စက်တင်ဘာ (၁၀)
စက်တင်ဘာ(၉)ရက်ရက်နေ့
ည(၉)နာရီလောက်တုန်းက မိုးညှင်းမြို့နယ် ၊ နမ္မားကျေးရွာနဲ့ နမ့်ခမ်းကျေးရွာ
အကြားတွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲသဖြင့် ရထားလမ်းပျက်ဆီးသွားပြီး မန္တလေး - မြစ်ကြီးနား အတက်/အဆင်း ရထားများ ရပ်ဆိုင်းထားခဲ့ရကြောင်း သိရပါတယ်။
အဆိုပါမိုင်း
ပေါက်ကွဲမှုကြောင့် နမ္မားကျေးရွာဘက်ခြမ်း တံတားအောက်ခြေ သံဘောင်များ
ကွေးပြီး သံလမ်း က ဘေးဝဲ/ ယာသို့ ကားထွက်သွားကြောင်း နဲ့ တံတားအုတ်နဲ့
ဇလီဖားတုံး တွေလည်း ပျက်ဆီး သွားကြောင်း သိရပါ တယ်။
KIA
အကြမ်းဖက်အဖွဲ့သည် အပြစ်မဲ့ ပြည်သူများသွားလာရေး ခက်ခဲစေရန် တံတား၊
ကားလမ်း၊ ရထားလမ်း များကိုဆက်တိုက်ဖောက်ခွဲ ဖျက်ဆီးနေသဖြင့် ပြည်သူများ
ခရီးမသွားရဲတော့အောင် ကြောက်လန့် နေ ရကြောင်း မိုးညှင်းမြို့နယ်
နတ်ကြီးကုန်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပါတယ်။
From: KachinNews
No comments:
Post a Comment