Monday, September 10, 2012

နိုင်ငံရေးလုပ်စားတွေထဲမှာ OCEAN ဘယ်နှစ်စင်းလဲ- သမုဒ္ဒရာဘယ်နှစ်ခုလည်း


 

ပြည်ပက နိုင်ငံရေးဇာတ်ပျက်တွေ မြန်မာပြည်ကို ပြန်လာတဲ့ သတင်းတွေကို ဖတ်ရင်း ရုပ်ရှင် မင်းသားကြီး George Clooney ရဲ့ ရုပ်ရှင်ကားတွေကို ခေါင်းထဲ ၀င်လာခဲ့ပါသည်။


ဟောလိဝုဒ်က နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာ Steven Soderbergh ရိုက်ကူးပြီး မင်းသားကြီး George Clooney တို. Brad Pitt တို. အက်ရှင်မင်းသား Matt Demon နဲ. ပြည်သူ.အသဲ ကျော် ရုပ်ရှင်မင်းသမီး Julia Roberts တို. ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Ocean’s Eleven ရုပ်ရှင် ကားနဲ. Ocean’s Thirteen ရုပ်ရှင်ကားတွေကို သတိရမိပါသည်။

အဲဒီရုပ်ရှင်ကားတွေထဲမှာလည်း လူလိမ် လူကောက် လူညစ်တွေ သူခိုး ဓါးမြတွေက သူ.နေရာ နဲ.သူ သူတို.ရဲ့ ကျွမ်းကျင်မှုတွေကို စနစ်တကျနဲ. အကွက်ချပြီး လူမှန် နေရာမှန် တာဝန်ပေး တာဝန်ယူပြီး အထူးလုံခြုံရေးတင်းကြပ်ထားတဲ့ Casio ရုံကြီးထဲကနေ ရွှေတွေ၊ ဒေါလာကိုခိုး ထုတ်သွားတဲ့ High-Tech Skillful အကြီးစား အဆင့်မြင့် လူလိမ်လူကောက် သူခိုးတွေ အကြောင်း ဖြစ်ပါသည်။

အခုလည်း မြန်မာနိုင်ငံရေးလောကမှာ နာမည်ပျက်တွေနဲ. ကျော်ဇောတဲ့ လူလိမ်လူကောက် တွေ နိုင်ငံရေးစားဖားတအုပ်ဟာလည်း သူ.ခေါင်းစဉ် သူ.အကြောင်းအရာနဲ. ပြည်ပမှာ မြန်မာ ပြည်ကို အကြောင်းပြပြီး လိမ်စား လုပ်စား ခိုးစားခဲ့သူတွေဟာ ရှေ.ဆင့် နောက်ဆင့် မဆိုင်း မတွန်.နဲ. ပြည်တော်ပြန်လာတာကို မြင်နေရလို.ပါ။

ဒါကြောင့် အခု ပြည်တော်ပြန်လာတဲ့ ဒီနိုင်ငံရေးစားဖားတွေအဖွဲ.မှာ Ocean ဘယ်နှစ်စင်းလဲ သမုဒ္ဒရာ ဘယ်နှစ်ခုလဲလို. မေးရမယ့် ကိန်းပါ။
 ၁) မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီးရဲ့သားလည်းဖြစ် ရှမ်းတိုင်းရင်းသားလည်းဖြစ်တဲ့ ဦးဟန်ညောင်ဝေ(ရွှေ)ဟာ တချိန်က ပြည်ပက ဒေါက်တာ စိန်ဝင်းဦးဆောင်တဲ့ NCGUB ညွှန်.ပေါင်းအစိုးရ၏ အကြီးတန်း ဒါရိုက်တာတဦးဖြစ်တဲ့အပြင် Euro-Burma Office ၏ တာ ၀န်ခံလည်း ဖြစ်ပါသည်။ သူကတော့ နိုင်ငံတကာမှာ တိုင်းရင်းသားကိစ္စ-Ethnic Card ကို တဖက်က ကိုင်ထားပြီး တဖက်မှာလည်း မြန်မာပြည်၏ ပထမဆုံး သမ္မတဦးသား ဆိုတဲ့ နာမည်နဲ. လုပ်စားလိမ်စားနေတဲ့ နိုင်ငံရေးပွဲးစား နိုင်ငံရေးစားဖားတစ်ကောင်ပါ။ Ethnic Issue- တိုင်ရင်းသားကိစ္စဟာ ဦးဟန်ညောင်ဝေ အပိုင်စားယူထားတဲ့ ဈေးကွက်မို. တိုင်းရင်းသားကိစ္စဆိုတာ သူရဲ့ Ocean ပါ။

