Wednesday, August 8, 2012

ဆီဘောက်စာကား ဘရိတ်ပေါက်ရာမှ ဂုံးတံတား ပလက်ဖောင်း ကျော်တက်မှုဖြစ်



ဆီဘောက်စာကား ဘရိတ်ပေါက်ရာမှတစ်ဆင့် အင်းစိန် မြို့နယ်ရှိ၊ ဂုံးတံတားပလက်ဖောင်းအား ကျော်တက်မှုဖြစ်စဉ်တစ်ခု သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်ကျင် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။ အဆိုပါ ဆီဘောက်စာကားမှာ လှိုင်သာယာမြို့နယ်မှ ခရမ်း၊ သုံးခွသို့ထွက်ခွာလာသော အဏ္ဍာဝါလွှမ်း ကုမ္ပဏီပိုင်ယာဉ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း သိရှိရသည်။ —

No comments:

Post a Comment