Wednesday, October 10, 2012

Asia World ကုမ္ပဏီမှ ကျပ်သန်းထောင်ကျော် ရရန်ရှိသည်ဟု လုပ်ငန်းရှင် ၁ဝ ဦး ဆို

Asia World ကုမ္ပဏီမှ ပေးရန်ကျန်ရှိနေသည့် အကြွေးများကို သုံးလ အတွင်း မပေးချေလျှင် အဆိုပါ ကုမ္ပဏီအား ဆန္ဒဖော်ထုတ်၍ အကြွေးတောင်းမည် ဟု ဆောက်လုပ် ရေး လုပ်ငန်းရှင် ၁ဝ ဦးက ပြော သည်။ Asia World ကုမ္ပဏီဘက်မှ ဆောက်လုပ်ရေး လုပ်ငန်းရှင် ၁ဝဦး ကိုပေးရမည့် ကျပ်သန်းပေါင်း ၁၁၁၆ ဒသမ ဝ၁ ကို ယခုတိုင် မပေးချေသေး သည့် အတွက်ကြောင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်
သည်။ ”နောက်နှစ် နှစ်စ မှ ကျွန်တော် တို့ရမယ့်အကြေွးကို သူတို့ဘက်က မပေးရင် Asia World ရုံးချုပ်ရှေ့ ကိုသွားပြီး ကြွေးပြန်ပေးရေးအတွက် ကို ဆန္ဒဖော်ထုတ်ပြီး တရားဝင်သွား တောင်းတော့မှာဖြစ်ပါတယ်”ဟု ကျပ်သိန်း တစ်ထောင်ကျော် ကြွေး ရရန်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးအောင်မျိုးရှိန်ကပြောသည်။ နှစ်ဦးနှစ်ဖက် ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်များအရ ဆောက်လုပ်ရေး လုပ်ငန်းရှင် များဘက်မှ ကုမ္ပဏီ သို့ သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြန်အပ်နိုင်လျှင် ကုမ္ပဏီဘက်မှ ကုန်ကျ စရိတ်၏ ၉ဝ ရာခိုင်နှုန်း ကို ပေးချေပေးရမည်ဖြစ်ပြီး လုပ်ငန်းပြန်အပ်ပြီး တစ်လခွဲ အကြာတွင် ကျန်သည့် ၁ဝ ရာခိုင်နှုန်း ကို ပေးချေရန် နှစ်ဖက် သဘောတူညီချက် ပြုလုပ်ခဲ့ကြသည့်တိုင် ယနေ့အချိန် အထိ Asia World ကုမ္ပဏီဘက်မှ ဆောက်လုပ်ရေး လုပ်ငန်းရှင် ငယ် များကို ကုန်ကျစရိတ်၏ ၆၅ ရာခိုင် နှုန်းသာ ပေးချေ ထားသေးသည့်အ တွက်ကြောင့် လုပ်ငန်းရှင် ငယ်များမှာ ကြွေးပူများမိ၍ လုပ်ငန်း ဆက်လက် လုပ်ကိုင်နိုင်ခြေပင် ပျက် ယွင်းနေကြောင်း ၄င်းတို့ကပြောကြားသည်။ ”သူတို့ဆီက ကြွေးတွေ သိန်းထောင် ချီပြီး မရတဲ့အတွက်ကြောင့် အခုလုပ်ငန်းလည်း မလုပ်နိုင်တော့ သလို နောက်က ကြွေးရှင်တွေ ကလည်း အပူတပြင်း လိုက်တောင်း နေကြ ပါပြီ”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ လက်ရှိ အချိန် တွင် အဆိုပါအခက် အခဲများကို သက်ဆိုင်ရာ အလုပ်သမား ဝန်ကြီးဌာနမှ ကြားဝင် ၍ဖြေရှင်း ဆောင်ရွက်ပေးမှုဖြင့် Asia World ကုမ္ပဏီမှ တာဝန်ရှိ သူများနှင့် နှစ်ကြိမ် တိုင် တွေ့ဆုံပြီးဖြစ် သည်။ သို့ရာတွင် ကုမ္ပဏီဘက် မှ ပေးချေရ မည့်အကြွေးသန်းပေါင်း တစ်ထောင် ကျော်ကို ပေးနိုင်မည့် တိကျသေချာသည့် အချိန်အတိုင်း အတာတစ်ခုကို မပြောကြား ဘဲ အောက်တိုဘာ ၁ ရက်မှ စတင်၍ တစ်နှစ်အတွင်း ပြန်လည်ပေးချေပေး မည်ဟုသာ အကြောင်းပြန်ကြားထား ကြောင်း သိရသည်။ ကုမ္ပဏီဘက်မှ လုပ်ငန်း ရှင်များကို ယင်းသို့ ပြောကြားထားသည့် အတိုင်း လုပ်ငန်းရှင်များ ဘက်မှရရန် ကျန်သည့် အကြွေးသန်းပေါင်း တစ်ထောင်ကျော်ကို သုံးလ အတွင်းတွင် ပထမလ၌ ကျန်သည့် အကြွေးများထဲမှ ၅ဝ ရာခိုင်နှုန်း၊ ဒုတိယလ၌ ၂၅ ရာခိုင်နှုန်းနှင့် တတိယလ၌ ၂၅ ရာခိုင်နှုန်းဟူ၍ သုံးလ အတွင်းအပြီး သတ်ပေးစေလိုကြောင်း ၄င်းတို့က ပြောသည်။ ”ကျွန်တော်တို့ က လုပ်ငန်းပြန် အပ်ပြီးလို့ တစ်နှစ်ခုနစ်လလောက် စောင့်ဆိုင်းပြီးတော့မှ ရမယ့် အကြွေး တွေထဲက ၆၅ ရာ ခိုင်နှုန်းကိုပဲ ရတာ၊ အဲဒါတောင် အချိန်တော်တော် စောင့်လိုက်ရတယ်။ အခုထပ်ပြီး နောက်တစ်နှစ် ထပ်စောင့်ခိုင်းတော့ ကျွန်တော်တို့လည်း သူများတွေကို ပေးစရာကြွေးပူတွေ ရှိသေးတဲ့အတွက် ကြောင့် ဒီထက် ပိုပြီး ထပ်မစောင့်နိုင် တော့ပါဘူး”ဟု ဦးအောင် မျိုးရှိန်က ထပ်လောင်းပြောသည်။ ယင်းသို့သော အခက်အခဲများ ကို နိုင်ငံတော်သမ္မတ သိရှိရန်အတွက် ကိုလည်း လုပ်ငန်းရှင်များ က နိုင်ငံတော်သမ္မတထံသို့ အပတ်စဉ် တိုင်ကြားစာများ ပေးပို့လျက်ရှိပြီး လက်ရှိ အခြေအနေအထိ သမ္မတရုံးမှ မည် သည့်အကြောင်းပြန်ကြားမှုမျှ မရှိ သေးကြောင်း ၄င်းကပြောကြားသည်။ ထို့အတွက်ကြောင့် ၄င်းတို့ ဘက်မှ ပထမအဆင့်အနေဖြင့် ဆန္ဒ ဖော်ထုတ်၍ ရရန်ရှိသည့် အကြွေး ကို တောင်းဆိုမှု ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ပြီး ယင်းသို့ ပြုလုပ်ပြီး ချိန်၌ ကုမ္ပဏီနှင့် သက်ဆိုင်ရာဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်မှု မပြု လုပ်လျှင် ဥပဒေအရ တရားစွဲဆိုမှု များပါ ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၄င်းတို့က ပြော ကြားသည်။
From- Popular Myanmar News Journal

No comments:

Post a Comment