Monday, September 10, 2012

လပေါ်တွင် ပထမဆုံးခြေ ချခဲ့သည့် အာကာ သသူရဲကောင်း ၏ရုပ်ကလာပ် ပင်လယ်ထဲ မြုပ်နှံမည်


(ဝါရှင်တန် စက်တင်ဘာ ၈) လပေါ်တွင် ပထမဆုံးခြေချခဲ့သည့် လူသားဖြစ်သူအမေရိကန်အာကာသ သူရဲကောင်း နေးလ်အမ်းစထရောင်း၏ရုပ်ကလာပ်ကို ပင်လယ်ထဲ၌ မြှုပ်နှံမည်ဖြစ်ကြောင်း မိသားစု ပြောရေးဆိုခွင့်ရှိသူ
ရစ်မီလာက စက်တင်ဘာ ၇ ရက်တွင်ပြောကြားသည်။မည်သည့် အချိန်၊ မည်သည့်နေရာတွင် မြှုပ်နှံမည်ဟူသော အသေးစိတ်အချက်များကိုမူ ရစ်မီလာက ထုတ်ဖော် ပြောကြားခြင်း မပြုပေ။အမေရိကန်အာကာသသူရဲကောင်း နေးလ်အမ်းစထရောင်းမှာ အသက် ၈၂ နှစ်အရွယ်တွင် သြဂုတ် ၂၅ ရက်ကကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**အီရန်နိုင်ငံအား သံတမန်ဆက်ဆံမှု ကနေဒါရပ်ဆိုင်း**
(အော့တဝါ စက်တင်ဘာ ၈) ကနေဒါနိုင်ငံက အီရန်နိုင်ငံနှင့်သံတမန်ဆက်ဆံမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် အီရန်သံတမန် များကို ငါးရက်အတွင်း ကနေဒါနိုင်ငံမှထွက်ခွာရန်ညွှန်ကြားထားကြောင်း ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဂျွန်ဘက်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားလိုက်သည်။ကနေဒါနိုင်ငံက အီရန်ရှိ ၄င်းတို့၏ သံရုံးကိုလည်း ပိတ်လိုက်ပြီဖြစ်ကြောင်း၊ ကနေဒါနိုင်ငံရှိ အီရန်သံရုံးကိုလည်း ပိတ်ရန် ကြေညာခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးဂျွန်ဘက်က ပြောကြားသည်။ ကနေဒါနိုင်ငံကအီရန်နိုင်ငံအား ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်မှုအများဆုံးဖြစ်နိုင်သည့်နိုင်ငံဟု ရှုမြင် ထားသည်။

No comments:

Post a Comment