Wednesday, October 10, 2012

ရခိုင် အမျိုးသမီးများ ဆန္ဒပြရန် လျှောက်ထားမှု ကန့်သတ်ချက်ဖြင့် ခွင့်ပြု

ရခိုင်ပြည်နယ် အနှံ့ မှီတင်း နေထိုင်လျှက် ရှိသည့် မြန်မာ အမျိုးသမီးများ၏ ဘဝ လုံခြုံရေးအတွက် ဆန္ဒ ဖော်ထုတ် ရန် စစ်တွေမြို့ရှိ ရခိုင် အမျိုးသမီးများက ခွင့်ပြုချက်တောင်းခံထားမှုကို ပြည်နယ် ရဲတပ်ဖွဲ့မှူးက ကန့်သတ်ချက်ဖြင့် ခွင့်ပြု လိုက်ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင် ပြုလုပ်မည့် ဒေါ်ညိုအေးက The Voice Weekly သို့ ပြော ကြားသည်။
"Get Out OIC ဆိုတဲ့ အချက်နဲ့၊ သားရေပေါ်အိပ် သားရေနား စားသူများ ထွက်သွား ဆိုတဲ့ အချက်နှစ်ချက်ကို ပယ်ချလိုက်ပါတယ်" ဟု ၄င်းက ဆိုသည်။

ဆန္ဒ ဖော်ထုတ်ရန်အတွက် စာတင်ရာတွင် "Get Out OIC"စာတန်းပါ အဝါရောင် တီချပ် အင်္ကျီများကို ဝတ်ဆင် သွားမည်ဖြစ်ပြီး သားရေပေါ်အိပ် သားရေနား စားသူများ ထွက်သွား၊ တရားမဝင် ခိုးဝင်လာသူများကို အလိုမရှိ၊ မြန်မာပြည်တွင် ဘယ်အချိန်ကမျှ ရိုဟင်ဂျာ မရှိ၊ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက် မည်၊ မြန်မာ့ ပြည်တွင်းရေးကို OIC မစွတ်ဖက်နဲ့၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ကို လေးစား လိုက်နာ ရန်၊ မြန်မာ အမျိုးသမီးများ ဘဝ လှပ လုံခြုံမှု ရှိပါစေ၊ မြန်မာ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်ကြ ဟူသည့် အချက်များကို တောင်းဆိုထားရာမှ အထက်ပါ အချက်နှစ်ချက်ကို ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဉ် သူများက ဆိုသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်မည်ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှူးက ခွင့်ပြုလိုက်ပြီး ဆန္ဒ ဖော်ထုတ်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လည် ၁နာရီတွင် စစ်တွေမြို့ရှိ အေးစေတီ ဘုရား အနီးတွင် လူစုကာ ယင်းမှ မြို့အနှံ လှည့်လည် ပြုလုပ် သွားမည်ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီ လူမျိုးများနှင့် အတူယှဉ်တွဲ နေထိုင်ရန် မည်သို့မျှ မဖြစ်နှိုင်သလို ၄င်းတို့ ရှိနေသမျှ ကာလပတ်လုံး ရခိုင်တိုင်းရင်းသူ၊ တိုင်းရင်းသားများကို နည်းမျိုးစုံဖြင့် အန္တရာယ် ပေးနိုင်ပြီး ရခိုင်အမျိုး သမီးများနှင့် ရခိုင်ပြည်နယ် အတွင်း နေထိုင်သော မြန်မာတိုင်းရင်းသူ အမျိုးသမီးများ၏ ဘဝ လုံခြုံမှု အတွက် မည့်သို့မျှ စိတ်မချရ သဖြင့် ယင်းသို့ ဆန္ဒဖော်ထုတ် တောင်းဆိုခြင်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။
 
From- News of Myanmar

No comments:

Post a Comment