Monday, September 10, 2012

မိုးသီးဇွန်အား ဂုဏ်ပြုထားခြင်း(Facebook)





လူမှုဒုက္ခ(မလေးရှား)
မိုးသီးဇွန် အလိုမရှိ ..................

"ပြည်တော်ပြန်"


ခွေးတစ်အုပ် ...
တောထုတ်လို့လည်း ..မရနိုင် ..
သူ့ထက်ငါ အပြိုင်ကျဲ ...
ဘယ်ပွဲဖြစ်ဖြစ် .. ၀င်ပြိုင် ...။



ယှဉ်နိုင်မှယှဉ် ...
ပလ္လင်ထိုင်မှ ဘုရင်တဲ့လား ...၊
အမျိုးချစ်ဖို့ ဟစ်အော် ...
နှစ်တောင် အတော်ကြာခဲ့ပါ့၊
ဒီမိုဆေးနဲ့ ညီညွတ်ရေးက ... ဝေးတယ်။

ပစ် ..ပြေး ...ခွာ ...
ဆဲခဲ့တာလည်း ...သူတို့ ...
ဘယ်ဖို့ ဘယ်တာ ...ဘယ်ဟာမှမကြည့်၊
ဒေါ်လာရသည့် ..မျက်နှာ ..။

တကယ် အနစ်နာ ...
ဖယ်မပစ်ခွာဘဲ ...
သွေးရဲရဲလည်း ...ခံ
သစ္စာမှန် အမိန့်ပြန်တမ်းထဲ
ထောင်နန်းလည်း စံခဲ့ကြသူတွေ ... ဒုနဲ့ဒေး၊
အခုမှ ပြန်လာပြီး
မတန်မရာ ပြောတဲ့ခွေးနဲ့တော့ .. မယှဉ်သာ။

မြန်မာ့သွေး၊ မြန်မာစိတ်
အားနာလို့ တိတ်
ကြောက်တတ်လို့ ..မှိတ်တယ်ထင်၊
ဓားသွေးဖို့ပြင် ..ဆိုတဲ့ ...
ပြည်ဖျက်စကား ...
ဘယ်အမျိုးကောင်းသားမှ မေ့မသွားနိုင်။

ခွေးအပေါင်းခစားရာမှာ
ဝံပုလွေ ဘုရင်ဖြစ်တာ ..မဆန်းပေမယ့်၊
ခွေးနေရာခွေး ...
ကျွေးနေတာလွေးပြီး .. အေးဆေးလေ ..၊
ပြည်သူတွေနဲ့ ဝေးဝေးနေပါ။

သူခိုးလက်မို့ ထမီရုတ်
ကိုယ်ငတ်လို့ ကိုယ်လုပ်တယ်
တဆိတ် ... လူကြားကောင်းပါသေးရဲ့ ..။
သမိုင်းကို အိုးမည်းသုတ်တဲ့
အကျိုးယုတ် ကြွေးကြော်သံ ...
အမျိုးဖြုတ်မယ့် ဥာဏ်ကြီးရှင် ..နိုင်ငံခြားပြန် ..တဲ့။

ကြိုသူကြို ... ဆိုသူဆို ...
ဘယ်လို ရွှေထီးဆောင်းဆောင်း ...၊
မြန်မာ့မြေဟောင်းပေါ်မှာ ...
စတေးခံ ၀ိဥာဉ်တို့ ငိုသံတွေ ...
တစ်ဖန်ပြန် ... နိုးထ။
ဟန်မူရာဘီရဲ့ ကိုဒ ဥပဒေ
အသက်ချင်း ပြန်ဆပ်ရင်တောင်
ဆယ်ကမ္ဘာမကြေဘူး ...။

ကိုယ်လာရာ လမ်း
ကိုယ့်ဘာသာ ပြန်မြန်းပါ ..။
ပန်းသပြေနဲ့ လန်းဝေတဲ့ မြေပေါ်မှာ
သွေးညှီနံ့ဆာလောင် ....
ချိုးဖြူယောင်ဆောင်ထားတဲ့ ကျီးတစ်သိုက်၊
မိုက်ဇာတ်ခင်း .. မိုက်တွင်းနက်
အရှက်ကင်းမဲ့ ..အခုထက်ထိတိုင် ...
ပြည်သူအတွက်လို့ လှိုင်လှိုင်အော်နေဆဲ ...။ ။


နန်းအသင်္ခယာ


(တိုင်းပြည်အတွက် တကယ်အနစ်နာခံပေးဆပ်နေတဲ့ မည်သည့်အဖွဲ့အစည်း
မည့်သည့်ပါတီဝင်များကိုမဆို .. ကျမ လေးစားလျှက်ပါပဲ။
တိုင်းပြည်အတွက်မဟုတ်ဘဲ ..တိုင်းပြည်ဖျက်မယ့်သူဆိုရင်တော့ ... ရွံရှာမိ
ပါတယ်။ ဒါကြောင့်လည်း ..ဒီကဗျာရေးခဲ့ပါတယ်။
သခင်ကိုယ်တော်မှိုင်း ..အချုပ်တန်းဆရာဖေ ..ဆီးဘန်းနီဆရာတော်တို့ကို
ရိုသေစွာ ၀ါရ၀ပြုရင်း ... ......။)

http://www.facebook.com/photo.php?fbid=280536888715159&set=o.317306671675236&type=1&ref=nf 

ဖော်ပြပါ facebook ပေါ်တွင်ရေးသားထားသော ကဗျာနှင့်ပုံကို မြန်မာပြည်သားမှ ကူးယူဖော်ပြပေးခြင်းသားဖြစ်ပါသည်။ 

No comments:

Post a Comment