Monday, September 10, 2012

ဒေါက်တာနိုင်အောင်သို့ (ပေးစာ)



ဒေါက်တာနိုင်အောင်သို့ အေဘီမြောက်ပိုင်း မတရား ညှင်းပမ်းအနှိပ်စက်ခံ အသတ်ခံရသူများဘက်မှ ရပ်တည်သူများ၏ တောင်းဆိုချက်

ဒေါက်တာနိုင်အောင်အနေနဲ့ (အေဘီဗဟိုအနေနဲ့ပါ )ဒီအချက်အလက်များကိုစဉ်းစားစေလိုပါတယ်။



၁။ ကျွန်ုပ်တို့အနေနှင့် အေဘီ အက် စ်ဒီ အက်ဖ် ဗဟိုမှ စုံစမ်းရေးကော်မရှင်ဖွဲ့ဆောင်ရွက်နေခြင်းကို (ဖြစ်သင့်သောကာလထက် အလွန်နောက်ကျစွာဖြစ်ပေါ်လာသောအဖွဲ့ဖြစ်သော်လည်း) လေးစားပါသည် ။

၂။ မတရားညှင်းပမ်းအနှိပ်စက်ခံ မတရားစွတ်စွဲခံရသူများကှို စာနာထောက်ပြီး စုဖွဲ့ထားသော အစုအဖွဲ့မှ ရှာဖွေထားသော အချက်အလက်များသည် ကာယကံရှင်များ၏တကယ့်ကိုယ်တွေ့များဖြစ်သဖြင့် ထိုအချက်အလက်များသည် စုံစမ်းရေး အဖွဲ့ အတွက် လိုအပ်သည်များကို ပေးစွမ်းနှိုင်မည်ဟု ယုံကြည်ပါသည်။ထို အစုအဖွဲ့မှ ရှာဖွေ ဖော်ထုတ်ထားမှုသည် တစုံတခုသောအတိုင်းအတာအထိ ခရီးရောက်နေပြီ ဆိုသည်မှာ အထင်အရှားဖြစ်သည်။ကာယကံရှင်များ၏ ပြောဆိုချက်ကို လျှစ်လျှူရှုသော အဖြေသည် အမှန်နှင့် ဝေးကွာနေမည်ဖြစ်ပါသည်။(ဤ အဖွဲ့၏ ဖော်ထုတ်ချက်တို့အရ ဖြစ်ရပ်မှန်အားလုံးပေါ်ထွက်နေပါပြီ လုပ်ဆောင်ချက်များကိုလည်းမရပ်တန့်ပဲဆက်လက်လုပ်ဆောင်နေမည်ဖြစ်ပါသည်)

