Wednesday, August 8, 2012

ဆီးရီးယား နိုင်ငံပိုင် ရုပ်သံ အဆောက် အအုံ ပေါက်ကွဲမှု ဖြစ်ပွား သုံးဦး ဒဏ်ရာရရှိ



 (ဒမတ် စကပ်စ် သြဂုတ် ၇)
ဆီးရီးယား နိုင်ငံ ဒမတ် စကပ်စ် မြို့ရှိ နိုင်ငံပိုင်  ရုပ်သံ အဆောက် အအုံ၏ တတိယ မြောက် အထပ်တွင် သြဂုတ် ၆ ရက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ရာ သုံးဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း နိုင်ငံပိုင် သတင်း ဌာန တစ်ခုက ပြောကြား ခဲ့သည်။

ယင်း ပေါက်ကွဲ မှုကြောင့် မီးလောင်ကျွမ်း ခဲ့သည့် နံရံ များနှင့် အဆောက် အအုံ အပျက်အစီး များကို ရုပ်မြင်သံကြား  အစီ အစဉ်တွင်  တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပြီး အဆောက် အအုံ အပျက်အစီး များ အကြားတွင် အသက် ရှင်လျက် ကျန်ရှိ နေသည့် ဝန်ထမ်း များကို ရှာဖွေလျက် ရှိသည်ဟု သိရသည်။ 

အဆိုပါ သတင်း ဌာန၏ အဆောက် အအုံအတွင်း သို့   ပေါက်ကွဲ စေတတ်သည့် ပစ္စည်းများ  မည်သို့ ရောက်ရှိ နေသည် ဆိုခြင်းကို တိတိကျကျ မသိရ သေးကြောင်း၊ အဆိုပါ အမှုကို ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း ၎င်း ဌာနမှ ဆက်လက် ပြောကြား ခဲ့သည်။ 

No comments:

Post a Comment