ရခိုင်ပြည်နယ်မှ လူမျိုးရေး ပဋိပက္ခများအတွင်း ရိုဟင်ဂျာ မူဆလင်များ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ လေးနက်စွာ စိုးရိမ်ပူပန်ကြောင်း

သမ္မတ Zardari ၏ စာထဲတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား မြန်မြန်ထက်ထက် ဆောင်ရွက်ရန်

ပါကစ္စတန် အစိုးရနှင့် ပြည်သူများအနေဖြင့် မူဆလင်များ သေဆုံးကြရမှုအပေါ် များစွာ ကြေကွဲရပြီး အတိဒုက္ခရောက်မှု များ အတွက်လည်း နက်ရှိုင်းစွာ စိုးရိမ်ပူပန်လျက် ရှိကြကြောင်းလည်း Zardari က ဆိုသည်။
ထို့အပြင် လူမှုအသိုက်အဝန်းများ ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းကသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
နောက်ကြောင်းမပြန်ရန် အာမခံပေးနိုင်မည်ဖြစ်ကြောင်းလည်
ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများအတွင်း မူဆလင် အများအပြား သေဆုံးသွားရကြောင်း သတင်းများကြောင့် ပါကစ္စတန်ရှိ လက်ျာ နိုင်ငံရေးပါတီများ၊ ဘာသာရေး အခြေခံအဖွဲ့များက ၎င်းတို့အစိုးရအား အရေးတယူ ဆောင်ရွက် ပါရန် တောင်းဆိုမှုများ ရှိနေသည်။ ထို့အပြင် ပါကစ္စတန်အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့တခုဖြစ်သည့် (TTP)ကလည်း မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးအား ပိတ်ရန်နှင့် နှစ်နိုင်ငံ အဆက်အသွယ်များ
ဖြတ်တောက်ရန် Zardari အစိုးရအား တောင်းဆိုထားပြီး သို့မဟုတ်ပါက လက်တုန့်ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု မြန်မာအစိုးရအား ခြိမ်းခြောက်မှုများ ရှိနေသည်။
No comments:
Post a Comment