Wednesday, October 10, 2012

ကချင်နှင့် ရခိုင်ပြည်နယ် နယ်စပ်ဂိတ်ပေါက်များမှ ယခုနှစ်ကုန်သွယ်မှု ဒေါ်လာသန်းရာနှင့်ချီကာ လျော့ကျသော်လည်း မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံအထိ မြင့်တက်

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ မှောင်ခိုတင်သွင်းမှုများ များပြားနေသေးခြင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များရှိ နယ်စပ်ဂိတ်ပေါက်များမှ ကုန်သွယ်မှုအပြည့်အ၀မပြုနိုင်သေးသည့် အခြေ အနေများရှိသော်လည်း နယ်စပ် ကုန်သွယ်မှုပမာဏမှာ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်အထိ မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရသိရသည်။
ယခင်ဘဏ္ဍာနှစ်ကခြောက်လအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်သာရှိသော်လည်း ယခုနှစ်၌ခြောက်လအတွင်း ၁ ဒသမ ၆ ဘီလျံကျော်ပမာဏအထိ ကုန်သွယ်နိုင်၍ ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ဖိုး ပိုမိုကုန်သွယ်နိုင်ကြောင်း သိရသည်။

ယခုနှစ်တွင် ကချင်ပြည်နယ် အခြေအနေများကြောင့် ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်နိုင်မှုမှာ များစွာကျဆင်းခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ အခြေအနေများကြောင့် လည်း မောင်တောနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်နိုင်မှုမှာ ယခင်နှစ်ကခြောက်လ အတွင်း ကုန်သွယ်နိုင်မှုနှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ရကြောင်းသိရသည်။ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း ကခြောက်လ အတွင်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းလေးခုမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၇ သန်းကျော်အထိရှိသော်လည်း ယခုနှစ်တွင်မူ ၂၈ သန်း ကျော်သာ ရှိသေးကြောင်း ထုတ်ပြန်ထားသည်။
 
From- Eleven Media Group

No comments:

Post a Comment