၃။ ဒေါက်တာနိုင်အောင် မှ ဟိုယခင် ကကော အခုထိ ပြောဆိုနေသော ထောက်လှမ်းရေးများပါဝင်နေသည် (၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည်ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု များတွင်တက်ကြွစွာပါဝင်နေဆဲဖြစ်သောကြောင့်)(သူ့စာပါအတိုင်း)လက်ရှိ နိုင်ငံရေးလှုပ်ရှားနေသူတွေထဲတွင်ပါ ထောက်လှမ်းရေးများပါရှိနေသည်ဟု ပြောဆိုခဲ့သည်။ ထိုအချက် အလက်များကို ဒေါက်တာနိုင်အောင်မှ အေဘီဗဟိုသို့ တင်ပြပြီးဖြစ်ပါလိမ့်မည်။ထိုကြောင့် ထိုထောက်လှမ်းရေး စာရင်းကို ချပြပေးပါရန်တောင်းဆိုသည်။ချမပြပဲ ယခင် ထောက်လှမ်းရေးများ ယခု နိုင်ငံရေး လှုပ်ရှားနေသူတွေ ထဲတွင်ပါ ရှိနေဆဲဆိုသောစကားသည် အမှန်တကယ် ရိုးသားစွာ တိုင်းပြည်အကျိုးလုပ်နေသူတွေကြား သံသယပွားရန် လုပ်ဆောင်သောအမှု အဖြစ် တိုင်းပြည်တည်ဆောက်မှုကိုဖျက်လို ဖျက်ဆီးလုပ်သောကိစ္စရပ်သာ မှတ်ယူရမည်ဖြစ်သည်။ (တကယ်ထောက်လှမ်းရေးဟုယုံကြည်သဖြင့် သတ်လည်းသတ်ခဲ့ပြီးဖြစ်၍)ဒေါက်တာနိုင်အောင် ပြောဆိုနေသော ယခုလက်ရှိ နိုငံရေးလုပ်နေသူတွေအထဲက ထောက်လှမ်ရေး ပါနေသည် ဆိုသည့် စကားကိုလည်း ဒေါက်တာနိုင်အောင်အနေနှင့်အမှန်တကယ် ယုံကြည်၍ပြောနေသည်ဟုလက်ခံပါသည်။ မိမိယုံကြည်ရာကို ပြောဆိုနေပါသဖြင့် ယခုတောင်းဆိုချက်ကိုမချပြရဲစရာမရှိ ။ချပြရဲဖော်ထုတ်ပြရဲမည်ဟုယုံကြည်သဖြင့်တောင်းဆိုခြင်းဖြစ်ပါသည်

၎။ ဒေါက်တာနိုင်အောင်အနေနဲ့ ပြောဆိုထားချက်တွေထဲမှ ဒီအချက်ကိုလဲ ရှင်းအောင်ပြောပေးစေလိုပါသည်။ ၁၂.၂.၁၉၉၂ မတိုင်ခင်အေဘီမြောက်ပိုင်းသို့ မရောက်ခဲ့ဘူးဆိုလျှင် ဒေါက်တာနိုင်အောင်က ဒီပြသနာတွေဖြေရှင်းဘို့ ကိုကျော်ကျော် ကို မပ သွားဘို့ ဇန္န၀ါရီမှာလွှတ်လိုက်တယ်ပြောထားပါသည်။.. ဘယ်လိုညွှန်ကြားချက်တွေပေးလိုက်တယ်ဆိုတာ အားလုံးကသိချင်ကြပါသည်။

ကျော်ကျော်ရောက်ပြီးသတ်တာတွေ ဖြစ်ခဲ့သောကြောင့် မေးရခြင်းဖြစ်ပါသည်။

၅။နောက်တခုကတော့ ယခုဂျာနယ်ထဲပါနေတာတွေထဲက မရှင်းလင်းသောအချက်ဖြစ်ပါသည်။

ABSDF ခေါင်းဆောင်ဟောင်းအနေနဲ့ရှင်းရမှာကို ABSDF က မှာလိုက်တယ်...ဒါဘဲပြောပါ...နောက်ကျမှ အဖွဲ့အစည်းအနေနဲ့ရှင်းပေးမယ်မှာလိုက်တယ်လို့ ဂျာနယ်မှာပြောပါသည်။..

ab နဲ့သူနဲ့ကရောနေပါသည်။..

ရောပြောလို့မရဘူးထင်ပါသည်။..

သူကab အပေါ်ကလား....ab က သူ့အပေါ်ကလား...ရောနေပါသည်။..

ရှင်းအောင်ပြောပြစေချင်ပါသည်။.မရှင်းပြလျှင်

ကျော်ကျော်လင်းတို့ ကို သံသယ ပွားစရာ ဖြစ်ပါလိမ့်မည်။...


အေဘီမြောက်ပိုင်း မတရားညှင်းပမ်း နှိပ်စက်သတ်ဖြတ်ခံရသူများ ဘက်မှ ကိုယ်ချင်းစာ ကြသူများအစုအဖွဲ့

No comments:

Post a Comment