Wednesday, October 10, 2012

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဇော ကွယ်လွန်

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု တွင် အရေးပါသော နေရာမှပါဝင်ခဲ့ပြီး တပ်မတော်သမိုင်း၌ မေ့ဖျောက်ချန်လှပ်ထား၍မရနိုင်သည့် ဗိုလ်မှူး ချုပ်ဟောင်း ဦးကျော်ဇော အသက် ၉၃နှစ် သည် ယနေ့နံနက် ၃နာရီ ၃၀ မိနစ်ခန့်တွင် တရုတ်ယူနန်ပြည်နယ် ၊ ကူမင်းဆေးရုံ၌ ကွယ်လွန် သွားခဲ့ ကြောင်း သိရသည်။
မကွယ်လွန်မီက မြန်မာနိုင်ငံသို့ လာရောက်၍ ရွှေတိဂုံဘုရားဖူးလိုကြောင်း သူ၏ ဆန္ဒကို ပြောဆိုခဲ့ဖူးပြီး မြန်မာအစိုးရမှ ခွင့်ပြုထားခဲ့သော်လည်း ဦးကျော်ဇော ၏ ကျန်းမာရေးအခြေအနေအရ မိခင်မြေသို့ လာရောက် နိုင်ခြင်း မရှိခဲ့သောကြောင့် ၄င်း၏ နောက်ဆုံးဆန္ဒလည်း ပြည့်ဝမသွားခဲ့ရှာပေ။
 
From- Popular Myanmar News Journal

No comments:

Post a Comment