Tuesday, September 11, 2012

အင်တာနက် ရှာဖွေရေးတွင် အန္တရာယ်အများဆုံး Celebrity အီမာဝပ်ဆန်


အင်တာနက် လုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီကြီးက အတုအယောင် Linkများနှင့် Virusများကို ထောင်ချောက်ဆင်ရာတွင် Harry Potter ဇာတ်ဆောင် မင်းသမီး၏ အမည်ကို အများဆုံး အသုံးပြုလာကြောင်း ပြောဆိုခဲ့သည်။

အင်တာနက်ရှာဖွေရေးတွင် အန္တရာယ်အများဆုံး Celebrity အီမာဝပ်ဆန်
အီမာဝပ်ဆန်သည် အင်တာနက် ရှာဖွေရေး နယ်ပယ်တွင် အန္တရာယ် အများဆုံး Celebrityအဖြစ် McAfeeက သုံးသပ် ဖော်ပြလိုက်သည်။ အင်တာနက် လုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီကြီးက အတုအယောင်
Linkများနှင့် Virusများကို ထောင်ချောက်ဆင်ရာတွင် Harry Potter ဇာတ်ဆောင် မင်းသမီး၏ အမည်ကို အများဆုံး အသုံးပြုလာကြောင်း ပြောဆိုခဲ့သည်။



McAfeeက အင်တာနက်မှ ရှာဖွေသူများသည် Harry Potterနှင့် Emma Watsonဆိုသော အမည်များဖြင့် အီမာ၏ သတင်းများ၊ အခြားသော အကြောင်းအရာများကို ရှာဖွေလေ့ရှိပြီး Hackerများ၊ ဆိုင်ဘာ အမြတ်ထုတ်သူများ၏ ပစ်မှတ်အတွင်း ကျရောက်လေ့ ရှိတတ်ကြောင်း ရှင်းပြခဲ့သည်။ အသက်(၂၂)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးလေးအကြောင်း ရှာဖွေရင်း ထောက်ချောက် ဝက်ဘ်ဆိုက်နှင့် Linkများထံ ရောက်ရှိသွားနိုင်ခြေသည် (၈)ကြိမ်လျှင် (၁)ကြိမ်မျှ အခွင့်အရေး ရှိနေကြောင်း McAfeeက ဆိုသည်။

Intelက ပိုင်ဆိုင်ထားသော လုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီကြီးသည် နှစ်အလိုက် လေ့လာမှုများ ပြုလုပ်ခဲ့ရာ ဆဋ္ဌမနှစ်တွင် အန္တရာယ် အများဆုံး Celebrityအဖြစ် အီမာ၏ အမည်ကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်ကမူ ဟေဒီကလမ်သည် ထိပ်ဆုံးနေရာ ရခဲ့သည်။ McAfeeက အမျိုးသမီး Celebrityများ၏ အမည်ကို Hackerများက ထောင်ချောက်ဆင်ရန် ပိုမို အာရံကျလေ့ရှိကြောင်း ဖော်ပြခဲ့သည်။ McAfee၏ လေ့လာမှုအရ နောက်ထပ် အန္တရာယ်များသည့် Celebrityများ စာရင်းတွင် ဂျက်ဆီကာဘေးလ်၊ အီဗာမန်းဒက်စ်၊ ဆယ်လီနာဂိုမက်ဇ်နှင့် ဟယ်လီဘယ်ရီတို့လည်း ပါဝင်နေကြောင်း သိရှိရသည်။

SourceFoxNews
From: Planet

No comments:

Post a Comment