ဖင်လန်နိုင်ငံ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာတီ အာထစ် ဆရီက မြန်မာ ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် နိုဗယ်ဆုဆွတ်ခူးနိုင်မည်ဟု ယုံ ကြည်ကြောင်း ပြောကြားလိုက်သည်။
အာထစ်ဆရီသည် မြန်မာ၏ပြုပြင်ပြောင်းလဲရေးသမ္မတဦးသိန်းစိန်နှင့် ဖင်လန်မြို့ တော်ဟယ်ဆင်ကီတွင် တွေ့ ဆုံခဲ့ပြီးနောက် ဤသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန် ဟယ်ဆင်ကီသို့ ရောက်ရှိစဉ် ဖင်လန် အစိုးရက မြန်မာအားဖွံ့ ဖြိုးရေး အကူအညီအဖြစ် ယူရို၆ ဒဿမ ၅ သန်း (ဒေါ်လာ ၈ ဒဿမ ၄ သန်း) ပေးအပ် သွားရန်ကြေငြာခဲ့သည်။
ယခင်က ဖင်လန်သမ္မတအဖြစ်လည်း တာဝန်ယူခဲ့သူနိုဗယ်ဆုရှင် မစ္စတာအာထစ်ဆရီက မြန်မာအစိုးရ သည်၎င်းတို့ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ဒီမိုကရေစီအသွင်ကူးပြောင်းရေးများ ပြီးပြည့် စုံအောင်မြင်သွားပါက နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် အရေးပါသည့်ဆန်ကာတင်စာရင်းဝင် ဆုရှင်ဖြစ် လာနိုင်သည်ဟု ယုံကြည်ကြောင်း ပြောသည်။
အာထစ်ဆရီ ကိုယ်တိုင်လည်း ၂၀၀၈ အတွက် ငြိမ်ချမ်းရေးနိုဗယ်ဆုကို နိုင်ငံတကာပဋိပက္ခများစွာ၌ ကြား ဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက် ခဲ့မှုကြောင့်ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းက မြန်မာအစိုးရသည် သမ္မတဦးသိန်းစိန်၏ လက်အောက်၌ “ဥပမာအားဖြင့် ကြားဖြတ်အစိုးရ တစ်ရပ် က လုပ်ဆောင်သည်ထက် ပိုမြန် သည့် ရလဒ်များကိုလျင်မြန်စွာရခဲ့ကြောင်း ” အသိ အမှတ်ပြုပြော ကြား သည်။
ယင်းပြင်၎င်းက သမ္မတ ဦးသိန်းစိန်အားလည်း တိုင်းပြည်ကို အသွင်ပြောင်းလဲရေး အားထုတ်မှုများ ဆက်လက်လုပ်ဆောင်သွားရန်နှင့် အပြောင်းအလဲသည် အတွင်းမှသာလာကြောင်းပြောဆိုခဲ့သည်။
ဖင်လန်သမ္မတ ဆော်လီ နင်နစ္စတိုသည် မြန်မာ သမ္မတနှင့်သောကြာနေ့ က တွေ့ ဆုံခဲ့ ပြီးနောက် မြန်မာ သို့ ဖွံ့ ဖြိုးရေးအကူအညီ ယူရို ၆ ဒဿမ ၅ သန်းပေးရန် ကြေငြာခဲ့သည်။
ယင်းနောက် မြန်မာသမ္မတနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက “ဖင်လန်ဟာ မြန်မာကို ပူးပေါင်းသွားဖို့ ဆန္ဒရှိပါတယ်။ လူ့အခွင့်အရေးတိုးတက်ဖို့ ခြေလှမ်းတွေလည်း စတင်ခဲ့ပါပြီ”ဟု ပြောကြား သည်။
သံတမန်ရင်းမြစ်များ၏ အဆိုအရ ဖင်လန်၏ထောက်ပံ့ရေး အကူအညီများသည် မြန်မာသို့ ၂၀၁၄ မှ ၂၀၁၆ အတွင်းပေးအပ်သွားမည်ဟု သိရသည်။
Ref: AFP
The Myanma Age
No comments:
Post a Comment