Monday, March 4, 2013

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း တရုတ် စစ်သင်္ဘောများ ၀င်ရောက်

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း 
တရုတ် စစ်သင်္ဘောများ ၀င်ရောက်
Monday, March 4, 2013

တရုတ် စစ်သင်္ဘော များသည် ကြိုတင် အကြောင်းကြားမှု မရှိဘဲ ပင်လယ်ဝါ အတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း ကင်းလှည့်မှု ပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ ပါသည်။

တရုတ်ဖျက် သင်္ဘောများနှင့် အစောင့် ရေယာဉ်များသည် စစ်ရေး
လေ့ကျင့်ခန်း ပြုလုပ်ရန် အတွက် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်အထိ ပင်လယ်ဝါ အတွင်း ကိုရီးယား လေကြောင်း ရန် ကာကွယ်ရေးဇုန် (KADIZ) အောက်ရှိ စစ်ဆင်ရေး ဧရိယာ (AO) အတွင်း ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် အရင်းအမြစ် များက ပြောကြားခဲ့ ပါသည်။ စစ်ဆင်ရေး ဧရိယာ (AO) အတွင်းသို့ ပြည်ပ ရေယာဉ်များ ဝင်ရောက်ခြင်းသည် နိုင်ငံတကာ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း၊ တရုတ် အာဏာပိုင်များ အနေဖြင့် ပုံမှန် ရေကြောင်း လှုပ်ရှားမှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု
ပြောကြားသော်လည်း ၎င်းတို့သည် စစ်ဆင်ရေး ဧရိယာ (AO) အား အသိအမှတ်ပြုခြင်း မရှိကြောင်း သတင်း အရင်းအမြစ် များက ဖော်ပြခဲ့ ကြပါသည်။

http://bit.ly/XDXBth

မြ၀တီ
တရုတ် စစ်သင်္ဘောများသည် ကြိုတင် အကြောင်းကြားမှုမရှိဘဲ ပင်လယ်ဝါအတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေး ဇုန် ဖြစ်သော ရေပိုင်နက်အတွင်း ကင်းလှည့်မှုပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ပါသည်။

တရုတ်ဖျက် သင်္ဘောများနှင့် အစောင့် ရေယာဉ်များသည် စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ရန်အတွက် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်အထိ ပင်လယ်ဝါအတွင်း ကိုရီးယား လေကြောင်းရန် ကာကွယ်ရေးဇုန် (KADIZ) အောက်ရှိစစ်ဆင်ရေး ဧရိယာ (AO) အတွင်းဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက် အရင်းအမြစ်များက ပြောကြားခဲ့ပါသည်။ စစ်ဆင်ရေးဧရိယာ (AO)အတွင်းသို့ ပြည်ပရေယာဉ်များ ဝင်ရောက်ခြင်းသည် နိုင်ငံတကာ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း၊ တရုတ် အာဏာပိုင်များ အနေဖြင့် ပုံမှန် ရေကြောင်း လှုပ်ရှားမှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟုပြောကြားသော်လည်း ၎င်းတို့သည် စစ်ဆင်ရေး ဧရိယာ (AO) အား အသိအမှတ်ပြုခြင်း မရှိကြောင်း သတင်း အရင်းအမြစ် များက ဖော်ပြခဲ့ ကြပါသည်။

မြ၀တီ


No comments:

Post a Comment