Monday, March 4, 2013

ရော်နယ်လ်ဒိုကို ပြန်ခေါ်မည့်သတင်းအား ဖာဂူဆန် ငြင်းဆို

ရော်နယ်လ်ဒိုကို ပြန်ခေါ်မည့်သတင်းအား ဖာဂူဆန် ငြင်းဆို
Monday, March 4, 2013

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းသို့
ပြန်လည် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများအား ငြင်းဆို
လိုက်သည်။

ရော်နယ်လ်ဒိုသည် လက်ရှိကလပ် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာပြီး ချန်ပီယံလိဂ် ပွဲစဉ်ကို ရင်ဆိုင် ကစားမည် ဖြစ်သည်။ အင်္ဂါနေ့ညတွင် ကစားမည့် အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်း ဂျာစီနှင့် မဟုတ်ဘဲ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးတွင် ပထမဆုံးအကြိမ် ရော်နယ်လ်ဒို ယှဉ်ပြိုင်ကစားမည့် ပွဲလည်း ဖြစ်သည်။

အဆိုပါ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးသည် လူငယ်ဘဝက စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ပြောင်းရွှေ့လာပြီးနောက် (၂၀၀၈)ခုနှစ်၊ ကမ္ဘာ့အကောင်းဆုံးဆုကို ဆွတ်ခူး ရယူနိုင်သည်အထိ အောင်မြင်မှု ကြီးမားလာသည်။ ၎င်းသည် (၂၀၀၉)ခုနှစ်တွင်မူ ကမ္ဘာ့စံချိန်တင်
ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ဘာနေဗျူးသို့ 
ရောက်ရှိသွားခဲ့သည်။

ရော်နယ်လ်ဒိုသည် ရီးယဲလ်တွင် ယခုရာသီ အစောပိုင်းက မပျော်မရွှင် ဖြစ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသလို ယခုတစ်ဖန် အိုးလ်ထရက်ဖို့ဒ်သို့ ပြန်ရောက်လာချိန်တွင်လည်း မန်ယူသို့ ရာသီကုန်တွင် ပြန်လည် ပြောင်းရွှေ့နိုင်ကြောင်း သတင်းများ အားကောင်းလာသည်။

ဖာဂူဆန်ကမူ လာမည့်နွေရာသီတွင် မန်ယူသို့ ရော်နယ်လ်ဒို ပြန်လာရေးမှာ မဖြစ်နိုင်ဟု ဖွင့်ဟခဲ့သည်။ "ရော်နယ်လ်ဒိုကို မဖြစ်မနေ ပြန်ခေါ်
လာနိုင်မယ်လို့ ကျွန်တော့်စိတ်ကို တွန်းအားပေးမယ့် အရာမျိုး မရှိပါဘူး။ ရော်နယ်လ်ဒိုဟာ လက်ရှိ ကစားပုံ ကောင်းမွန်နေသလို သူ့ရဲ့ စာချုပ်သက်တမ်းကလည်း (၂)နှစ် ကျန်ပါသေးတယ်။ ပြီးတော့ ရီးယဲလ်မှာပဲ သက်တမ်းတိုး စာချုပ်ဖို့ ဆွေးနွေးမယ်လို့ ထင်ပါတယ်"ဟု ဖာဂူဆန်က မှတ်ချက် ပြုခဲ့သည်။

၎င်းက "ခုကိစ္စမှာ သူ့အေးဂျင့်က တစ်ခုခု ခြယ်လှယ် သတင်းဖြန့်နေ
တာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်ဟာ မှားယွင်းတဲ့ မျှော်လင့်မှုလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်ယူကို ပြန်လာချိန်မှာ အသင်းက သူ့ကို ကောင်းကောင်း ကြိုဆိုမှာပါ။ ကျွန်တော်တို့ အသင်းဟာ ကစားသမားဟောင်းတွေကို အလေးအနက် ကြိုလေ့ ရှိပါတယ်။ အထူးသဖြင့် ကိုယ့်အသင်းအပေါ် အကောင်းဆုံးဖြစ်အောင် စွမ်းစွမ်းတမံ ကူညီခဲ့သူတွေကို ဆိုပါတော့"ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။

