Wednesday, October 10, 2012

မြောက်ကိုရီးယား တာဝေးပစ်ဒုံးလက်နက် အမေရိကန်ထိရောက်နိုင်

အောက်တိုဘာ (၉) ရက်တွင် အစိုးရတပ်များ ခံစစ်ယူ ထားသော ဒေါ့ဖုန်း ယန်မှ ၅ မိုင်ခန့် အကွာရှိ လွယ်ဂျေဘွမ်စခန်းအား KIA တပ်မဟာ(၅) တပ်ရင်း  (၂၄) မှ ၀င်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းတွင် အစိုးရတပ်ရင်းတစ်ရင်းမှ ခံစစ်ယူထားစဉ် KIA တပ်များမှ နေ့လည် (၁) နာရီခွဲခန့်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ အစိုးရတပ်၏ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ် မှုကြောင့် KIA  တပ်များ အကျအဆုံးများစွာဖြင့် ညနေ(၃)  နာရီခန့်တွင် ပြန်ဆုတ် သွားကြောင်း သိရပါသည်။
“ အရင်တုန်းက အဲ့ဒီစခန်းမှာ ဗမာစစ်သား အယောက်(၂၀)ကျော်နဲ့ စခန်းတည်ထားတာ၊ ခု အချိန်ဆိုတော့ တပ်ရင်း တစ်ရင်းကျော်လောက်ရှိမယ်ထင်တယ်။ အဲဒါကို KIA က အရင်လိုဘဲထင်လို့လား မသိဘူး၊ သွားတိုက် တာ၊ စပစ်ကြကတည်းက ဗမာတပ်တွေရဲ့ ကတုတ်ကျင်းတွေထဲကနေ  ဘာသေနတ်တွေနဲ့လဲ မသိဘူး၊ ပြန်ပစ် လိုက်တာ၊ KIA တွေ ပြန်လန်ကျတာ မြင်လို့တောင်မကောင်းဘူး၊ KIA ကတော့ အပိုင်ဆိုပြီး သွားတိုက်တာ ဟိုက ကျင်းထဲ ကနေ အပိုင်ပြန်ပစ်လိုက်တာ၊ နောက်ဆုံး KIA တွေ အလောင်းတောင် ပြန် မကောက်နိုင် ဘူး။ ပြန်ဆုတ်သွားကြတယ်” ဟု ဒေသခံတောင်ယာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွင် KIA မှ အယောက် ၂၀ ခန့် ကျမည်ဟု ၎င်းဒေသခံ ဦးလဒွန်ဂွမ်က ခန့်မှန်းပြောဆို သွားပါတယ်။ 

KIA တပ်တွေဟာ အောက်တိုဘာလအတွင်း အစိုးရတပ်များကိုယခင်ကထက်ပို၍ ပြင်းပြင်းထန်ထန် ပြန်လည် ထိုးစစ်ဆင်လာတာကို တွေ့ရပါတယ်။  တိုက်ပွဲများတွင် နှစ်ဘက်အကျအဆုံးများ လျက်ရှိပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ဖြစ်ပွားခဲ့သော နန့်မော်တိုက်ပွဲတွင်လည်း  KIA ဘက်မှ အယောက် (၃၀) ကျဆုံးသွားပြီး (၄၀) ခန့်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ အောက်တိုဘာလ(၅)ရက် တွင်လည်း ဖားကန့်ဂွေခါမော်တိုက်ပွဲမှာ  KIA (၃) ယောက်ကျခဲ့တယ်လို့ သိရပါတယ်။
 
From- ကချင်နေ့စဉ်သတင်း

No comments:

Post a Comment