Edit This Menu
Wednesday, September 19, 2012
၂၀၁၃ တွင် လွတ်လပ်သည့် ငွေကြေးမူဝါဒ ကျင့်သုံးရန် မြန်မာလျာထား
ရင်းနှီးမြှုပ်နှံသူများက ယခင် စစ်အစိုးရဟောင်းမှ ပြောင်းလဲလာသော
အစိုးရသစ်ထံသို့ ငွေကြေးများ ထည့်ဝင်မြှုပ်နှံ ရန် ပြင်ဆင်နေကြပြီဖြစ်၍
ဈေးနှုန်းများနှင့် ဘဏ်များ တည်ငြိမ်နေစေရန် လာမည့်နှစ်ဝက်တွင် လွတ်လပ်သည့်ငွေကြေးမူဝါဒကို ကျင့်သုံး အကောင်အထည် ဖော်ရန် မြန်မာဗဟိုဘဏ်က ပြင်ဆင်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲမိန့်ခွန်းပြောမည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်
ပြည်ထောင်စု အောက်လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု
အပါအဝင် တခြားဆုတွေကို လက်ခံ ယူဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်ကို မနေ့က
မနက် ၁ဝ နာရီခွဲမှာ ဂျပန်နိုင်ငံကတဆင့် ရောက်ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန်စံတော်ချိန် မနက် ၉ နာရီမှာ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ပူးတွဲမိန့်ခွန်း
ပြောကြားမှာ ဖြစ်ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး အဖြေ သုံးပွင့်ဆိုင် ဖြစ်ပေ
မလေးရှားကို လှေနဲ့ ခိုးသွားမည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၂ ဦးဖမ်းဆီးခံရ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့
ခိုးသွားမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၂ ဦးနဲ့ ကို စစ်တကောင်းမှာ
ရဲအဖွဲ့က မနေ့မနက်က ဖမ်းဆီးလိုက်ပါတယ်။
Photo: thedailystar
သူတို့ဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနယ်နယ် အရပ်ရပ်က ဖြစ်ပြီး စစ်တကောင်း
ခရိုင် ဘန်ခါလီဆိုတဲ့ အရပ်မှာ လူမှောင်ခိုသမားတွေက စက်လှေနဲ့
ယူဆောင်သွားဖို့ စုရုံးနေစဉ် ဖမ်းဆီးခံရ တာ ဖြစ်ပါ တယ်။ သူတို့ ၁၁၂ ဦးနဲ့
အတူ ဘုတ်ပိုင်ရှင်ကိုလည်း ရဲက ဖမ်းဆီးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး အင်စတီကျု ဟောပြောမှု
ယမန်နေ့
စက်တင်ဘာလ ၁၈ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာရှိတဲ့
ငြိမ်းချမ်းရေး အင်စတီကျုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို မိတ်ဆက်အပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနဲ့
အတူ တွေ့ရစဉ်။
မြန်မာစံတော်ချိန် ည ၁၂ နာရီကျော်လောက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး အင်စတီကျူမှာ အစီအစဉ် ပထမဆုံး ဟောပြောဆွေးနွေးတဲ့သူဖြစ်ပါတယ်။
မြန်မာစံတော်ချိန် ည ၁၂ နာရီကျော်လောက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး အင်စတီကျူမှာ အစီအစဉ် ပထမဆုံး ဟောပြောဆွေးနွေးတဲ့သူဖြစ်ပါတယ်။
Tuesday, September 18, 2012
လွတ်လာသူများထဲ နိုင်ငံရေး အကျဉ်သား ၉၀ ခန့်သာ ပါဝင်
![]() |
မန္တလေး အိုးဘိုထောင်မှ လွှတ်မြောက်လာ
သူများကို တွေ့ရစဉ်
|
အစိုးရ၏ လွတ်ငြိမ်းသက်သာမိန့်ဖြင့် ယမန်နေ့က အကျဉ်းထောင် အသီးသီးမှ
အကျဉ်းသားပေါင်း ၅၁၄ ဦးကို ပြန်လွှတ်ပေး လိုက် သော်လည်း နိုင်ငံရေး
အကျဉ်းသား စုစုပေါင်း ၈၇ ဦးသာ ပါဝင်ကြောင်း သတင်း ရရှိသည်။
“အခုအထိ လွတ်လာတဲ့ စာရင်းတွေအရ အတည်ပြုလို့ရတဲ့ နိုင်ငံရေး အကျဉ်းသား
စုစုပေါင်း ၈၇ ဦး ပါတယ်သိရပါ တယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က
ဦးအံ့ဘွယ်ကျော်က ဧရာဝတီကို ပြော သည်။
ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှ ၂၀၀၇- ၂၀၁၂ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါ သဘောထားကြေညာချက်တွင် အချက် ၁၀ ချက်ပါဝင်ပြီးယနေ့ မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို ရဟန်းသံဃာတော်များအနေဖြင့် မျက်ခြေမပြတ်လေ့လာသုံးသပ်လျှက်ရှိကြောင်း၊အပြု သဘောဆောင်သည့် အနေအထားများရှိနေသည်ကို အသိအမှတ်ပြုကြောင်း၊ ယခုထက်ပိုမိုပွင့်လင်းမြင်သာရှိ ရန် နိုင်ငံရေး အင်အားစု အားလုံးနှင့်လက်တွဲဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ
အဆိုပါ သဘောထားကြေညာချက်တွင် အချက် ၁၀ ချက်ပါဝင်ပြီးယနေ့ မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို ရဟန်းသံဃာတော်များအနေဖြင့် မျက်ခြေမပြတ်လေ့လာသုံးသပ်လျှက်ရှိကြောင်း၊အပြု သဘောဆောင်သည့် အနေအထားများရှိနေသည်ကို အသိအမှတ်ပြုကြောင်း၊ ယခုထက်ပိုမိုပွင့်လင်းမြင်သာရှိ ရန် နိုင်ငံရေး အင်အားစု အားလုံးနှင့်လက်တွဲဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ
ဦးရွှေထူး ပြန်လွတ်ပါပြီ
နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရပြီး မနေ့ကမှ ထောင်က ပြန်လွတ်လာတဲ့ ဦးရွှေထူး အကြောင်း သိကောင်းစရာ ။
မြန်မာ့တပ်မတော်တပ်မဟာ(၁၃) တပ်မင်းကြီး ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘဖြူ (ငြိမ်း) နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် နှင့် ဒေါ်မြသွေးတို့မှ (၂၀)ရက် နိုဝင်ဘာလ ၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။မွေးချင်းငါးယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။
မြန်မာနိုင်ငံသားများ မလေးရှား မြန်မာသံရုံး အနီးတွင် ဆန္ဒပြ
ခိုင်မောင်ဦး(မလေး)
မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်မြို့
မြန်မာ သံရုံး အနီးတွင် မြန်မာနိုင်ငံသား
များက ဆားလင်းကြီး မြို့နယ် လက်ပံ
တောင်းတောင် ကြေးနီစီမံကိန်း လုံးဝ
ရပ်ဆိုင်းပေးရန်၊ ကချင်စစ် ရပ်စဲရန်နှင့် ကျန်ရှိ နေသေးသော နိုင်ငံအရေးအကျဉ်းများ လွှက်မြောက်ရန် စသည့် အရေးများ
အတွက် ယနေ့ နံနက်က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။စစ်တွေ အကျဉ်းထောင်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား (၁၁၄) ဦး အပါအဝင် အကျဉ်းသား(၁၆၆)ဦး ပြန်လည်လွတ်မြောက်
စက်တင်ဘာ (၁၇) ရက်နေ့က စစ်တွေ
အကျဉ်းထောင်မှ အကျဉ်းသား (၁၆၆)
ဦးအား ပြန်လွှတ်ပေးလိုက်သည်။
ပြန်လွှတ်ပေးလိုက်သူများတွင် နယ်စပ်ဒေသနှင့် လူဝင်မှုကြီးကြပ်ရေးရုံးမှ
(၃) ဦး၊ ထိုင်းနိုင်ငံသား (၁) ဦး၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား (၁၁၄) ဦး၊ ညမထွက်ရ အမိန့်ဖောက်ဖျက်၍ အရေးယူခံထားရသူ မြန်မာနိုင်ငံသား (၄၈) ဦး ပါဝင်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ခ်ျတွင် YouTube ကိုစတင် ပိတ်ပင်ပြီ
မြန်မာ့ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင်
အစိုးရမှ YouTube ကို ယမန်နေ့ညနေမှ စတင် ပိတ်လိုက်ပြီ ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ခေါင်းဆောင် ခါလစ်ဒါ ဇီယာတို့မှ မူဟာမက် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောဆိုမူ ထွက်ပေါ်လာပြီး နောက် YouTube ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ရခိုင်နှင့် မူဆလင်ခေါင်းဆောင်များ လူမျိုးစုနှင့် ပဋိပက္ခအရေး အလေးထားဆွေးနွေး
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့
(၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေး
ပွဲ နောက်ဆုံးနေ့မှာ (၈၈)မျိုးဆက်
ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ရခိုင်နဲ့ မူဆလင်
ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစုအရေးနဲ့ ပဋိပက္ခအရေးအတွက် အလေး ထား ဆွေးနွေးခဲ့ကြပါတယ်။အစိုးရတပ်နှင့် KIA တို့ ဋ္ဌာန ချုပ် လိုင်ဇာအနီး တွင် တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်ပွားနေ
တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌာနချုပ်
လိုင်ဇာမြို့အနီး ထိုးစစ်ဆင်တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့များကို KIA
နှင့် ABSDF
(မြောက်ပိုင်း)
ကျောင်းသားတပ်
(မြောက်ပိုင်း)
ကျောင်းသားတပ် နော်ဝေက ပေးသည့် အခွန် အထူးအခွင့်အရေ: အကျိုးမဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၁၃
ဆယ်စုနှစ် တစ်စုကြာ ပိတ်ပင် ထားခဲ့သည့် နော်ဝေ နိုင်ငံ၏
အခွန်ကင်းလွတ်ခွင့် GSP ပြန်လည် ရရှိလာသော် လည်း မြန်မာရေ လုပ်ငန်းနှင့်
အထည်ချုပ် လုပ်ငန်းများ အတွက် အကျိုး ဖြစ်ထွန်းမည် မဟုတ်ကြောင်း
ယင်းနယ်ပယ်တွင် လုပ်ကိုင်နေသည့် အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များက
ပြောကြားသည်။
အီးယူ က မြန်မာနိုင်ငံ ကို ကုန်သွယ်ရေး ဆိုင်ရာ အထူးအခွင့် အရေးတွေပေးသွား ဖို့ အစီအစဉ် တစ်ရပ်ကို တင်သွင်း
အီးယူ
ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ကို ကုန်သွယ်ရေးဆိုင်ရာ
အထူးအခွင့်အရေးတွေပေးသွားဖို့ အစီအစဉ် တစ်ရပ်ကို တင်သွင်းလိုက်ပြီလို့
သိရပါတယ်။
အဲဒီ
အစီအစဉ်မှာ စစ်လက်နှက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံက တင်သွင်းလာတဲ့
ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂဈေးကွက်ထဲကို အကောက်ခွန်မဲ့
တင်သွင်းခွင့်ပြုမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။
အဲဒီ
အစီအစဉ်မှာ စစ်လက်နှက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံက တင်သွင်းလာတဲ့
ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂဈေးကွက်ထဲကို အကောက်ခွန်မဲ့
တင်သွင်းခွင့်ပြုမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ဒေါ်အောင်ဆန်းစု ကြည်အား ဆုချီးမြှင့် မည့်အခမ်း အနားတွင် ကချင်အ မျိုးသားများ တက်ေ ရာက်မည် မဟုတ်

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အမြင့်ဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခြင်းကို လက်ခံရယူရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ကချင်မဟာမိတ်
(Kachin Alliance) မှ လှိုက်လှဲစွာကြိုဆိုသော် လည်း ဂုဏ်ပြုအခမ်းအနားတွင်မူ
စစ်မက်ပြဿနာရင်ဆိုင်နေရသောကချင်တိုင်းရင်းသားများအနေဖြင့်တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
လွတ်ငြိမ်းချမ်းသာ ခွင့်မှာ နိုင်ငံရေး အကျဉ်း သား ၉၀နီးပါး ပါဝင်

အကျဉ်းသား မိသားစုဝင်များ စောင့်ဆိုင်းနေစဉ်။