Planet Myanmar Network
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်း သို့ ပြန်လည် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများအား ငြင်းဆို
လိုက်သည်။

ရော်နယ်လ်ဒိုသည် လက်ရှိကလပ် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာပြီး ချန်ပီယံလိဂ် ပွဲစဉ်ကို ရင်ဆိုင် ကစားမည် ဖြစ်သည်။ အင်္ဂါနေ့ညတွင် ကစားမည့် အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်း ဂျာစီနှင့် မဟုတ်ဘဲ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးတွင် ပထမဆုံးအကြိမ် ရော်နယ်လ်ဒို ယှဉ်ပြိုင်ကစားမည့် ပွဲလည်း ဖြစ်သည်။

အဆိုပါ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးသည် လူငယ်ဘဝက စပို့တင်းလစ္စဘွန်းမှ မန်ယူ သို့ ပြောင်းရွှေ့လာပြီးနောက် (၂၀၀၈)ခုနှစ်၊ ကမ္ဘာ့အကောင်းဆုံးဆုကို ဆွတ်ခူး ရယူနိုင်သည် အထိ အောင်မြင်မှု ကြီးမားလာသည်။ ၎င်းသည် (၂၀၀၉)ခုနှစ်တွင်မူ ကမ္ဘာ့ စံချိန် တင်ပြောင်းရွှေ့ ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ဘာနေဗျူးသို့ရောက်ရှိသွားခဲ့သည်။

ရော်နယ်လ်ဒိုသည် ရီးယဲလ်တွင် ယခုရာသီ အစောပိုင်းက မပျော်မရွှင် ဖြစ်နေကြောင်း ထုတ်ဖော် ပြော ဆိုခဲ့ ဖူးသလို ယခုတစ်ဖန် အိုးလ်ထရက်ဖို့ဒ်သို့ ပြန်ရောက်လာချိန်တွင်လည်း မန်ယူသို့ ရာသီကုန် တွင် ပြန်လည် ပြောင်းရွှေ့နိုင်ကြောင်း သတင်းများ အားကောင်းလာသည်။

ဖာဂူဆန်ကမူ လာမည့်နွေရာသီတွင် မန်ယူသို့ ရော်နယ်လ်ဒို ပြန်လာရေးမှာ မဖြစ်နိုင်ဟု ဖွင့်ဟခဲ့သည်။ "ရော်နယ်လ်ဒိုကို မဖြစ်မနေ ပြန်ခေါ်လာနိုင်မယ်လို့ ကျွန်တော့်စိတ်ကို တွန်းအားပေးမယ့် အရာမျိုး မရှိပါဘူး။ ရော်နယ်လ်ဒိုဟာ လက်ရှိ ကစားပုံ ကောင်းမွန်နေသလို သူ့ရဲ့ စာချုပ်သက်တမ်းကလည်း (၂)နှစ် ကျန်ပါသေးတယ်။ ပြီးတော့ ရီးယဲလ်မှာပဲ သက်တမ်းတိုး စာချုပ်ဖို့ ဆွေးနွေးမယ်လို့ ထင်ပါ တယ်"ဟု ဖာဂူဆန်က မှတ်ချက် ပြုခဲ့သည်။

၎င်းက "ခုကိစ္စမှာ သူ့အေးဂျင့်က တစ်ခုခု ခြယ်လှယ် သတင်းဖြန့်နေတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်ဟာ မှားယွင်းတဲ့ မျှော်လင့်မှုလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်ယူကို ပြန် လာချိန်မှာ အသင်းက သူ့ကို ကောင်းကောင်း ကြိုဆိုမှာပါ။ ကျွန်တော်တို့ အသင်းဟာ ကစား သမားဟောင်းတွေကို အလေးအနက် ကြိုလေ့ ရှိပါတယ်။ အထူးသဖြင့် ကိုယ့်အသင်းအပေါ် အကောင်းဆုံးဖြစ်အောင် စွမ်းစွမ်းတမံ ကူညီခဲ့သူတွေကို ဆိုပါတော့"ဟုလည်း ဆက်လက် ပြောကြား သွားခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment