Monday, March 4, 2013

ရခိုင်တိုင်းရင်းသားများ အလိုရှိနေသည့် ရခိုင်နိုင်ငံရေး ပါတီနှစ်ခု ပေါင်းစည်းရန် တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေး

ရခိုင်တိုင်းရင်းသားများ အလိုရှိနေသည့် ရခိုင်နိုင်ငံရေး ပါတီနှစ်ခု ပေါင်းစည်းရန် တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေး
Monday, March 4, 2013
   
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပေါင်းစည်းရန် ရခိုင်တိုင်းရင်းသားများက အလိုရှိနေသော်လည်း ပေါင်းစည်းရန်အတွက် လက်ရှိအချိန်အထိ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''ရခိုင်ပြည်သူတွေ အလိုရှိတဲ့ ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ကို ကျွန်တော်တို့
ဘက်က အမြဲတံခါးဖွင့်ပြီး ကြိုဆိုနေပါတယ်။ ရခိုင်မှာလုပ်ခဲ့တဲ့ ရသေ့တောင် လူထုစည်းဝေးပွဲမှာ ကျွန်တော်တို့ပါတီနှစ်ခု ပူးပေါင်းဖို့ကို အားလုံးက တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုခဲ့ပါတယ်။ ပါတီနှစ်ခုကြားမှာ ပူးပေါင်းဖို့ကို တရားဝင်ဆွေးနွေးနိုင်ခြင်းတော့ မရှိသေးပါဘူး။ ပါတီနှစ်ခု ပူးပေါင်းပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ဘယ်နေရာကမဆို ပါဝင်သွားမှာပါ'' ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

ထို့အတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ''ကျွန်တော်တို့ပါတီမှာ ဒီကိစ္စကို ဆွေးနွေးဖို့ ကော်မတီတစ်ရပ် ဖွဲ့ထားပါတယ်။ သူတို့ဘက်ကနေ အလွတ်သဘောမျိုး ဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ ကျွန်တော်တို့ကတော့ ပါတီနှစ်ခု ပူးပေါင်းရေးကို တာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးတာမျိုးတွေကို လုပ်ချင်တယ်။ ခုထိတော့ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး'' ဟု ပြောသည်။

အလားတူပင် ''၁၉၉ဝ ရွေးကောက်ပွဲ စစ်တွေမဲဆန္ဒနယ်မှာ ရခိုင်တိုင်းရင်းသား ပါတီနှစ်ခု ပူးပေါင်းဖို့ မအောင်မြင်ခဲ့ဘဲ လူမျိုးခြားပါတီတစ်ခုက ရွေးကောက်ပွဲ အနိုင်ရသွားခဲ့တဲ့ သာဓကတစ်ခုလည်း ရှိခဲ့တယ်'' ဟု ဦးဦးလှစော က ပြောသည်။

တိုင်းရင်းသားပါတီများဖြစ်သည့် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့သည် လာမည့်မတ်လ မကုန်မီ တစ်ပါတီတည်းအဖြစ် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ထိုသို့ ချင်းပါတီနှစ်ခု ပူးပေါင်းရန် ၂ဝ၁၂ ခုနှစ် မေလကတည်းက ပူးပေါင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပူးပေါင်းရန် ၇ဝ ရာခိုင်နှုန်းခန့် အဆင်ပြေနေပြီဖြစ်၍ မတ်လမကုန်မီ အပြီးသတ် ပူးပေါင်းသွားမည်ဖြစ်သည်။

ပါတီအမည်ကို 'ချင်း အမျိုးသား တိုးတက်ရေးပါတီ' ဟု ရည်ရွယ်
ထားကြောင်း ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

Eleven Media Group

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပေါင်းစည်းရန် ရခိုင်တိုင်းရင်းသားများက အလိုရှိနေသော်လည်း ပေါင်းစည်းရန် အတွက် လက်ရှိအချိန်အထိ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''ရခိုင်ပြည်သူတွေ အလိုရှိတဲ့ ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ကို ကျွန်တော်တို့ဘက်က အမြဲတံခါးဖွင့်ပြီး ကြိုဆိုနေပါတယ်။ ရခိုင်မှာလုပ်ခဲ့တဲ့ ရသေ့တောင်လူထုစည်းဝေးပွဲမှာ ကျွန်တော်တို့ပါတီနှစ်ခု ပူးပေါင်းဖို့ကို အားလုံးက တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုခဲ့ပါတယ်။ ပါတီနှစ်ခုကြားမှာ ပူးပေါင်းဖို့ကို တရားဝင်ဆွေးနွေးနိုင်ခြင်းတော့ မရှိသေးပါဘူး။ ပါတီနှစ်ခု ပူးပေါင်းပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ဘယ်နေရာကမဆို ပါဝင်သွားမှာပါ'' ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

ထို့အတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ''ကျွန်တော်တို့ပါတီမှာ ဒီကိစ္စကို ဆွေးနွေးဖို့ ကော်မတီတစ်ရပ်ဖွဲ့ထားပါတယ်။ သူတို့ဘက်ကနေ အလွတ် သဘောမျိုး ဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ ကျွန်တော်တို့ကတော့ ပါတီနှစ်ခု ပူးပေါင်းရေးကို တာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးတာမျိုးတွေကို လုပ်ချင်တယ်။ ခုထိတော့ တရား ဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး'' ဟု ပြောသည်။

အလားတူပင် ''၁၉၉ဝ ရွေးကောက်ပွဲ စစ်တွေမဲဆန္ဒနယ်မှာ ရခိုင်တိုင်းရင်းသား ပါတီနှစ်ခု ပူးပေါင်းဖို့ မအောင်မြင်ခဲ့ဘဲ လူမျိုးခြားပါတီတစ်ခုက ရွေးကောက်ပွဲ အနိုင်ရသွားခဲ့တဲ့ သာဓကတစ်ခုလည်း ရှိခဲ့တယ်'' ဟု ဦးဦးလှစော က ပြောသည်။

တိုင်းရင်းသားပါတီများဖြစ်သည့် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့သည် လာမည့်မတ်လ မကုန်မီ တစ်ပါတီတည်းအဖြစ် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ချင်းပါတီနှစ်ခု ပူးပေါင်းရန် ၂ဝ၁၂ ခုနှစ် မေလကတည်းက ပူးပေါင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပူးပေါင်းရန် ၇ဝ ရာခိုင်နှုန်းခန့် အဆင်ပြေနေပြီဖြစ်၍ မတ်လမကုန်မီ အပြီးသတ် ပူးပေါင်း သွားမည်ဖြစ်သည်။

ပါတီအမည်ကို 'ချင်း အမျိုးသား တိုးတက်ရေးပါတီ' ဟု ရည်ရွယ်ထားကြောင်း ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

Eleven Media Group

No comments:

Post a Comment