Wednesday, August 15, 2012

တန်ဖိုးနည်းဂျီ ဆင်းကတ်ပျက်၍ လျှောက်ထားခြင်း တစ်နေ့ ၅ဝ ကျော်ရှိ



တန်ဖိုးနည်းဖုန်းများပေါ်ပေါက်လာပြီးနောက် ဆင်းကတ်ပျက်စီးမှုလျှောက် ထားသူ တစ်နေ့ ၅ဝ ကျော်အထိ လဲလှယ်ပေးနေရကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


''အရင်ငါးသိန်းတန်ဖုန်း ဆင်း ကတ်တွေသိပ်မပါဘူး။ အခု ရောင်း ပေးနေတဲ့ ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲ တန်ဖုန်းတွေပဲ အများဆုံးပါဝင်နေ ပါတယ်'' ဟုရွှေဂုံတိုင် မြန်မာ့ဆက် သွယ်ရေးရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းသို့ကတ်ပျက်စီးမှုများ ပြားလာခြင်းသည် တန်ဖိုးနည်း ဖုန်း များစတင်ရောင်းချပေးသည့် ကာလ ၌ ဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ ကတ်များ ရောင်းချပြီး သုံးလမှစ၍လဲလှယ်မှု များပြားလာခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။ ''ဆင်းကတ်အရည်အသွေး မ ကောင်းတာလား၊သုံးစွဲသူတွေစည်း ကမ်းမရှိလို့လားဆိုတာတော့မသိဘူး၊ အနည်းဆုံး လဲလှယ်ပေးရတဲ့ နေ့ တောင်ကတ် ၃ဝ လောက်ရှိပါတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင် နီယာချုပ်တစ်ဦးက နည်းပညာ အခက်အခဲကြောင့်လည်း ဖြစ်နိုင် ကြောင်း၊ယင်းအခက်အခဲများကြောင့် ဆက်သွယ်ရေး အနေနှင့် ကတ်လဲ လှယ်မှုကို နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးကြောင်း ပြောသည်။

''ဖုန်းပင်န်လောခ့်ချနေရင်းနဲ့ ဘာမှ အသုံးပြုလို့မရဘူးဖြစ်သွား တယ်၊ ဆက်သွယ်ရေးကိုဖုန်းဆက် ပြီးမေးမြန်းတော့ကတ်ပျက်သွားတယ် ပြောတယ်။ ဒါနဲ့ရွှေဂုံတိုင်ဆက်သွယ် ရေးရုံးကိုသွားပြီးလဲလှယ်ခဲ့ရပါတယ်။ ငွေတစ်ကျပ်မှမကုန်ခဲ့ပါဘူး''ဟုအင်းစိန် မြို့နယ်မှ မဝေယံလင်းကပြောသည်။
ယင်းသို့ဆင်းကတ်ပျက်စီးမှု လဲလှယ်ရာတွင် ဆက်သွယ်ရေးမှ ထုတ်ပေးထားသည့် စာရွက်စာတမ်း အပြည့်အစုံနှင့် မှတ်ပုံတင်လိုအပ် မည်ဖြစ်ကြောင်း၊ ဖုန်းလိုင်းပြန်လည် ဖွင့်ပေးမှုမှာ ၂၄ နာရီမျှ ကြာမြင့် မည်ဖြစ်ကြောင်း၊ ဆင်းကတ်တွင် ရှိသည့် နံပါတ်များကြောင့် အလွယ် တကူ လုပ်ပေးနိုင်ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီ ယာချုပ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဖုန်းဆင်းကတ် ပျက်စီးမှုကို အခမဲ့ လဲလှယ်ပေးနေ သော်လည်း ကတ်ပျောက်ဆုံးမှုကိုမူ ကျပ်နှစ်သောင်းဖြင့် လျှောက်ထားရ မည်ဖြစ်ကြောင်း၊ ယင်းသို့လျှောက် ထားရာတွင်လည်းယခင်ဆက်သွယ် ရေးမှ ရောင်းချပေး ခဲ့သည့် ဖုန်းများ ကိုသာဆက်သွယ်ရေးလုပ်ငန်းတွင် လျှောက်ထားခွင့် ရရှိမည်ဖြစ်ပြီး တန်ဖိုးနည်းဖုန်းများအား သက်ဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီ များဖြစ်သည့်ရတနာ ပုံတယ်လီပို့နှင့် Elite Tech တို့တွင် လျှောက်ထားရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှသိရသည်။ လက်ရှိ တွင် တန်ဖိုးနည်း
ဖုန်းကတ်ပျောက် ဆုံးမှုလျှောက်ထားရာတွင် တစ်လ မျှအချိန်ကြာမြင့်နေကြောင်းရတနာပုံ တယ်လီပို့မှ စုံစမ်းသိရသည်။

No comments:

Post a Comment