၂) အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်-NLD ပါတီ၏ ဗဟိုကော်မတီဝင် ဦးညွှန်.ဝေ၏ သားလည်း ဖြစ် မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ.ချုပ်-FTUB အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးမောင်မောင် (ခ) ပြည်သစ်ညွှန်.ဝေကတော့ နိုင်ငံတကာမှာ အလုပ်သမားကိစ္စကို ဘမ်းပြပြီး  လုပ်စား လိမ်စားနေတဲ့ နိုင်ငံရေးစားဖားကြီးပါ။ Labour ကိစ္စဟာ ကိုမောင်မောင် အပိုင်စားယူ ထားတဲ့ ဈေးကွက်မို. အလုပ်သမားကိစ္စဆိုတာ မောင်မောင်ရဲ့ Ocean ပါ။

၃) ဒေါက်တာစိန်ဝင်း၏ ညွန်.ပေါင်းအစိုးရအဖွဲ.ရဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံလည်းဖြစ်။ ABSDF နိုင်အောင်အုပ်စု၏ နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ်ခဲ့သူ ဒေါက်တာသောင်းထွန်းဟာ နိုင်ငံတကာဆက်ဆံရေး ကုလသမဂ္ဂနှင့်ပတ်သက်တဲ့ကိစ္စ Diplomatic Relation and UN card ကို အပိုင်စားယူထားပြီး လုပ်စားလိမ်စားနေတဲ့ နိုင်ငံရေးစားဖားတစ်ကောင်ပါ။ နိုင်ငံ တကာဆက်ဆံရေး ကုလသမဂ္ဂဆက်သွယ်ရေး ကိစ္စတွေဟာ ဒေါက်တာ သောင်းထွန်းက အပိုင်စားရထားတဲ့ ဈေးကွက်မို. သံတမန်ဆက်ဆံရေးကိစ္စဆိုတာ သူရဲ့ Ocean ပါ။

၎) လက်နက်ကိုင်ခေတ် ကောင်းစားတုံးက ABSDF ကျောင်းသား တပ်ဖွဲ.၏ ဥက္ကဌလဲဖြစ် ဒီအဖွဲ.ရဲ့ နာမည်ကို ရတဲ့နည်းဖြင့် ဖက်တွယ်ခဲ့သော်လည်း အလှူရှင်တွေ Donor တွေက လက်နက်ကိုင်တဲ့အဖွဲ.တွေကို ငွေမပေးတော့ဘူးလို. မူပြောင်းတဲ့အခါ ဒေါက်တာနိုင်အောင် လည်း ABSDF အထုပ်ကြီးကို ပစ်ချပြီး အဲဒီထဲက ထိပ်ပိုင်းခေါင်းဆောင်တွေကို အပါယူပြီး NDD အဖွဲ.တို. FDB စတဲ့ အဖွဲ.တွေ၏ ခေါင်းဆောင်ပါ။ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုတွေ ယူဂျီလို PD နိုင်ငံရေးအန်တုမှုလို စတဲ့ လှုပ်၇ှားမှု Campaign နာမည်တွေကို အမျိုးမျိုး သုံးပြီး လုပ်စား လိမ်စား အုပ်စုဖွဲ.စားနေတဲ့ နိုင်ငံရေး စားဖားတစ်ကောင်ပါ။ နိုင်ငံရေး အန်တုတာ လှုပ်ရှားမှု-Campaign ဖော်တာ စတဲ့ ပြည်တွင်းနှင့် ဆက်စပ်ပြီး လုပ်တဲ့ လုပ်ငန်းတွေအတွက် အပိုင်းစားရထားတာမို. Campaign ကိစ္စ ပြည်တွင်းဆက်သွယ်ရေးကိစ္စ ဆိုတာ ဒေါက်တာ နိုင်အောင်ရဲ့ Ocean ပါ။

၅) ၈၈ မျိုးဆက်ကျောင်းသားဟောင်းလဲဖြစ် ဗကသ များအဖွဲ.ချုပ် ခေါင်းဆောင်ဟောင်းလဲ ဖြစ် ABSDF ကျောင်းသားတပ်ရဲ့ ဥက္ကဌ ဟောင်းလဲဖြစ်တဲ့ မိုးသီးဇွန်ဟာ ၈၈ မှာ ထင်ရှားတဲ့ နာမည်တခုကို အသုံးချပြီး နိုင်ငံတကာက ပေးတဲ့အကူအညီရော ပြည်ပရောက် မြန်မာနိုင်ငံ သားတွေဆီက ရတဲ့ အလှူငွေတွေကိုပါ မောင်ပိုင်စီးပြီး အလွဲးသုံးစား လုပ်ကာ လုပ်စား လိမ်စား ခိုးစားနေတဲ့ နိုင်ငံရေး စားဖားတစ်ကောင်။ ၈၈ အရှိန်နဲ. ခပ်ဖိန်.ဖိန်. ဟိန်းရမယ် ဟောက်ရမယ်ဆိုရင် မိုးသီးဇွန်ကို တုပြိုင်သူ မရှိအောင် လေလုံးထွားပြီး-- သူရဲ့ပြိုင်ဖက် ဒေါက်တာနိုင်အောင်တို.နည်းတူ နိုင်ငံရေး အန်တုမှု-PD( Political Defiance)တို. ပြည်တွင်း ယူဂျီတို. ပြည်တွင်းလှုပ်ရှားမှုဖော်ဆောင်ရေး Campaign ဆိုတဲ့ နာမည်တွေသုံးပြီး နည်းလမ်း စုံနဲ. ငွေရနိုင်သမျှ ဆွဲစားတတ်တာမို. ငွေရမယ်ဆိုရင် ဘင်္ဂါလီ-မွတ်ဆလင်အဖွဲ.ဆီကတောင် လက်မရှောင်တဲ့အကောင်ပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပဲ ပြိုင်ဖက် ခေါင်းဆောင်လိုလို- ပြည်တွင်းက ၈၈ တွေရဲ့ လျှို.၀ှက် တာဝန်ပေးခြင်းခံထားရသူတဦးလိုလိုနဲ. နိုင်ငံရေးမှာ ဖိန်.ဖိန်.နဲ. လိမ့်တဲ့ကိစ္စတွေမှာဆို မိုးသီးဇွန်တို. မပါမပီးတာမို. သူကလည်း Ocean တခုပါပဲ။

၆) စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိတဦးလည်းဖြစ် ဗဟုအဖွဲ.ရဲ့ ခေါင်းဆောင်လဲဖြစ် တချိန်က ဦးစိန်ဝင်းအစိုးရ၏ ဒေါက်တိုင်တခုဖြစ်တဲ့ Burma-Fund ရဲ့ တာဝန်ခံလည်း ဖြစ်တဲ့ ဒေါက်တာဇော်ဦးဟာ စီးပွားရေးကျွမ်းကျင်သူဆိုတဲ့ နာမည်တခုကို အပိုင်ယူထားပြီး လုပ်စား လိမ်စား ခိုးစားနေတဲ့ နိုင်ငံရေးစားဖားပါ။ ။ ၈၈ အချိန်ကနေ အခုအချိန်အထိ ဘယ်ခေတ် ဘယ်အဖွဲ. ဘယ်ခေါင်းဆောင်ပဲ ကောင်းစားပါစေ ဇော်ဦးတို. အခွင့်အရေး မရလိုက်တဲ့ ခေတ်ဆိုတာ မရှိခဲ့ပါ။ ၈၈အပြီး ကျောင်းသားတွေ တောခိုလာတဲ့အခါ တောခိုတယ်ဆိုတာ ဘုရားစူးအဆင့်ပဲရှိခဲ့ပြီး ကျောင်းသားတွေ ငှက်ဖျား ထိပြီး ငါးပိကြမ်းနဲ. နှစ်ပါးသွားနေတဲ့အချိန် မှာ ဇော်ဦးတို.က ၀န်ကြီးချုပ် ဦးနုရဲ့သား ဦးအောင်တို.ရဲ့ ဒညတအဖွဲ.နဲ. ကပ်ထားခဲ့လို. ပြောရရင် အမေရိကန်ကို အရင်ဆုံး ပညာသင်ခွင့်ရတဲ့ ထိပ်ဆုံး လူလည်အုပ်စုထဲမှာ ပါခဲ့သူပါ။ ဦးအောင်ရဲ့ ဒညတခေတ်မှာလည်း စားရတယ်။ ABSDF ကျောင်းသားတပ် ခေတ်ကောင်း တော့လည်း နိုင်အောင်တို.နဲ.အတူ ပေါင်းပြီး စားခဲ့ရတယ်။ ဒေါက်တာ စိန်ဝင်းတို. ညွန်.ပေါင်းအစိုးရ ခေတ်ကောင်းတော့လည်း ဇော်ဦးတို.က Burma Fund ကို ကိုင်ထားသူ။ အခု ပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်တော့လဲ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ.မှာ ရအောင် နေရာယူနိုင်ခဲ့သူမို. သာကူးလုပ်တဲ့နေရာမှာ ဒေါက်တာ ဇော်ဦးဟာ စီးပွားရေးပညာထက်တောင် PhD ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငွေနှင့် ပတ်သက်လာလျှင် စီးပွားရေးနှင့်ပတ်သက်လာလျှင် ဒေါက်တာ ဇော်ဦးရဲ့ ဂွင်မို. သူလည်း Ocean တစင်းပါပဲ။

၇) လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌလည်းဖြစ်ပြီး ဒေါက်တာနိုင်အောင်တို. အုပ်စု ဖွဲ.သမျှ လူငယ်ကျောင်းသားအဖွဲ.တိုင်းမှာ တွဲကပ်ပါနေသူ ဦးအောင်မိုးဇော်ဟာလည်း  DPNS ပါတီ လူ.ဘောင်သစ်ပါတီ နာမည်နဲ. လုပ်စား လိမ်စား ခိုးစား ဝေစားမျှစား နိုင်ငံရေးစား ဖားတစ်ကောင်ပါ။ NLD ပါတီပြီးရင် ဒုတိယ အင်အားအကြီးဆုံးပါတီဆိုပြီး မလိမ့်တပတ် လုပ်တတ်တာလည်း ရှိပါသည်။ တကယ့်တော့ ၁၉၉၀ ရွေးကောက်ပွဲကာလမှာ NLD ပါတီ ပြီးရင် ဒုတိယ အကြီးဆုံးပါတီဟာ တစညပါ။ ပါတီဝင် အင်အားအရရော ရွေးကောက်ပွဲမှာ မဲ အရေအတွက်မှာလည်း ဒုတိယ လိုက်တာက တစညပါတီဆိုတာ မဲရုံတိုင်းမှာ ထင်ရှားပါတယ်။ ဒါပေမယ့် အဲဒါကို ဒုတိယအကြီးဆုံး ဆိုတဲ့စကားလုံးနဲ. ဒေါက်တာနိုင်အောင်တို.နဲ. ပေါင်းပြီး ပါတီတခုအတွက် အမြဲတမ်း နေရာနဲ. ခွဲတမ်းယူခဲ့တာမို.  လူငယ်တို. ကျောင်းသားနိုင်ငံရေး ပါတီကိစ္စမှာ အောင်မိုးဇော်တို.က ဈေကွက်ကိုင်ထားသူ အပိုင်စီးထားသူမို. သူလည်း Ocean တစင်းပါ။

၈) NLD-LA ၏ နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ် NCUB အဖွဲ.၏ နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင်လည်းဖြစ်တဲ့ ညိုအုန်းမြင့်ကတော့ တကယ့် နိုင်ငံရေး ပွဲစားပါ။ အခုလည်း ပြည်တွင်းက လူတွေနဲ.ပေါင်းပြီး ငြိမ်းချမ်းရေးအတွက် ဆပ်သားလုပ်နေရင်းနှင့် တချိန်တည်းမှာ သူနှင့် စားဖော် စားဖက် သောက်ဖော် သောက်ဖက် ပါတီတက်ဖက်ဖြစ်တဲ့ နိုင်အောင်တို. ကိုမောင်မောင်တို နှင့် မိုးသီးဇွန်တို.ကို ဂွင်ထဲ ၀င်လို.ရအောင် စာရင်းပေး နာချပေး ကြားပွဲစားလုပ်ပေးနေသူပါ။ ဒေါက်တာနိုင်အောင်လူလိုလို FTUB ကိုမောင်မောင် လူလိုလို အဆင်ပြေအောင် ပေါင်းပြီး ရသမျှ ပေးစာ ကမ်းစားကို လက်ဖြန်.တောင်းနေတဲ့ လုပ်စား ခိုးစားနေတဲ့ နိုင်ငံရေး ကြားပွဲစား နိုင်ငံရေးစားဖားပါ။ အခု ဒီအုပ်စုတွေ ပြည်တွင်း ပြန်နိုင်ဖို. ကြားကနေ လော်လီကမာလုပ်ပေးတဲ့သူဟာလည်း ညိုအုန်းမြင့်ပါ။

သူတို.လိုပဲ အကြောင်းအရာလိုက် Issue အလိုက် ကျွမ်းကျင်မှုအလိုက် နေရာခွဲ လူခွဲပြီး ယူထား ကိုင်ထား အပိုင်စားလုပ်ထား နာမည်ခံပြီး လုပ်စား လိမ်စားနေတဲ့ တခြား Ocean တွေလဲ ရှိပါသေးသည်။

ဥပမာ ဥပဒေရေးရာကိစ္စဆိုရင် BLC က ဦးအောင်ထူးက အပိုင်ယူထားသလို  လူ.အခွင့်အရေး Human Rights ကိစ္စမှာတော့ အောင်မျိုးမင်းက ထိပ်ဆုံးက ခွထိုင်တာပါသည်။  အမျိုးသမီး ကစ္စတွေမှာ BWL က ခင်ဥမ္မာတို. နေရာယူထားတာ ရှိသလို သတင်းမီဒီယာကိစ္စတွေမှာ DVB က ခင်မောင်ဝင်းတို. အေးချမ်းနိုင်တို. ဖြစ်နေပြီး နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး ဆိုတဲ့ နာမည်နဲ.ကျတော့ AAPP က ဘိုကြည်တို. ရှိပါသည်။ ဒီလူတွေဟာလည်း တနည်း မဟုတ် တနည်းနဲ. ဒေါက်တာ နိုင်အောင်တို.နဲ. ကျားကန် လက်တွဲပြီး သူ.နေရာနဲ.သူ သူ. အကြောင်းအရာနဲ.သူ လူခွဲပြီး နေရာယူထားကာ အပိုင်စီးပြီး လုပ်စား လိမ်စား ခိုးစားနေတဲ့ နိုင်ငံရေး စားဖားတွေမို. သူတို.တွေလည်း Ocean တွေလို ဆိုနိုင်ပါသည်။ ပြည်ပ နိုင်ငံရေး အုပ်စုမှာ ငွေချူပြီး ယူစားနေတဲ့ ခေါင်းဆောင်ဆိုတာ လက်ချိုးရေလို.ရပါသည်။
 ဒီအုပ်စုတွေမှာ ဦးဟန်ညောင်ဝေနှင့် ကိုမောင်မောင်တို.က ပြိုင်ဖက်တွေ ဖြစ်နေတတ်ပြီး ဦဟန်ညောင်ရွှေက တိုင်းရင်းသားကိစ္စမှာ အားသာပြီး ကိုမောင်မောင်ရဲ့ ဒေါက်တိုင်ကတော့ Labour Unions တွေဟာ ကိုမောင်မောင်ရဲ့ အားတွေပါ။ ဒေါက်တာနိုင်အောင်နဲ. မိုးသီးဇွန် တို.ဟာလည်း နေရာတိုင်းမှာလို ခွက်စောင်းခွပ်ကြရတာ များပါသည်။ သူတို.မှာ ထူးခြား တာကတော့ ၈၈ အရေးအခင်းပြီးကတည်းက သက်ဆိုင်ရာ အဖွဲ.အစည်းတွေမှာ ခေါင်း ဆောင်တွေအဖြစ် နေရာယူလာလိုက်တာ အခုအချိန်အထိ အဲဒီ အဖွဲ.အစည်းတွေမှာ ထိပ်ပိုင်းနေရာတွေမှာ ခေါင်းဆောင်ဆိုတဲ့ နေရာတွေက ဆင်းပေး ဖယ်ပေးခြင်း အပြောင်းအလဲ မရှိပဲ ရာသက်ပန် နေရာယူထားတဲ့ အချက်ပါ။

စစ်တပ်နဲ. အစိုးရမှာတောင် တကယ်တော့ အခုဆိုရင် ခေါင်းဆောင် အပြောင်းအလဲတွေ ဖြစ်နေပြီး ဗိုလ်ချုပ်အဟောင်းတွေနေရာမှာ မျိုးဆက်သစ် ဗိုလ်ချုပ် အငယ်တွေ လူသစ်တွေနဲ. လဲပြီး နေရာ ပေးလာပါသည်။ ၈၈ အရေးအခင်းတုန်းက ဒုဗိုလ်မှူးကြီး သိန်စိန်က အခု သမ္မတကြီး အထိ တက်လာတာရှိပေမယ့် ပြည်ပ နိုင်ငံရေး အဖွဲ.အစည်းတွေမှာတော့ ၈၈ ကတည်းက ဖွဲ.ခဲ့တဲ့အဖွဲ.အစည်းတွေမှာ ဒီလူတွေပဲ လူမပြောင်းပဲ ခေါင်းဆောင်တွေပဲ ဖြစ်နေခြင်းပါ။ အပြောင်းအလဲကို တောင်းနေပြီး ကိုယ်တိုင်ကျ မပြောင်းလဲနိုင်သူတွေပါ။
 ဒါကြောင့် ရုပ်ရှင်ကားထဲက လူလိမ် လူကောက် လူဆိုး သူခိုးတွေလိုပဲ သူ.နေရာနဲ.သူ အသုံးတည့်အောင် နေရာ ခွဲချပြီး လုပ်စား ခိုးစား လိမ်းစားခဲ့သလို အခုလည်း ပြည်ပ နိုင်ငံရေး ဇာတ်ပျက် လုပ်စားတွေက ပြည်တော်ပြန်ပြီး လုပ်စား လိမ်စား ခိုးစားဖို.အတွက် ရှေ.ဆင့် နောက်ဆင့် ၀င်သွားခြင်းကို သတိပြုဖို. လိုပါမည်။ သူတို.က ခိုးတဲ့နေရာမှာ ကျွမ်းကျင်နေပြီ။

ရဲဘော် သုံးကျိပ်ဝင် ဦးနေ၀င်းကို ဟိုမျက်နှာထောက် ဒီမျက်နှာထောက်ပြီး ပြတ်ပြတ်သားသား အရေးမယူပဲ ထားခဲ့မိလို. တိုင်းပြည် သံဃာစင်မှောက်ခဲ့ရတဲ့ မြန်မာ့သမိုင်းကို မေ့ထားလို.မ ရပါ။ အခုလည်း ၈၈တုန်းက လုပ်ခဲ့တဲ့ ကျောင်းသားတွေပဲ။ ဒီမိုကရေစီ ခေါင်းဆောင်တွေပဲ ဆိုပြီး ဟိုမျက်နှာထောက်ဒီမျက်နှာထောက်ပြီး မပြောပဲ နေမယ် လုပ်သင့် လုပ်ထိုက်တာ ကို ပြတ်ပြတ်သားသားနဲ. အရေးမယူဖူး ဘေးဖယ် ၀ိုင်းပယ်မပစ်ဖူးဆိုရင် ဒိမိုကရေစီခေတ်မှာ တပ်ပြီး မြန်မာ့သမိုင်းသစ်လဲ သံဃာစင်တင်မကဖူး ဘုန်းကြီးကျောင်းတခုလုံးပါ ထပ်မှောက် သွားမှာ ဖြစ်ပါသည်။ ဦးနေ၀င်းတုန်းက မသိလို. ခံလိုက်ရတာ အခု ဒီလူတွေအကြောင်း သိနေပြီ ဆိုတော့ သိသိကြီးနဲ.တော့ မိအေး ၂ခါ နာတာမျိုး လုံးဝ အဖြစ် မခံနိုင်ပါ။

ဒါကြောင့် ဒီလူတွေ အနှစ် ၂၀ က ဘာတွေ လုပ်ခဲ့သလဲဆိုတဲ့ သမိုင်းအထောက်အထား What they did or what they have done တွေက လက်တွေ. သက်သေပြနေပြီးသားဖြစ်လို. သွေးစွန်းနေတဲ့ လူသတ်သမားတွေ လူလိမ် လူကောက် လုပ်စား ခိုးစားတဲ့ နိုင်ငံရေး စားဖားတွေရဲ့ လက်ထဲကို မြန်မာပြည်အနာဂတ် မကျရောက်ဖို. အမျိုးသားရေး တာဝန်အရကို ခံယူပြီး ပြည်သူတွေ သိရှိအောင် ဖော်ထုတ် အသိပေးပြီး သင်းတို.ရဲ့ နောက်ခံ သမိုင်းတွေကို ဖွင့်ချရမည်။

ဒီလူတွေဟာ Oceans တွေ သမုဒ္ဒရာတွေ ဖြစ်နေလို. သူတို.လက်ထဲ နစ်မြှုပ်သွားရင်တော့ မြန်မာပြည် ပြန်ပြီး ပေါ်လာနိုင်စရာ မရှိပါ။ တကယ်ကို သမုဒ္ဒရာ ကြမ်းပြင်မှာပဲ TiTanic ကြီး နစ်သလို ဖြစ်သွားနိုင်ပါသည်။

ဒါကြောင့် OCEAN ဘယ်နှစ်စင်းလဲ- သမုဒ္ဒရာဘယ်နှစ်ခုလည်း  ဆိုတာ မျက်စိဒေါက်ထောက် ပြီး ကြည့်နေဖို. လိုပါသည်။

No comments:

Post a Comment