Wednesday, August 8, 2012

ရေကူးကန်အတွင်း ဝတ်လစ်စလစ် ချစ်ခန်းဖွင့်ပြတဲ့ Lady Gaga

 
ရိုးရိုးယဉ်ယဉ် ပုံစံဟာ ဘယ်တုန်းကမျှ Lady Gaga ရဲ့ ဖက်ရှင် မဖြစ်ခဲ့ပါဘူး။ ခုလည်း
သူမချစ်သူ Taylor Kinney နဲ့ တွဲပြီး အသားအရေ အများအပြားကို ရက်ရက်ရောရော
ဖော်ပြထားတဲ့ ဓါတ်ပုံကို LittleMonsters.com ဝက်ဘ်ဆိုက်ပေါ် တင်ပေးခဲ့တာ ဟာလည်း ၂၆
နှစ်အရွယ် ပေါ့ပ်ကြယ်ပွင့်အတွက်တော့ ဆန်းလှတဲ့ ကိစ္စ မဟုတ်ပြန်ပါဘူး။
   
“T and Me” လို့ ရိုးရိုးရှင်းရှင်း ခေါင်းစဉ်တပ်ထားတဲ့ ဒီဝတ်လစ်စလစ် ဓါတ်ပုံမှာ
Gaga ဟာ သူမချစ်သူ Vampire Diaries ဇာတ်ကားမှ မင်းသားနဲ့ အပြာရင့်ရောင်
ရေကူးကန်အတွင်း တစ်ဦးနဲ့ တစ်ဦး ရင်ချင်းအပ်လို့ နမ်းရှုံ့နေကြပုံက
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ချစ်သူအဖြစ် တရားဝင် ကြေငြာခဲ့ကြတဲ့ သူတို့ နှစ်ဦး
အလွန် ချစ်ကြင်နာကြဟန် ပေါ်ပါတယ်။
 
အသက် ၃၁ နှစ်အရွယ် Kinney နဲ့ Gaga တို့ဟာ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက “You and I”
ဆိုတဲ့ သီချင်းအတွက် ရိုက်ကွင်းမှာ စတင် ဆုံဆည်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ သီချင်း
MTV ထဲမှာ Gaga ဟာ ရေသူမအဖြစ် သရုပ်ဆောင်ခဲ့ပြီး Kinney ကတော့ သူမရဲ့ ချစ်သူအဖြစ်
သရုပ်ဆောင် ခဲ့ပါတယ်။

No comments:

Post a Comment