Wednesday, October 10, 2012

ဘင်္ဂလားဒေ့ရှ် ဘာသာရေး အကြမ်းဖက်မှုအပေါ် စစ်တွေတွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်အတွင်း ဇွန်လပိုင်းက ရခိုင်-ဘင်္ဂါလီ အရေးအခင်း များ ဖြစ် ပွား အပြီး ပထမဆုံး တရားဝင် ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ကို ယနေ့မွန်း လွဲ ၂ နာရီခန့်က စစ်တွေမြို့ ရှိ သံဃာတော်များ ဦးဆောင် ကျင်းပပြုလုပ်ခဲ့သည်။ စစ်တွေမြို့တွင် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့ ၌ ပြုလုပ်သော အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် စစ် တွေမြို့တွင်းရှိ ဘင်္ဂါလီ များနေထိုင်ရာ အောင် မင်္ဂလာ ရပ်ကွက်ကိုလည်း ရွှေ့ပြောင်းပေးရန် သံဃာတော်များ က ထည့် သွင်း တောင်းဆိုခဲ့ကြသည်။ ”ဒီရပ်ကွက် ရှိနေခြင်းအားဖြင့် ဘယ်နေ့၊ ဘယ်အချိန်မှာ ဘာ ပြဿ နာတွေ ဖြစ်လာဦးမလဲဆိုပြီး မြို့လူထုအနေနဲ့ စိုးရိမ်ထိတ်လန့် နေကြရတယ်။ ဒီရပ်ကွက်ကို ရွှေ့ ပြောင်းပေး လိုက်ခြင်း အားဖြင့် အာ ဏာပိုင်တွေအတွက်လည်း ဝန်ထုပ် ဝန်ပိုးတစ်ရပ် ပေါ့သွားနိုင် တယ်။ ဒါ ကြောင့် ဒီအချက်ကို ထည့်သွင်း တောင်းဆိုတာပါ”ဟု ဦးဆောင် သံဃာတစ်ပါးဖြစ်သည့် ဦးဥာဏ က မိန့်ကြားသည်။ ယနေ့ ဆန္ဒဖော်ထုတ် ပွဲတွင် သံဃာအပါး ၅ဝဝ ကျော် တက် ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်မည် ဆိုခြင်းကို အလိုမရှိ၊ ရခိုင်ပြည်နယ်မှ OIC ကို အလိုမရှိ၊ ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင် များကို စောင့်ရှောက်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ယူပေးရမည်၊ တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီများ အလို မရှိ၊ နှစ်ဖက်ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် စစ်တွေမြို့ တွင်းရှိ အောင် မင်္ဂလာရပ်ကွက်ကို အမြန် ဆုံး ရွှေ့ပြောင်းပေးရန် စသည့် တောင်းဆို ချက်များကို ကြွေးကြော် တောင်းဆိုခဲ့ကြပြီး ဇူလိုင်လအတွင်း ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးလာ ရောက်စဉ်က တရားမဝင်ဘင်္ဂါလီ များနှင့် စပ်လျဉ်း၍ ပြောဆိုခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက် ကို ထောက်ခံကြောင်းလည်း သံဃာတော် များက မိန့်ဆိုကြသည်။ ဆန္ဒဖော်ထုတ်ပွဲကို လာရောက် အားပေးသူ မြို့ခံတစ်ဦးက ”ဇွန်လ အတွင်း ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အတွင်းမှာ ဘင်္ဂါလီတွေ ကိုယ့်အိမ်ကို မီးရှို့ပြီး ထွက်ပြေးတဲ့ဖြစ်စဉ်တွေ ရှိခဲ့ ပါတယ်။ တခြား ဒေသကလူတွေက တော့ ကိုယ့်အိမ်ကို မီးရှို့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား တွေးကြမှာပါ။ ဒီမှာတော့ တကယ်ဖြစ်တာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အိမ်အစုတ် ကို မီးရှို့ ထားခဲ့ပြီး အိမ်ကောင်းနဲ့နေတဲ့ ရခိုင်တွေ ဒုက္ခရောက်အောင်လို့ပါ။ နောက် ထပ် ဒီလိုအဖြစ်မျိုးတွေ ဖြစ်မှာစိုးလို့ အောင်မင်္ဂလာ ရပ်ကွက် ကို ရွှေ့ ပြောင်းပေး ဖို့ တောင်းဆိုတာပါ” ဟု ပြောသည်။ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည် နယ် နယ်စပ် မောင်ေ တာနှင့် ဘူးသီး တောင်မြို့နယ်များတွင် ဘင်္ဂါလီများ တရားမဝင် စိမ့်ဝင်လာမှုများကြောင့် ရခိုင်တိုင်းရင်းသား ၆ ရာ ခိုင်နှုန်းသာ ရှိ၍ ဘင်္ဂါလီဦးရေမှာ ၉၄ ရာခိုင်နှုန်း အထိရှိနေကြောင်း ဇူလိုင် ၃၁ ရက် က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော်တွင် ပြည်ထဲရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး ကိုကို က ပြောကြားခဲ့သည်။ ယနေ့ စစ်တွေတွင် ပြုလုပ်ခဲ့ သောသံဃာတော်များ၏ ဆန္ဒဖော် ထုတ်ပွဲသည် ရခိုင်ပြည်နယ် အတွင်း ဇွန်လပိုင်းက ဖြစ်ပွားခဲ့ သော ရခိုင်- ဘင်္ဂါလီအရေး အခင်းများကြောင့် ထပ်မံ ၍ ပြဿနာများ မဖြစ်ပွား စေရန် တောင်း ဆိုခြင်းဖြစ်သည့် အပြင် လွန်ခဲ့သော ရက်ပိုင်းများ အတွင်းက ဘင်္ဂ လား ဒေ့ရှ်နိုင်ငံအ တွင်း ဗုဒ္ဓဘာသာဝင်များကို သတ် ဖြတ်ခဲ့ခြင်းများအား ဘင်္ဂလားဒေ့ရှ် အစိုးရက တာဝန်ယြူေ ဖရှင်းပေးရန် တရားဝင် တောင်းဆို လိုက်ခြင်း ဖြစ်သည်။
ပန်းလမ်း(စစ်တွေ)
 
From- Popular Myanmar News Journal

No comments:

Post a Comment