သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ကူညီထောက် ပံ့ ပေးနိုင်သည့် ဂျပန်နိုင်ငံထုတ်စက်ရုပ် ခြေထောက်ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာလုံခြုံစိတ်ချရမှု အသိအမှတ်ပြု လက်မှတ် အား ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
The Hybrid Assistive Limb (HAL) ဟု အမည်ပေးထားသော အားသွင်းစက်ရုပ်ခြေထောက် ဝတ်စုံအား ဂျပန်စက်ရုပ်ထုတ်လုပ်သည့် ဆိုင်ဘာဒင်းကုမ္ပဏီမှထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလားတူစက်ရုပ် လက်ဝတ် စုံကိုလည်း ထပ်မံ
ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၎င်း၏ အရည်အသွေး အာမခံချက်အား အပြည်ပြည်ဆိုင်ရာ လူသားအသုံးပြုစက်ရုပ်များ၏ လုံခြုံ စိတ်ချ ရမှုအဆင့်အတန်းသတ်မှတ်သည့်
အဖွဲ့အစည်းမှ ယခုနှစ်ကုန်ပိုင်းတွင် ပေးအပ်သွားမည်ဟု ယူဆ ရကြောင်း
ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ဝန်ကြီးဌာနမှပြောကြားခဲ့သည်။
ဘက်ထရီအသုံးပြု HAL သည် အသုံးပြုသူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် လိုက်လျောညီထွေ ရှိစေရန် ထောက်ပံ့ပေးနိုင်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရသည့်သက်ကြီးရွယ်အိုများ နှင့် သူနာပြု အကူအညီ ယူနေရသည့် သက်ကြီး
ရွယ်အိုများအတွက် အထောက် အကူ ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုကျိုမြို့၏ အရှေ့မြောက်ဘက် ဆူကူဘာမြို့ အခြေစိုက် ဆိုင်ဘာဒင်း
ကုမ္ပဏီသည် စက်ရုပ်ဝတ်စုံ အစုံ ၃၃ဝ အား နိုင်ငံအတွင်းရှိ ဆေးရုံများနှင့်
လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ပေါင်း ၁၅ဝ သို့ ၂ဝ၁ဝ ပြည့်နှစ်ကတည်းကပင်ငှားရမ်းခဲ့ပြီး တစ်နှစ်ငှားရမ်းခမှာ တစ်စုံလျှင် ယန်း ၁၇၈ဝဝဝ (အမေရိ ကန်ဒေါ်လာ ၁၉၅ဝ) ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် စက်ရုံသုံးစက်ရုပ်များသုံးစွဲမှုမှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စက်ရုပ်ဝတ်စုံများအား ဆေး ရုံများနှင့် ဘိုးဘွားရိပ်သာများတွင် တဖြည်းဖြည်းသုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။
မြ၀တီ
သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ကူညီထောက် ပံ့ ပေးနိုင်သည့် ဂျပန်နိုင်ငံထုတ်စက်ရုပ် ခြေထောက်ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာလုံခြုံစိတ်ချရမှု အသိအမှတ်ပြု လက်မှတ် အား ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
The Hybrid Assistive Limb (HAL) ဟု အမည်ပေးထားသော အားသွင်းစက်ရုပ်ခြေထောက် ဝတ်စုံအား ဂျပန်စက်ရုပ်ထုတ်လုပ်သည့် ဆိုင်ဘာဒင်းကုမ္ပဏီမှထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလားတူစက်ရုပ် လက်ဝတ် စုံကိုလည်း ထပ်မံ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၎င်း၏ အရည်အသွေး အာမခံချက်အား အပြည်ပြည်ဆိုင်ရာ လူသားအသုံးပြုစက်ရုပ်များ၏ လုံခြုံ စိတ်ချ ရမှုအဆင့်အတန်းသတ်မှတ်သည့် အဖွဲ့အစည်းမှ ယခုနှစ်ကုန်ပိုင်းတွင် ပေးအပ်သွားမည်ဟု ယူဆ ရကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ဝန်ကြီးဌာနမှပြောကြားခဲ့သည်။
ဘက်ထရီအသုံးပြု HAL သည် အသုံးပြုသူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် လိုက်လျောညီထွေ ရှိစေရန် ထောက်ပံ့ပေးနိုင်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရသည့်သက်ကြီးရွယ်အိုများ နှင့် သူနာပြု အကူအညီ ယူနေရသည့် သက်ကြီး ရွယ်အိုများအတွက် အထောက် အကူ ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုကျိုမြို့၏ အရှေ့မြောက်ဘက် ဆူကူဘာမြို့ အခြေစိုက် ဆိုင်ဘာဒင်း ကုမ္ပဏီသည် စက်ရုပ်ဝတ်စုံ အစုံ ၃၃ဝ အား နိုင်ငံအတွင်းရှိ ဆေးရုံများနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ပေါင်း ၁၅ဝ သို့ ၂ဝ၁ဝ ပြည့်နှစ်ကတည်းကပင်ငှားရမ်းခဲ့ပြီး တစ်နှစ်ငှားရမ်းခမှာ တစ်စုံလျှင် ယန်း ၁၇၈ဝဝဝ (အမေရိ ကန်ဒေါ်လာ ၁၉၅ဝ) ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် စက်ရုံသုံးစက်ရုပ်များသုံးစွဲမှုမှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စက်ရုပ်ဝတ်စုံများအား ဆေး ရုံများနှင့် ဘိုးဘွားရိပ်သာများတွင် တဖြည်းဖြည်းသုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment