Monday, September 10, 2012

ပါကစ္စတန်အခြေစိုက် ဟက် ကွာနီကွန် ရက်အဖွဲ့အကြမ်း ဖက်တိုက်ခိုက်ေ ရးအဖွဲ့  အဖြစ် အမေရိကန်ကြေညာ


(ဝါရှင်တန် စက်တင်ဘာ ၈) ပါကစ္စတန်နိုင်ငံအခြေစိုက်ဟက်ကွာနီစစ်သွေးကြွကွန်ရက်အဖွဲ့သည်အကြမ်းဖက်အဖွဲ့တစ်ဖွဲ့အဖြစ် အိုဘားမားအစိုးရအနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက်တွင်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ၏ကလင်တန်က ကြေညာလိုက်သည်။ အဆိုပါကွန်ရက်သည် အကြမ်းဖက်အုပ်စုဖြစ်ကြောင်း၊၄င်းကွန်ရက်အားသံတမန်နည်းလမ်းဖြင့် သော်လည်းကောင်း၊စစ်ရေး
အရသော်လည်းကောင်း ဆက်လက်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က ကွန်ဂရက်သို့ အစီရင်ခံစာ တစ်စောင် ပေးပို့ခဲ့သည်။ဟက်ကွာနီစစ်သွေးကြွကွန်ရက်အဖွဲ့သည် အယ်လ်ခိုင် ဒါနှင့်ရော တာလီဘန် တို့နှင့်ပါ အဆက်အသွယ်ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံအတွင်း နိုင်ငံခြား တပ်များကို အများဆုံး တိုက်ခိုက်နေသည့်ကွန်ရက်အဖွဲ့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ''ကျွန်မ အနေနဲ့ ဒီကနေ့ပဲ အကြမ်းဖက်သမားအုပ်စုတစ်စုဖြစ်တဲ့ ဟက်ကွာ နီကွန်ရက်ကို အရေး ယူ ဆောင်ရွက်သွားဖို့ ကွန်ဂရက်သို့အစီရင်ခံစာတစ်စောင် ပေးပို့ခဲ့ ပါတယ်''ဟု မစ္စစ်က လင်တန် က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့၌ ကျင်းပသော အေပက် (အာရှ-ပစိဖိတ် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုထိပ်သီး )အစည်းအဝေး၌ ပြောကြားလိုက် သည်။ ဟက်ကွာနီကွန်ရက်သည် အမေ ရိကန်အမျိုးသားလုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်လာနေကြောင်း၊ ဆက်လက်၍ စစ်ရေး အရ ခြိမ်းခြောက် လာနိုင်ကြောင်း ပင်တဂွန်ကပြောကြားသည်။ ၄င်းအဖွဲ့သည် ပါကစ္စတန်နှင့် အာဖဂန် လူမျိုးတို့အား မကြာခဏပြန်ပေးဆွဲပြီး ပြန်ပေးငွေများကို တောင်းယူလျက်ရှိသည်။ မြောက်ဝါဇီရစ္စတန်၌ အခြေစိုက်သည့် ဟက်ကွာနီကွန်ရက်အားမြေပြင်ထိုး စစ်ဆင် တိုက်ခိုက် သွားရန် အမေရိကန်က ပါကစ္စတန်နိုင်ငံအား တိုက်တွန်းထားသည်။ (အင်တာနက်)

No comments:

Post a Comment