇင်းကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေမည့် မဂ္ဂဇင်း၌ ဝန်ကြီးနှင့် အမျိုးသမီး တစ်ဦး၏ ဆက်နွယ်မှု အရှုပ်တော်ပုံကို ဖော်ပြထားကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ဖြေဆိုခြင်း မရှိခဲ့ဟု သိရသည်။

No comments:

Post a Comment