Wednesday, October 10, 2012

မြန်မာနိုင်ငံမှ ဆင်ကိုပင် ပြည်ပနိုင်ငံများသို့ မှောင်ခိုပို့ဆောင်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောသည်

"ဆင်တောင် မှောင်ခိုထွက်တယ်။ ဓာတ်ပုံရိုက်ပြီး ပေးပါ့မယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက သတင်းထောက် များ သို့ ပြောကြားသည်။ မြန်မာ့ဆင်များကို ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် တရားမ၀င် တင်ပို့ရောင်းချမှုများရှိပြီး တရားမ၀င် ရောင်း ချမှု မှတ်တမ်းများကိုလည်း ဗီဒီယိုလူမှုကွန်ယက် YouTube တွင် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

ယခုလက်ရှိတွင် မူဆယ်ဒေသမှ တစ်ရက်လျှင် နွားအကောင်ရေ တစ်ထောင်ခန့်အား တရုတ်နိုင်ငံ သို့ မှောင်ခို ပို့ဆောင်နေကြောင်းလည်း ၀န်ကြီးက ပြောသွားသည်။

"မှောင်ခိုမပို့နဲ့ တရားဝင်ပို့ စီးပွားဖြစ်မွေး အကောင်လိုက်မပို့နဲ့ အေးခဲအမဲသားလုပ်ပြီးပို့ ခွင့်ပြုပေးမယ်။ ကျန်း မာရေးထောက်ခံချက်ကိုလည်း သက်ဆိုင်ရာက တောင်းပေးမယ်"ဟု ဦးဝင်းမြင့်ကပြောသည်။

ထိုမှောင်ခိုရောင်းဝယ်နေခြင်းအား ထိန်းချုပ်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ အခွန်၊ မီဒီယာ၊ ဒေသ အာဏာပိုင်နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သော မိုဘိုင်းအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးရန် နိုင်ငံတော်သို့ တင်ပြဆောင် ရွက်သွား မည်ဟု ၀န်ကြီးကပြောသည်။
 
From- 7Day News Journal

No comments:

Post a Comment