Monday, September 10, 2012

Facebook iOS app တွင် ဓာတ်ပုံအ များအပြားကို upload ပြုလုပ်ခြင်း



ဒီတစ်ပတ်မှာ ဖော်ပြပေးမယ့် နည်းလမ်းကတော့ Facebook iOS app ကနေ ဓာတ်ပုံ အများအပြားကို upload ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

 ယခင်က Facebook ကို မိုဘိုင်းပေါ်ကနေ အသုံးပြုပြီး ဓာတ်ပုံ အမြောက်အမြားကို upload ပြုလုပ်တဲ့အခါမှာ third-party app ဒါမှမဟုတ် Facebook Camera app ကို အသုံးပြုပြီး upload ပြုလုပ်ရပါတယ်။
 ဒါပေမဲ့ Facebook က iOS အတွက် update အနေနဲ့ ဖြန့်ချိပေးလိုက် တဲ့ Facebook 5.0 မှာတော့ ဓာတ်ပုံအမြောက်အမြားကို တစ်ပြိုင်နက် upload ပြုလုပ်နိုင်မယ့် နည်းလမ်း ပါဝင် လာပါတယ်။ ပြုလုပ်ပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

- Facebook iOS app ကို ဖွင့်ပါ။

- Photo ကို နှိပ်ပါ။

- Choose From Library မှ ဓာတ်ပုံတစ်ပုံကို ရွေးချယ်ပါ။

- ထို့နောက် ကင်မရာ icon သို့မဟုတ် ဓာတ်ပုံရဲ့ thumbnail ကိုနှိပ်ပြီး နောက်ထပ် upload ပြုလုပ်လိုတဲ့ ဓာတ်ပုံကို ရွေးပါ။

အထက်ပါ နည်းလမ်းအတိုင်း ပြုလုပ်ပြီးပြီဆိုရင်တော့ Facebook iOS app ပေါ်ကနေ ဓာတ်ပုံများကို တစ်ပြိုင်နက် upload ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။


No comments:

Post a Comment