Wednesday, August 8, 2012

ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အကြို အခမ်းအနား၊ မန္တလေးမြို့

 
 
  
 
 
 
 
 
 
 
 
 
 
 
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်း တိုက်မှာ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အကြို အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက စတင်ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနား ကို ၈၈ မျိုးဆက်ကျောင်းသားများတက်ရောက်ပြီး ၀ါဆိုသင်္ကန်းကပ်လှူ ပူဇော်မှုလည်း လုပ်ပါတယ်။ 
နှစ်ပေါင်း ၂၀ ကျော်ကာလမှ ယခု တကြိမ်ကျင်းပတဲ့ ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားဟာ ပထမဆုံး တရားဝင်ကျင်းပခွင့် ရတဲ့ အခမ်းအနား တခုလည်းဖြစ်ပါတယ်။
ယမန်နေ့ကပဲ ပြည်ထောင်စု အစိုးရ ၀န်ကြီးတွေက သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ရှစ်လေးလုံး အခမ်းအနားအတွက် အလှူငွေ ၁၀ သိန်းကိုလည်း ပေးလှူသွားခဲ့ပါတယ်။ ထူးခြားတာကတော့ ၀န်ကြီးတွေက အခု ကျင်းပတဲ့ ရှစ်လေးလုံး အခမ်းအနားဟာ နိုင်ငံတော် အခမ်းအနားဖြစ်တယ်လို့ ပြောဆိုသွားတာပဲဖြစ်ပါတယ်။

No comments:

Post a Comment