ပါဝင်တယ်လို့
သိရပါတယ်။ ဒီအကြောင်း ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်
မအေးအေးမာက ဆက်သွယ် မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။အကျဉ်းသား ၅၁၄ဦး ကို မြန် မာ အစိုးရ လွတ်ငြိမ်း ချမ်းသာခွင့် ပေး

သမ္မတ
ဦးသိန်းစိန် အစိုးရ တက်လာပြီး ကတည်းကစလို့ ခုလို လွတ်ငြိမ်းချမ်းသာခွင့်
ပေးတာ ဒါနဲ့ဆိုရင် (၆) ကြိမ် ရှိသွားပါပြီ။ (Jan 13 2012)

Monday, September 17, 2012
ကင်းလှည့်ရေယာဉ်များ စေလွှတ်ခဲ့မှုအပေါ် အောင်မြင်သောစစ်ရေးအဖြစ် တရုတ်ကြေညာ
တရုတ်နိုင်ငံက ပိုင်ဆိုင်မှု အငြင်းပွားရာ
ကျွန်းများအနီး ကင်းလှည့်မှု ကို အောင်မြင်သော စစ်ဆင်ရေး လုပ်ငန်းတစ်ခု အဖြစ်
ကြေညာခဲ့သည်။ တရုတ်သည် ၎င်းတို့၏ စစ်တပ်ရေယာဉ် (၆)စင်းကို ဂျပန်နှင့်
ပိုင်ဆိုင်မှု အငြင်းပွားနေရာ ကျွန်းများထံသို့ စေလွှတ်ခဲ့ကြောင်း အတည်ပြု
ပြော ကြားခဲ့သည်။ တရုတ်တွင် ဒိုင်အိုယူဟု ခေါ်ပြီး ဂျပန်တွင် ဆန်ကာကူဟု
လူသိများသော ကျွန်းများအနက် ကျွန်း(၃)ခုကို ဂျပန်နိုင်ငံက ဝယ်ယူရန်
သဘောတူညီမှု ရရှိခဲ့ပြီးနောက် တရုတ်က ရေတပ်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပါနက်တာက တိုကျိုတွင် ရှိနေစဉ်
ယခုကိစ္စနှင့် ပတ်သက်၍ တရုတ်ရော၊ ဂျပန်ပါ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်
တိုက်တွန်းထားသည်။Robocop ဇာတ်ကား ပြန်လည်ဆန်းသစ်ရိုက်ကူး
![]() |
| (Robocop ရုပ်ရှင်ဇာတ်ကားရိုက်ကွင်း) |
(၁၉၈၀)ပြည့်လွန် နှစ်များက စိတ်ကူးယဉ်
သိပ္ပံသူရဲကောင်း တစ်ဦးဖြစ်ခဲ့သော ရဲစက်ရုပ် Robocop အနေဖြင့် ရုပ်ရှင်
ပိတ်ကားပြင်ပေါ် ပြန်လည် ရောက်ရှိလာတော့မည် ဖြစ်သည်။ The Killingစတား
ရုပ်ရှင်မင်းသား ဂျိုးလ် ကင်နာမန်းသည် ယခုအခါ ခေတ်သစ် Robocopဘဝကို ဆက်ခံသူ
ဖြစ်လာခဲ့သည်။ တိုရန်တိုတွင် ရိုက်ကူးနေသော ဇာတ်လမ်းတွင် ကင်နာမန်းသည်
Robocop ဝတ်စုံသစ်နှင့် အသား တကျ ဖြစ်အောင် လေ့ကျင့်နေ သည်ကို တွေ့ရသည်။
အစိုးရတပ်နှင့် KIA တို့ ဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ
တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေး
တပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌဌာနချုပ် လိုင်ဇာမြို့ အနီး ထိုးစစ်ဆင်တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့
များကို KIA နှင့် ABSDF (မြောက်ပိုင်း) ကျောင်းသားတပ် ပူးပေါင်းအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်နေရာ ယနေ့ နံနက်
၅ နာရီခွဲခန့်ကစ၍ ယခု သတင်းရေးသားနေချိန် မွန်းလွဲပိုင်းအထိ နှစ်ဘက်တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။မလေးသို့ တရားမ၀င် ထွက်ခွာသူဘင်္ဂလီလူမျိုး ၁၂၀ ဦးကို ထပ်မံဖမ်းမိပြန်ပြီ
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒုတိယမြို့တော်
စစ်တကောင်းကနေ မလေးရှားနိုင်ငံသို့
တရားမ၀င်ထွက်ခွာသူ လူပေါင်း ၁၂၀ကို
ရဲတပ်ဖွဲ့မှ ယနေ့စက်တင်ဘာ ၁၇
ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။သူတို့သည် စစ်တကောင်းမြို့နယ် ဘင်္ဂခါးလီ ဒေသမှ ပင်လယ်ကိုဖြတ်ကျော်ကာ တရားမ၀င်လမ်းမှ တဆင့် ထွက်ခွာရန် ကြိုးစားသူရာ၌ ယခုလိုဖမ်းဆီး ခံ လိုက်ရသည်ဟု သိရသည်။
Subscribe to:
Posts (Atom)























