Tuesday, September 11, 2012

မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် နှစ်ပတ်လည် ညီလာခံ အခမ်းအနား ကျင်းပ





၂ဝ၁၁-၂ဝ၁၂ ခုနှစ် မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် နှစ်ပတ်လည် ညီလာခံ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံ အားကစား ကွင်းရှိ မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် လေ့ကျင့်ရေး ခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသိန်းက အလုပ် အမှုဆောင် အဖွဲ့မှ နှစ်ပတ်လည် ညီလာခံသို့ တင်သွင်းသည့် အစီရင် ခံစာကို ဖတ်ကြားခြင်း၊ စာရင်းစစ် ရှင်းတမ်းကို စာရင်းစစ် အဖွဲ့မှ ဒေါ်မိုး စီစီသန်းက ဖတ်ကြားခြင်းနှင့် အတည်ပြုခြင်း၊ မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဟန်က ၂ဝ၁၁-၂ဝ၁၂ ခုနှစ် တစ်နှစ်တာ ကာလအတွင်း လှူဒါန်းခဲ့သော အလှူရှင် များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်း တို့ကို ဆောင်ရွက် ခဲ့ကြသည်။

ယင်းနောက် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ ပြိုင်ပွဲတွင် မြန်မာ ကျွမ်းဘား အားကစားနည်း အောင်မြင်မှု ရရှိနိုင်ရေး အတွက် အလှူရှင်များ ဖြစ်ကြသည့် မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းဝင်း- ဒေါ်တင်တင်ဝင်း (ရွှေသပြေ ကုမ္ပဏီ)က ငွေကျပ်သိန်း ၃ဝဝ၊ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဟန် (Focus ကုမ္ပဏီ)က ငွေကျပ်သိန်း ၅ဝ၊ အမှုဆောင် ဦးချမ်းသာက ငွေကျပ်သိန်း ၅ဝ၊ တွဲဖက် အတွင်းရေးမှူး ဦးနေမင်းထွန်း (Two Triangle ကုမ္ပဏီ လီမိတက်)က ငွေကျပ် ၁ဝ သိန်း၊ အမှုဆောင် ဦးကျော်မိုးနိုင် (Kristlite Ligh- ting Specialistကုမ္ပဏီ လီမိတက်)က ငွေကျပ်သိန်း ၃ဝ၊ ဦးထက်ကျော်ရဲရင့်- ဒေါ်အေးပပခိုင် (ရွှေသပြေ ကုမ္ပဏီ) မိသားစုက အမေရိကန်ဒေါ်လာ ၁ဝဝဝဝ တို့ကို ပေးအပ် လှူဒါန်းကြရာ မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် ဥက္ကဋ္ဌက လက်ခံခဲ့ကြောင်း သတင်း ရရှိသည်။

From: Myawady

No comments:

Post a Comment