မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သည့် စီးပွားရေး ၀န်းကျင်ကောင်းတစ်ခုကို
ဖန် တီးနေ ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က အောက်တိုဘာလ ၉ရက် တွင်
တောင်ကိုရီးယားနိုင်ငံ KOTRA ဌာနချုပ်ရုံး၌ ပြု လုပ်သော
မြန်မာရင်းနှီးမြုပ်နှံမှုဖိုရမ် တွင် မိန့်ခွန်းပြောကြား စဉ် ထည့်သွင်းပြောကြားသွားသည်။
မြန်မာနိုင်ငံအနေနှင့် ရရှိထားသောနိုင်ငံရေးဖြစ်ထွန်းမှု့များကို ပံ့ပိုး ကူညီနိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံ မှု့များနည်းပညာ အကူ အညီများလိုအပ်နေချိန်ဖြစ်ကြောင်းလည်း ကိုရီးယား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုမြှင့် တင်ရေး အေဂျင်စီ (KOTRA)တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေနှင့် ကမ္ဘာအင်အားကြီး စီးပွားရေးနိုင်ငံဖြစ်သော
တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံ အကြားတည် ရှိနေသည်ကို “မြန်မာနိုင်ငံသည်
မဟာဗျုဟာမြောက် တည်နေရာဖြစ်သော ကမ္ဘာ့စီးပွားရေးအင် ဂျင်နှစ်ခုအကြား တွင်
တည်ရှိနေကြောင်း” ရည်ညွှန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေနှင့်
အလားအလာကောင်းသော်လည်း ရင်းနှီးမြုပ်နှံမှု အားနည်းနေသေးသည့် စီးပွားရေး
ကဏ္ဍများ ရှိနေသေးခြင်းက လည်း မြန်မာနိုင်ငံ၏စီးပွားရေးအနာဂတ် အတွက် အားသာချက် များဖြစ်ကြောင်း လည်း သမ္မတကပြောကြားခဲ့သည်။
From- 7Day News Journal
မြန်မာနိုင်ငံအနေနှင့် ကမ္ဘာအင်အားကြီး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံ အကြားတည် ရှိနေသည်ကို “မြန်မာနိုင်ငံသည် မဟာဗျုဟာမြောက် တည်နေရာဖြစ်သော ကမ္ဘာ့စီးပွားရေးအင် ဂျင်နှစ်ခုအကြား တွင် တည်ရှိနေကြောင်း” ရည်ညွှန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေနှင့် အလားအလာကောင်းသော်လည်း ရင်းနှီးမြုပ်နှံမှု အားနည်းနေသေးသည့် စီးပွားရေး ကဏ္ဍများ ရှိနေသေးခြင်းက လည်း မြန်မာနိုင်ငံ၏စီးပွားရေးအနာဂတ်
No comments:
Post a Comment