Monday, September 10, 2012

ယခုနှစ် ကုန်ပိုင်းတွင် ရွှေတိဂုံ ဘုရား အနောက် ဘက်မုခ် စက်လှေကား သစ်အား အပြီး တပ်ဆင် သွားမည်




ရွှေတိဂုံ စေတီတော်ရှိ အနောက်ဘက် မုခ်မှ စက်လှေကား အဟောင်း နေရာမှာ အစားထိုး တပ်ဆင် လျက်ရှိတဲ့ စက်လှေကားအသစ် ၆ စီးကိုယခုနှစ်ကုန် ပိုင်းမှာ အပြီး တပ်ဆင် သွားမှာ ဖြစ်တယ်လို့ ရွှေတိဂုံဘုရား ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလက်ရှိ မှာတော့ စက်လှေကား အသစ် ၂ စင်းကို နေရာချ ထားပြီး ဖြစ်ပါတယ်။ 
အခု တပ်ဆင် လျက်ရှိတဲ့ စက်လှေကား များဟာ ဂျပန် နိုင်ငံထုတ် Misubishi အမျိုးအစား ဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီ တစ်ခုမှ တပ်ဆင် လျက်ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီ စက်လှေကား ၆ စီး အတွက် တပ်ဆင်မှု ကုန်ကျ ငွေဟာ အမေရိကန် ဒေါ်လာ ၅ သိန်း ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ စက်လှေကားသစ် ၂ စင်းကို နေရာချထားပြီး ပေမယ့် ကျန်တဲ့ စက်လှေကား ၄ စင်း ကိုလည်း ယခုနှစ်ကုန်ပိုင်းမှာ အပြီး တပ်ဆင် သွားမှာ ဖြစ်ပါတယ်။ ဒီလို ရွှေတိဂုံ ဘုရား တောင်ဘက်မုခ်မှာ စက်လှေကားသစ် ၆ စီး တပ်ဆင်ဖို့ အတွက် အခုနှစ် ဇူလိုင်လ အတွင်းက အလှူရှင် များကို ဖိတ်ခေါ်ခဲ့ပြီး သြဂုတ်လမှာ စတင် တပ်ဆင်ခဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4

No comments:

Post a Comment