Wednesday, August 8, 2012

iPhone ကနေ SMS ပို့လို့မရဘူးလား

iPhone တွေဟာ နိုင်ငံခြားက ဝယ်လာရင် မြန်မာနိုင်ငံရဲ့  Message Center က မပါလာတဲ့ အတွက် ချက်ချင်း SMS ကို ပို့လို့မရပါဘူး။ ဒါပေမယ့် iPhone မှာ Message Center Number ကိုထည့်သွင်းရာမှာ လွယ်ပေမယ့် တစ်ချို့ တွေက ဘယ်လိုမျိုး ထည့်သွင်းရမယ်ဆိုတာကို မသိကြပါဘူး။ အဲ့ဒီလို မသိတဲ့ အတွက်ကြောင့် ဆိုင်မှာ သွားလုပ်ခိုင်းတဲ့ အခါမှာ တစ်ချို့ ဆိုင်တွေက ဈေးနှုန်းကို အဆ မတန် တောင်းလိုက်တာတွေလဲ ကြုံဖူးကြမှာပါ။ အဲ့လိုမျိုး ဈေးနှုန်းအများကြီး တောင်းတဲ့အချိန်မှာ မရရင်လဲ မရပါစေနဲ့လို့ ပြောပြီး လှည့်ပြန်ခဲ့တဲ့ သူတွေရှိသလို အချို့ ကြတော့ ပိုက်ဆံကုန်လဲ လုပ်ခဲ့တဲ့ သူတွေလဲရှိတတ်ကြပါတယ်။ အဲ့ဒီအတွက် iPhone မှာ Message Center Number ကိုထည့်သွင်းနည်းလေးကို ပြောပြပေးချင်ပါတယ်။ ပထမဦးဆုံး နိုင်ငံခြားကမှာ ကဒ်ထည့်ခဲ့ပြီး သုံးခဲ့ရင် Message Center တွေက ကျန်နေတတ်ပါတယ်။ ကျန်မကျန်ကို သိချင်ရင် *#5005*7672# လို့ရိုက်ကြည့်လိုက်ပါ။ ကျန်နေရင် Clear လုပ်ပေးပါ။ Clear လုပ်နည်းက ##5005*7672# ပါ။ Clear လုပ်တာ ပျက်မပျက် ကိုကြည့်ချင်ရင်ခုနက Message Center ဖော်ကြည့်တဲ့ နံပါတ်ကိုနှိပ်ပေးလိုက်ပါ။မရွိေ
တာ့တာကို တွေ့ပါလိမ့်မယ်။ အဲ့ဒီအဆင့်ပြီးသွားရင် *#5005*7672*Message Center Number# လို့ရိုက်ပေးပါ။ မြန်မာနိုင်ငံရဲ့  Message Center Number ကတော့ +9595910003 ကနေ +9595930003 အထိ ရိုက်ထည့်လို့ရပါတယ်။ ဥပမာ - *#5005*7672*+9595910003# ထည့်လိုက်တာနဲ့ အဆင်ပြေပါပြီ။ ဒါတွေထည့်ပြီးတာနဲ့ ကိုယ့်ဖုန်းကနေ တစ်ခြားဖုန်းကို Message လှမ်းပို့လို့ရမှာပါ။ တကယ်လို့ iPhone ထဲက Baseband ကြည့်တာတို့ Voice Mail ထည့်သွင်းတာတို့ကို ကြည့်ချင်ရင် http://goo.gl/OE9OS မှာ ထက်ပြီး လေ့လာလို့ရမှာပါ

No comments:

Post a Comment