Wednesday, October 10, 2012

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲမှု ဥပဒေ တရားမျှတမှု မရှိ ဟုဆို

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဆိုင်ရာ စီမံ ခန့်ခွဲမှု ဥပဒေ သည် တရားမျှတမှု မရှိကြောင်း လယ်သမား အရေး ကူညီ ဆောင်ရွက် ပေးနေသူ ရှေ့နေ ဦးဖိုးဖြူက အောက်တိုဘာ လ ၉ ရက်နေ့ က တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသော အာရှ စီးပွားဖြစ် စိုက်ပျိုးရေး အစည်းအဝေးသို့ တင်ပြသွားမည့် မြေလွတ်မြေလပ်များ စီမံ ခန့်ခွဲခြင်း ဆိုင်ရာ သဘောထား အမြင် ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားသည် ။
" ဒီဥပဒေက ဒေသခံတွေမှာ စီမံ ခန့်ခွဲခွင့် မရှိတာကို ပြနေတယ် ၊ မြေလွတ်တွေကို ကုမ္ပဏီတွေ သူဌေးတွေ ကပဲ လျှောက်ထားခွင့် ရှိမှာလား ၊ ဥပဒေ မှာ တောင်သူလယ် သမားတွေ မြေလွတ် မြေရိုင်းတွေ ကို လျှောက် ထား ခွင့် ရှိတယ် ဆိုတာမျိုး တစ်လုံးမှ မပါဘူး " ဟု ၄င်းက ဆက်လက် ပြောကြားသည် ။

အဆိုပါ ဥပဒေသည် လူအများ ရှင်းရှင်းလင်းလင်း သိသင့်သော ဥပဒေ ဖြစ်သော်လည်း လုပ်ပိုင်ခွင့် ရပိုင်ခွင့် များကို ပြည်သူများ နားလည် သဘောပေါက်အောင်လည်း ပြုလုပ်ထားခြင်း မရှိကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် မှ ဒေါ်နန်းထွေးမှုံ ကဆိုသည် ။

" တရားမျှတမှု မရှိတဲ့ ဥပဒေတွေ ပြဌာန်းထားတဲ့ အတွက်တရားမျှတမှု ရှိအောင် ပြင်ဆင်ဖို့လိုပါတယ် ၊ ဥပဒေက တရားမျှတမှု ရှိမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့က ကြိုဆို နိုင်ပါမယ် ၊ ကိုယ့်ပြည် သူ တွေပေါ် မှာတောင် မျှတအောင် စီမံခန့်ခွဲ နိုင်မှု မရှိဘဲ နဲ့ နိုင်ငံခြားသား တွေ အပေါ်မှာ ဘယ်လို စီမံခန့်ခွဲမှာလဲ " ဟု ကိုဖိုးဖြူ ကဆက်လက် ပြောကြားသည် ။

ထို့အပြင် လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့် ဥပဒေ နှင့် နည်းဥပဒေကို နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြခဲ့သော် လည်း မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေကိုမူ နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြခြင်း မျိုး မရှိခဲ့ကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ကိုနေမျိုးဝေ ကဆိုသည် ။

From- News of Myanmar

No comments:

Post a Comment